4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Supporting for PDF

Let’s get our fellow Myanmar brothers and sisters home safe. Let’s win this revolution together and abolish dictatorship once and for all.

စစ်မြေပြင်မှာ ရန်သူကို မျက်နှာချင်းဆိုင် သူသေကိုယ်ရှင် တိုက်နေရတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်သား PDF တွေရဲ့ နောက်ကျောဘက်မှာ ရှိနေပြီး ထောက်ပို့တပ်သား တာဝန် ထမ်းဆောင်ရတာ ဂုဏ်ယူစရာပါ ။
ကျွန်တော်ကတော့ လိပ်ပြာလုံဖို့ နှင့် မျိုးဆက်သစ်နိုင်ငံအတွက် သဲတပွင့်မျှ ပါဝင်ခြင်းမျှသာပါ။

"တလှိုင်းပြီး တလှိုင်းလာမယ်” ဆိုတဲ့အတိုင်းပဲ လက်ရှိမှာ စစ်ရေးအခြေအနေဟာ အရှိန်အဟုန် အလွန်ကို မြင့်မားလျက်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ မြေပြန့်ထိုးစစ်ဟာလည်း ဗျူဟာကျ လှုပ်ရှားလျက်ရှိပါတယ်။ ဒါဟာ ရှေ့ကာလတွေမှာထဲက ထောက်ပို့တပ်သား ရဲဘော်တို့ရဲ့ ပါဝင်တာဝန်ယူမှု အကျိုးဆက်လည်း ဖြစ်ပါတယ်။ ဒီအတွက် ထပ်မံ ကြိုးစားကြရပါဦးမယ်။

ဒီတကြိမ်တော့ July and August အတွက် နှစ်လစာ တခါတည်း ထောက်ပို့ ဖြစ်ခဲ့ပါတယ်။
တလလျှင် မြန်မာငွေ ၄၀၀၀၀ ကျပ်နှုန်းနဲ့ပါ။
Hive ဈေး ကျနေသေးတော့ ရောင်းချရမှာ နှမြောနေခဲ့မိတယ်။
ဒါနဲ့ Launch pool ထဲ ထည့်ထားတဲ့ BNB 25$ ဖိုးလောက် ရောင်းထုတ်ပြီး Spring Development Bank ထဲ လွှဲပို့ခဲ့ပါတယ်။
ပြီးမှ MMK change က ထောက်ပို့ခြင်း ဖြစ်ပါတယ်။

ဒီလအတွက် နွေဦးထီကိုတော့ ၈၂ စောင် ထိုးဖြစ်ခဲ့ပါတယ်။
ကိုယ်တိုင်အတွက်တော့ မဟုတ်ပါဘူး။
အစောင်ရေ ၈၀ ကို အခြား ကံစမ်းလိုသူတွေကို ရောင်းပေးခဲ့တာပါ။
နွေဦးထီ ပေါက်ရင်တော့ ပျော်စရာကောင်းမှာပဲ။

လာပါ... ငါတို့ အတူတူ ရုန်းမယ် ရဲဘော်ရေ။

15 upvotes $0.08

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: