4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

တိမ်စိုင် အနမ်းများ

image

မျက်ဝန်းလေးရွှန်းလဲ့လဲ့နှင့်မော့ကြည့်ကာ ဆိုလာတဲ့
ချစ်ဇနီးလေး ပျိုကို ကြည့်ပြီး တိမ်စိုင် မျက်နှာချောချောကြီးကလဲ
ကြည်နူးခြင်းနဲ့ပြုံးပျော်နေ၏။
သူ့နဲ့ပျို ကို ကြီးမြိုင်ကိုယ်တိုင်ပဲ မင်္ဂလာပွဲလေးလုပ်ပေးသဖြင့်
တိမ်စိုင်နဲ့ပျိုကညာ ပျော်ရွှင်စွာဖြင့် မင်္ဂလာပွဲကိုကျင်းပခဲ့ကြသည်။
မမဆွေကျေးဇူးကြောင့် ပျို အရင်းအလုပ်ကလူများလဲ
မင်္ဂလာပွဲကိုတက်ရောက်ကြပြီး အယ်ဒီတာဦးကျော်မင်းက
ပျို အလုပ်ပြန်ဝင်ဖို့ ဖိတ်ခေါ်သဖြင့် ပျိုက သူ့သဘောတဲ့။
သူ့က လက်ခံရင်း သတင်းထောက်အလုပ်ကို
ပြန်လုပ်မယ်ဟုပြောလိုက်တာကြောင့် ပျိုကို သူ့အတိုင်ထက်
အလွန်းချစ်မြတ်နိုးရသည်။
ပျို စိတ်ချမ်းသာရင်း သူ့ကလဲ စိတ်ချမ်းသာပြီးသား။
အားလုံး ပျိုသဘော ပျို ဆန္ဒပဲ။
အခုချိန်ကတော့ သူ့နဲ့ပျို မင်္ဂလာပွဲပြီးတော့ နောက်တနေ့
ဟန်နီးမွန်းထွက်ခဲ့ကြသည်။
ထို့နေရာလေးက မောင်းမကန် ကမ်းခြေကိုဖြစ်သည်။
သူ့ ဆောက်ထားတဲ့ဟိုတယ်မှာပဲ နူစ်ယောက်သားတည်းကြ၏။
ဟိုတယ်ပိုင်ရှင်က သူ့တို့အတွက် မင်္ဂလာလက်ဖွဲ့ဟုဆိုပြီး
နေစရိတ် စားစရိတ်အားလုံးအခမဲ့ပြုလုပ်ပေးသည်။
သူ့ ဘယ်လိုငြင်းဆိုလို့မှမရ။မတတ်သာသည့်အဆုံး တိမ်စိုင်လက်ခံလိုက်ရသည်။
ပျိုကတော့ ညီမလေး ခင်လုံးမေတို့ဖြင့် ပြန်တွေ့ရသဖြင့်
ပျော်ရွှင်နေသလို လုံးကလဲ သူအရမ်းချစ်ခင်ရတဲ့ ပျိုကညာနဲ့
တွေ့ရသဖြင့် ပျော်ရွှင်မဆုံးဖြစ်နေ၏။အခုလဲ ပျို လုံးတို့အိမ်ကို
ရောက်နေကြသည်။ညဆာဖိတ်ကျွေးသဖြင့် လာခဲ့ရ၏။
စားသောက်ပြီးတော့လည် လုံး ပျို အနားကပ်ထိုင်ရင်း……

''မမကို အကိုလေးနဲ့လက်ထပ်တဲ့အတွက် လုံးတော့
အရမ်း ဝမ်းသာတာပဲ……''

ပျို လုံးကိုပြုံးကြည့်ရင်း………

''လုံးကို မမမေးရအုံးမယ် အမှန်တိုင်ဖြေနော်…''

''ဟုတ်ကဲ့ မေးပါမမ ''

''မမ ဒီကမ်းခြေကိုပထမဦးဆုံးလာတော့ လုံးက မမကိုအစခနဲ့က
သိနေတာလား…''

ပျို အမေးကို လုံး တစ်ယောက် မလုံမလဲပြုံးရင်း……

''ဟုတ် သိတယ်…''

''ကြည့်စမ်း လုံးက မမကို မသိသလိုနဲ့လာဝင်ရောတယ်…''

''အကိုလေးတိမ်စိုင်က အဲ့လိုလုပ်ခိုင်းလို့ပါမမရဲ့…''

''လုံး အကိုလေးက သိပ်ပြီးဥာဏ်များတာပဲ
သူ့ကိုသူလဲ မုန်းမာန်တဲ့ မမကိုညာသေးတာ
သိပ်မုန်းဖို့ကောင်းတာပဲ…''

နှာခေါင်းလေးရှုံးကာပြောလာတဲ့ ပျိုကို လုံး ချစ်စနိုးကြည့်ရင်း……

''အကိုလေးက မမကိုသိပ်ချစ်လို့ပါ မမအကြောင်းကို
လုံးတို့ကိုအမြဲပြောပြတယ် မမဓာတ်ပုံကိုလဲပြထားတော့
လုံးက မြင်ဖူးနေတာပေါ့ အကိုလေးချစ်မယ်ဆိုလဲ
ချစ်စရာပဲ မမကသိပ်ချောတာ…''

''အံမယ် မြှောက်နေပြန်ပြီး လူကို ''

ပျို မျက်စောင်းလေးဝံ့ကာပြောလိုက်သည်။
လုံးက ပြုံးရင်း……

''မမြှောက်ပါဘူး လုံးက တကယ်ပြောတဲ့ဥစ္စာ
မမ နေမကောင်းဖြစ်တာကိုလဲ အကိုလေး ဖုန်းဆက်ပြောပြလို့
သိတယ် လုံးဘယ်လောက်မှစိတ်မကောင်းဘူး
အမြဲဆုတောင်းတယ် မမအမြန်နေကောင်းပါစေလို့…''

''ကျေးဇူးတင်ပါတယ် လုံးရယ် ''

''ရပါတယ်မမရယ် ဒီမှာကြာကြာနေနော် ''

''လုံး အကိုလေးသဘောပဲ ''

''ဟွန့် အကိုလေးကိုပြောတော့လဲ မမသဘောတဲ့
တစ်ယောက်နဲ့တစ်ယောက်ဟုတ်နေတာပဲ…''

နူတ်ခမ်းလေးစူကာ ပြောလာတဲ့ လုံးကိုကြည့်ပြီး ပျို သဘောကျစွာ
ရယ်မိသည်။

''ဟေ့ ဘာတွေသဘောကျပြီး ရယ်နေတာလဲ ပြန်မယ်ကွ…''

ဘဘနဲ့ဒေါ်လေးတို့စကားပြောပြီး ပျိုတို့အနားလာကာ
မေးလိုက်တဲ့ တိမ်စိုင်ကိုကြည့်ပြီး ပျို ပြုံးပြရင်း…

''ဘာမှမဟုတ်ပါဘူး မုန်းမာန်ဆိုတဲ့လူတစ်ယောက်အကြောင်းကို
ပြောပြီးရယ်နေတာ အဲ့ဒီလူက လူလိမ် လူညာကြီးလို့
အပေါင်းသင်မလုပ်ဖို့ လုံးကို သတိပေးနေတာ…''

တိမ်စိုင် တစ်ချက်ပြုံးလိုက်ပြီး……

''ဒီလောက် ခင်ဖို့ကောင်းတဲ့လူကိုကွာ ဘာမဟုတ်တာတွေ
ပြောနေတယ်မသိ ကဲ လာပြန်မယ် …''

လက်ကိုလာဆွဲသဖြင့် ပျို ထရပ်လိုက်ရသည်။

''လုံး မမပြန်မယ်နော် နောက်နေ့မှ ပြန်လာခဲ့မယ်…''

''ဟုတ်မမ…''

ပျိုတို့ လုံးကိုနူတ်ဆက်ပြီး ဟိုတယ်ဘက်ကိုပြန်လာခဲ့ကြသည်။
နေဝင်ရိုးရီအချိန်ဖြစ်သဖြင့် ငှက်ကလေးများက အိပ်တန်းတက်ဖို့
ကိုယ်စီးပြန်သန်နေကြ၏။ပျိုက ပင်လယ်ပြင်ကြီးကို တစ်ချက်ကြည့်ပြီး……

''ပျိုတို့ ကမ်းခြေဘက်သွားကြအုံးစို့…''

''ဟာ ဘာလို့သွားနေမှာလဲ ပြန်ကြစို့ပါ…''

''ခဏလေးပါ တိမ်စိုင်ရဲ့ ခဏလေးပဲ…''

''ဟင့်အင်း ခဏလေးလဲမသွားချင်ဘူး ကိုယ်အိပ်ချင်နေပြီးကွ…''

''ဟင် အစောကြီးပဲရှိသေးတဲ့ဟာကို…''

ပျို အံ့သြသလို ပြောတော့ တိမ်စိုင် ပျိုကို ပြုံးစိစိနဲ့ကြည့်ရင်……

''အခုတလော ကိုယ်ကစောစောပဲအိပ်ချင်နေတယ်…''

ဘာလိုလို သူ့စကားကြောင့် ပျို သူ့ကိုချစ်စဖွယ်မျက်စောင်းထိုးကာ
တိမ်စိုင် ဗိုက်ကိုဆွဲလိမ်လိုက်သည်။

''အား နာလိုက်တာ အမှန်တိုင်ပြောတဲ့ဟာကို
ကိုယ်ဗိုက်ကိုလိမ်ဆွဲရသလားမိန်းမရ…''

''တိမ်စိုင်နော် ဘာမိန်းမလဲ သွား…''

ပျို ရှက်သွေးဖြန်းကာ တိမ်စိုင်ကိုယ်ကြီးကိုတွန်းလွှတ်လိုက်၏။
တိမ်စိုင် အရှက်သဲသွားတဲ့ပျို မျက်နှာလေးကိုသဘောကျစွာ
ကြည့်ရင်း ရယ်လိုက်သည်။

''သိပ်ပျော်နေကြလား…''

''ဟင်…''

ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကြောင့်ပျိုနဲ့တိမ်စိုင်လှည့်
ကြည့်လိုက်ကြသည်။

''ဟင် ဦးဟိန်းခန့်…''

မှန်သည်။ဟိန်းခန့်က တစ်ခြားလူနူစ်ယောက်နဲ့ဝန်းရံကာ
သူ့တို့အနားကိုလျှောက်လာတာကို တွေ့လိုက်ရသည်။
တိမ်စိုင် ပျိုကို သူ့နောက်သို့အသာပို့လိုက်ရင်း……

''ခင်ဗျား ဒီကိုဘာလာလုပ်တာလဲဦးဟိန်းခန့်…''

ဟိန်းခန့် မဲ့ပြုံး ပြုံးရင်း………

''ကြင်စဦး ဇနီးမောင်နှံကို လာပြီး ဂုဏ်ပြုတာ
ဟေ့ ကြာတယ် အဲ့ကောင်ကို သတ်ပစ်ကြစမ်း…''

''ယီ ယား '''

မာန်သွင်းကာ ပြေးလာကြတဲ့ နူစ်ယောက်ကို တိမ်စိုင်
အသင့်အနေထားနဲ့ ဆီကြိုကာ ပျိုကို ခပ်လှမ်းလှမ်း တွန်းပို့၍
အနားရောက်လာတဲ့နူစ်ယောက်ကိုဆီ၍ကန်ပစ်လိုက်သည်။

''အ ''

''ဖုတ် ''

တိမ်စိုင် သဲပြင်ပေါ်လှဲကျသွားတဲ့နူစ်ယောက်ကို
အထမခံပဲ ဆက်၍ဗိုက်ပြင်းများကိုကန်ထည့်လိုက်၏။

''အား တိမ်စိုင် နောက်မှာ…''

ပျိုရဲ့ အလန့်တကြားသတိပေးသံကြောင့် တိမ်စိုင် ချာခနဲ့
နောက်လှည့်ကြည့်ပြီး သူ့ကို ဓါးဖြင့်ထိုးလိုက်တဲ့ ဟိန်းခန့်အား
အသာကိုယ်ကိုယိမ်ပြီး ရှောင်တိန်း၍ လက်ဖဝါးစောင်းနဲ့
ဟိန်းခန့် ဂုတ်ကိုရိုက်ချလိုက်သည်။
ဟိန်းခန့် ရှေ့ကိုငိုက်သွားရာမှ ပြန်လှည့်၍ တိမ်စိုင်ရင်ဘက်ကို
ဓါးဖြင့်ဝေ့ရမ်းလိုက်၏။တိမ်စိုင် ကမန်းကတန် ခါးကော့
နောက်ကျွမ်းပစ်လိုက်ကာ ရှောင်တိန်းလိုက်ရသည်။

''မင်းကို ငါသတ်ပစ်ရမှ ကျေနပ်မယ် စိတ်အေးမယ်တိမ်စိုင်
မင်းသေရင်း ပျိုကညာကို ငါအပိုင်သိမ်းလို့ရပြီး
ငါ လုပ်ခဲ့သမျှအားလုံးလဲ နူတ်ပိတ်ပြီးသားဖြစ်တာပေါ့
ဒီတော့ မင်းကိုငါသတ်မယ်…''

သွေးရူး သွေးတန်နဲ့ပြောကာ ကမူးကထိုး ဓါးကိုဝေ့ယမ်းပြီး
လာတဲ့ ဟိန်းခန့်ကိုကြည့်ပြီး တိမ်စိုင် သတိထား၍
ရှောင်နေရသည်။လှဲကျနေတဲ့ နူစ်ယောက်ကလဲ
ပြန်ထ၍ သူ့ကိုတိုက်ခိုက်သဖြင့် သုံးယောက်နဲ့တစ်ယောက်
ဖြစ်နေ၏။ပျို တိမ်စိုင် ကိုစိုးရိမ်ကာ ကြောင်ကြည့်နေရာမှ
အသိဝင်ကာ ဘေးပတ်ဝန်ကျင်းကိုဝေ့ကြည့်ကာ……

''လာကြပါအုံး ဒီမှာ အနိုင်ကျင့်နေလို့…''

''ဟိတ် ပျိုကညာ မင်းပါးစပ်ကိုပိတ်ထားစမ်း…''

''ဟိန်းခန့် မင်း ပျိုကိုလက်ဖျားနဲ့တောင်းထိဖို့မကြိုးစားနဲ့…''

ဟိန်းခန့် က ပျိုထံသွားသဖြင့် တိမ်စိုင် ပျိုအတွက်စိုးရိမ်ကာ
ပျိုအနားကိုအသွား တစ်ယောက်က လှမ်းကန်လိုက်သဖြင့်
တိမ်စိုင် ဒူးညွတ်ကွေးသွားသည်။
နောက်ထပ်လာတဲ့ လက်သီးချက်ကိုတိမ်စိုင်မရှောင်နိုင်။

''ခွပ်…''

''တိမ်စိုင်…''

ပျို စိုးရိမ်တကြီးနဲ့အော်ကာ အနားကိုပြေးလာသဖြင့်
တိမ်စိုင် အလန့်တကြားပျို ကိုကြည့်ကာ……

''မလာနဲ့ ပြေး ပျို ပြေးတော့…''

တိမ်စိုင် တားသော်လည် ပျိုကမပြေးပဲ သူ့ထံအပြေးလာနေသဖြင့်
တိမ်စိုင် နောက်ထက်ဝဲကျလာတဲ့လက်ကို ဖမ်းဆုတ်၍
လိမ် ကျိုးပစ်လိုက်သည်။

''အား ''

ဒူးထောက်ဖြစ်နေရာမှ ဆက်ခနဲ့ထပြီး သူ့ကိုလာကန်တဲ့
ခြေထောက်ကို ခြေကွေး၍ဖမ်းလှည့်လိမ်လိုက်၏။

''အ ''

တိမ်စိုင် ပျို ကိုဖမ်းချုပ်ရန်ကြိုးစားနေတဲ့ ဟိန်းခန့်ထံပြေး၍
ကန်ပစ်လိုက်သည်။ဟိန်းခန့် သဲပြင်ပေါ်တစ်ပတ်ပစ်ကျ
သွားပြီး ဓါးကိုတင်းကျပ်စွာကိုင်၍ ပြန်အထ……

''ဟေ့ ရပ်လိုက်စမ်း …''

ဟိန်းခန့် ရပ်တန့်သွားပြီး လစ်ပြေးရန်ကြံလိုက်သည်။
ဒါပေမယ့် အနားရောက်လာကြတဲ့လူတစ်စုက ဝိုင်းဖမ်းလိုက်ကြ၏။ပျို တိမ်စိုင်အနားကိုပြေးလာသည်။

''တိမ်စိုင် ဘာဖြစ်သွားသေးလဲဟင် ''

စိုးရိမ်စွာမေးလာတဲ့ ပျိုကို ပြုံးပြပြီး……

''ဟင့်အင်း ကိုယ်ဘာမှမဖြစ်ပါဘူးပျိုရဲ့…''

''သြော် ဘယ်သူများလဲလို အင်ဂျင်နီယာကိုတိမ်စိုင်တို့
ဇနီမောင်နှံပါလား…''

သူ့နဲ့ရင်းနှီတဲ့ ကမ်းခြေ လုံးခြုံရေးလူကြီးဦးသောင်းထွန်း။
တိမ်စိုင် ပြုံးပြလိုက်ရင်း…

''ဟုတ်ကဲ့ ကျွန်တော်တို့ကိုကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်
အန်ကယ်……''

''ရပါတယ်ဗျ ကျွန်တော်တို့ကိုလဲ ကလေးတစ်ယောက်က
လာပြောလို့အမြန်ရောက်လာတာပါ ဘာများ ထိခိုက်သွားသေးလဲဗျ…''

''ကျွန်တော်ဘာမှမထိခိုက်ပါဘူး ''

''အခုကိစ္စကိုဘယ်လုပ်ချင်လဲ မောင်တိမ်စိုင်…''

''သက်ဆိုင်ရာကိုသာအပ်လိုက်ပါ သူ့ကိုဥပဒေအတိုင်
ဆောင်ရွက်ပါလိမ့်မယ်အန်ကယ်…''

''ကောင်းပါပြီး ခွင့်ပြုပါအုံး…''

''ဟုတ်ကဲ့…''

လုံးခြုံရေးများဆွဲခေါ်ရာနောက်ပါသွားရင်း သူ့ကို မကျေနပ်စွာ
ကြည့်လိုက်တဲ့ဟိန်းခန့်ကို တိမ်စိုင်အပြစ်မမြင်ပါ။
လူတွေက တစ်ခါတစ်လေ တစ်စုံတစ်ခုကိုအကြောင်းပြုပြီး
ရူးသွပ်တတ်ကြသည်။
ဟိန်းခန့်လဲ ဒီလိုပဲ စိတ်စွဲလန်းရာတစ်ခုကြောင့် ယခုကဲ့သို့
အပြုမူကို ပြုခြင်းဖြစ်သည်။
မင်းအတွက် ငါစိတ်မကောင်းပါဘူးဟိန်းခန့်။
ဒါပေမယ့် မင်းပြုမူတဲ့အပြုမူတွက် မင်းကိုယ်တိုင်ခံရမှာပဲ။
တိမ်စိုင် ပျိုလက်ကိုဆွဲ၍သူ့တို့ တည်းခိုတဲ့ဟိုတယ်ကို
ပြန်ခဲ့တော့သည်။

ဟိုတယ်ရောက်တော့ ပျို သူ့ပါးကညိုစွဲနေတဲ့ဒဏ်ရာလေးကို
လက်ကလေးနဲ့အသာတိုထိကြည့်ပြီး ကျပ်ပူတိုက်ပေးရင်း……

''အရမ်းနာနေလားဟင်…''

''မနာပါဘူးပျိုရဲ့ ''

''သူ့က ဘာကြောင့်ဒီလိုလုပ်ရတာလဲမသိဘူး ''

''စိတ်စွဲလန်းမူကြီးလို့ပေါ့ ဒါပေမယ့် အခုချိန်ကစပြီး
ပျိုဘာမှစိုးရိမ်စရာမလိုတော့ဘူးနော် သူ့မိုက်ပြစ်ကိုသူ
ခံသွားရပြီး စိုးရိမ်စရာမရှိတော့ဘူး ''

''စိုးရိမ်တာကတော့အရမ်းပဲ တိမ်စိုင်သာတစ်ခုခုဖြစ်သွားရင်း
ပျိုရင်ကျိုးမှာ…''

တိမ်စိုင် ပျိုလက်နူစ်ဖက်ကိုကိုင်ကာ ပျိုကိုကြည့်ရင်း……

''အဲ့လောက်တောင်ပဲလားပျိုရဲ့ ဒီလောက်တောင်ပဲလား ''

''တိမ်စိုင်ကို ပျိုဘယ်လောက်ချစ်တယ်ဆိုတာ
ပျို သည်းလွှာထက်မှာလဲ ချစ်အက္ခရာတွေ အကြိမ်ကြိမ်ရေးထိုးခဲ့ပြီးပြီ ဒါကိုတိမ်စိုင်က
မယုံလို့လားဟင် ''

မျက်နှာလေးညိုးကာမေးလာတဲ့ ပျိုကိုပြုံး၍ကြည့်ရင်း
တိမ်စိုင် ထိုင်နေရာမှထကာ ပျိုမျက်နှာလေးပင့်မော့ယူ၍……

''မယုံလို့လားလို့ မမေးပါနဲ့ပျိုရဲ့ ပျိုရဲ့အချစ်ကိုဘယ်တုန်းကမှ
သံသယမဝင်ခဲ့ပါဘူး ပျိုကိုချစ်တဲ့ကိုယ်ရဲ့အချစ်ကလဲ
ကိုယ်နှလုံးသားထဲမှာ ပြည့်နက်နေတယ်ဆိုတာကို
ပျိုယုံတယ်မဟုတ်လား…''

''ယုံတယ် သံယောဇဉ်နဲ့စတည်ခဲ့တဲ့ပျိုတို့ရဲ့အချစ်တွေက
ကမ္ဘာတည်သ၍ခိုင်မြဲနေမယ်ဆိုတာကိုပျိုယုံပါတယ်တိမ်စိုင်ရယ်…''

''ကိုယ်ကတော့ ကိုယ်တို့ရဲ့အချစ်တွေ အက္ခရာမမှားတာကိုပဲ
ဝမ်းသာကြည်နူးမိတယ်…''

''မှားစရာလားတိမ်စိုင်ရဲ့ ပျိုအချစ်တွေက အသည်းလွှာထက်မှာ
ငယ်ငယ်ခနဲ့ကအက္ခရာထိုးပြီးသား တိမ်စိုင်သာ အချစ်ကို
ကစားလိုက်သေးတာ နောက်တော့ သူ့မဟုတ်သလိုပဲ
လူကို အသဲအသန်ချစ်ပြနေတာ မုန်းစရာကြီး ဟွန့်…''

စံနဲ့ပတ်သက်ခဲ့မိတာကို မကျေနပ်သလိုမျက်စောင်းလေးဝင့်ကာ
ပြောလာတဲ့ ပျို ချစ်မြတ်နိုးစွာကြည့်ရင်း……

''တောင်းပန်ပါတယ်ပျိုရယ် ဒါပေမယ့် ငါရဲ့စစ်မှန်တဲ့ချစ်ခြင်းတွေက ပျိုဆီမှာပဲ ကျရောက်ခဲ့တာဟာ
ပျိုကို သိပ်ချစ်လို့ဆိုတာယုံ…''

''ယုံချင်စရာတော်တော်ကောင်းတယ် မပြောလိုက်ချင်ဘူး…''

''ပျိုနော် ငါအချစ်ကိုမယုံဘူးလားပြော ''

''ဟင့်အင်း ယုံဘူး …''

ခေါင်းလေးယမ်းကာ သူ့ကိုပြုံးစိစိနဲ့ကြည့်ကာ နှာခေါင်းလေးရှုံ့၍
ပြောလိုက်တဲ့ပျို ပုံစံလေးကို တိမ်စိုင် အသဲယားသွားပြီး
ပျိုကို ချစ်တဲ့စိတ်တွေမထိန်းနိုင်တော့ပဲ ပျိုကိုယ်လေးကို
ဆက်ခနဲ့ပွေ့ချီကာ ဖဲမွေ့ယာထပ်ချရင်း သူ့ ပျိုကိုယ်ပေါ်စီးမိုးလိုက်၏။
မျက်လုံးလေးဝိုင်းကာ မော့ကြည့်လာတဲ့ ပျိုကို ချစ်ရိပ်ရစ်မူးနေတဲ့
မျက်ဝန်းညိုကြီးနဲ့ကြည့်ရင်း……

''သိပ်ချစ်တယ်ပျိုရယ် အရမ်းချစ်တာပဲဗျာ……''

ရစ်ရစ်မူးမူးပြောကာ နူတ်ခမ်းလေးကိုအငမ်းမရနမ်းရှိုက်လာတဲ့
တိမ်စိုင်ကိုယ်ကြီးကို မမှီတစ်မှီသိုင်းဖက်ကာ
ပျိုလဲ အရမ်းချစ်ပါတယ်ဆိုတဲ့စကားကို မပြောတော့ပဲ
သူ့အချစ်တွေထက် ပျိုအချစ်တွေကလဲမလျော့တဲ့အကြောင်းကို
တစ်လကြမ်းနမ်းရှိုက်နေတဲ့ တိမ်စိုင် အနမ်းများကို
မျက်ဝန်းလေးမှိတ်ပြီး ညိမ်သက်စွာခံယူရင်း
ပျို သက်သေပြလိုက်လေတော့သည်။

2 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: