Community post
Everyone Crazy.....
သူဌေး

ငါတို့တွေ ဆိုတာ နည်းအမျိုးမျိုး နဲ့ ချမ်းသာလာကြတာပါ။ အရင်က ဆင်းရဲပြီး သောက်စရာ ရေတောင် မရှိ တဲ့ ဘဝ ကနေ ကြိုးစားလိုက်တာ အခုတော့် သူဌေးကြီးဖြစ်သွားပြီ။ အခုထိလဲ ကြိုးစားနေတုန်း။
လူသာအရင်းအမြစ် ကို အခြေခံပြီး၊ တိုးတက်လာလိုက်တာ အတုယူစရာပါဘဲ။ ဒါပေမဲ့ လူတွေ တော်ကြပေမဲ့၊ လူဆိုတဲ့ အဓိပ္ပာယ် ကို မသိကြတော့်ပါဘူး။ အတ္တ သမားတွေ ဖြစ်လာပြီး စိတ်ကြီးဝင်နေပါပြီ။
သူတို့ အိမ်နီးနားချင်း ဆင်းရဲတဲ့သူတွေကို အောက်ဓျေးနဲ့ ခေါ်ခိုင်း၊ ချမ်းသာတဲ့သူတွေကို လာနေခိုင်း၊ အိမ်သားအဖြစ်သတ်မှတ်ပေးတယ်။ ဆင်းရဲတဲ့ဟာဆိုရင် လာရာလမ်းကိုပြန်ပေါ့်။
ဘယ်လိုချမ်းသာလာလဲ၊ စဉ်းစားကြည့်ကြရအောင်။
ဘယ်လို ချမ်းသာ ချမ်းသာ၊ မှောင်ခို၊ ဓါးမြ၊ ဘိန်းကုန်သယ်၊ သူခိုး ဘယ်သူဖြစ်ဖြစ် လာနေလို့ရတယ်၊ သူ့အိမ်မှာ မလုပ်ရင်ပြီးရော။
စီးပွားရေးကြတော့် ပထမ ၁၀ နှစ် က အလကားနီးနီး နဲ့ လာပြီး ရင်းနှီးမြှုပ်နှံခိုင်းတယ်၊ အားလုံး ဆောက်ပြီး တကယ်လုပ်ငန်းလယ်ပါတ်လို့ ရရော မူပြောင်းတယ် အခွန်နဲ့ မြေငှားက တက်သွားပါလေရော။
အဲလိုနဲ့ ကုပ္မဏီကြီးတွေ ပိုက်ဘောမိကြတော့်တာပါဘဲ။
တို့လို ဆင်းရဲသားတွေကိုတော့် သူတို့တွေ မလုပ်ခြင်ကြတဲ့ အလုပ်တွေ ကို အောက်ဓျေးနဲ့ ခိုင်းတာပေါ့်။ ဆိုတော့် အလုပ်ရှင်တွေ အတွက် ခံသာတာပေါ့်။
သူတို့က ကိုယ့်ဒူး ကိုယ်ချွန် ပြီးကြီးပွားလာပေမဲ့ လူလည်ကြ၊ လက်တလုံးကြားလုပ်ပြီးချမ်းသာလာတော့် ၊ သူများတိုးတက်မှာ အရမ်းကြောက်တာ။ သူတို့စားပေါက်ပိတ်ပြီး သူများတွေဆီမှာ ကျွန်ခံရမှာ စိုးလို့လေ။
သူတို့ဆီက သောက်စရာ ရေတောင် မထွက်တာ။
တို့ဆီက သူခိုးတွေရဲ့ ငွေမဲ ကို ငွေဖြူလုပ်လို့ရတာ ဒီနိုင်ငံ လဲထိပ်ဆုံးကပါဘဲ။ ပိုက်ဆံ ရဖို့ဆိုရင် ဘာမဆိုလုပ်ကြတာပါ။ တို့ဆီက ခွေးရူးကလဲ ဘာမဆိုလုပရဲတယ်လို့ အတည်အလင်းပြောထားတာနော်။
တို့ဆီက အာဏာရူး၊ ဒီကတော့် ငွေရူးပါ။
Replies (4)
Electronic-terrorism, voice to skull and neuro monitoring on Hive and Steem. You can ignore this, but your going to wish you didnt soon. This is happening whether you believe it or not. https://ecency.com/fyrstikken/@fairandbalanced/i-am-the-only-motherfucker-on-the-internet-pointing-to-a-direct-source-for-voice-to-skull-electronic-terrorism
အများစုက ခရိုနီ နဲ့ လက်တလုံးခြား လုပ်ရင်း တက်လာကြတာကြီးပါပဲဗျာ ။ ထိုယ်ထူးကိုယ်ချွန်တွေတော့ ဒီနေရာကနေပဲ လေးစားလျှက်ပါ။
လူတိုင်းက တစ်ခုမဟုတ် တစ်ခုတော့ ရူးနေကြတာပါပဲ ကျွန်တော်လည်း ဘာရူးနေလဲတော့ မသိသေးဘူး 😁
ဟုတ်တယ်ဗျ ထောက်ခံတယ် ငွေရူးက ဘယ်နိုင်ငံလဲ