4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Parent Love

image
" ​​​​မိဘတို့၏ ​မေတ္တာ ဘယ်လိုတုနိုင်းမှာ "

ကမ္ဘာ​ပေါ်မှာ အချစ်​ဆုံးထက်
အမွန်​မြတ်​ဆုံးနဲ့ လဲလည်​ခဲ့သလို
ရယူခြင်းမရှိတဲ့ စိတ်​ထား​တွေနဲ့
ထာဝရတိုင်​​ထိ ထုတ်​​ဖော်​ပြခဲ့တယ်..။

နှလုံးသား​ပေါ်က ပန်းချီကားတစ်​ချက်​ကို
အဖြူ​ရောင်​​​မေတ္တာ​တွေနဲ့ ​ဆေးခြယ်​ခဲ့သလို
အတိုင်းတာမရှိတဲ့ သံ​ယောဇဉ်​​တွေနဲ့
နိုင်းတုစရာမရှိ​အောင်​ ​ရေးဆွဲခဲ့တယ်​..။

မရှိနွမ်းပါး ဝမ်း​ရေးခက်​သလို
ကြုံရာကျပန်​ မငတ်​​ရေးအတွက်
ရုန်းကန်​လှုပ်​ရှာ ​ချွေးစက်​​​တိုင်းက
သားသမီးအတွက်​ဆို ပြုံးပျော်​​ခဲ့တယ်​..။

ပင်ပန်းတဲ့အလုပ်ကို ရှေ့ကဦးဆောင်လုပ်ရင်း
သားသမီးတွေကို အရိပ်ထဲမှာနေရာပေးခဲ့တယ်
မိဘရှိသေးတဲ့ သားသမီးများ
အချိန်မနှောင်းခင် သိစေချင်လိုက်တာ.........
image
photo credit from google image

Author @patrickshar
MSU No - 19



27 upvotes $0.22

Replies (12)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: