4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အီရန်

၂၀၁၄ ခုနှစ်က အီရတ်တွင် အိုင်အက်စ် စစ်သွေးကြွများ၏ ပြန်ပေးဆွဲ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ဆောက်လုပ်ရေး ဝန်ထမ်း ၃၉ ဦးစလုံး သေဆုံးသွားပြီဟု အိန္ဒိယ အစိုးရက အတည်ပြု ကြေညာခဲ့သည်။

မိုဆူးလ်မြို့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရချိန် ကတည်းက အဆိုပါ လူ ၃၉ ဦး၏ သတင်းမှာ အစအန ပျောက်ကွယ်နေခဲ့သည်။ သို့သော် အိန္ဒိယ အစိုးရက ဆောက်လုပ်ရေး ဝန်ထမ်းများ အသက်ရှင်နေဆဲဆိုသည့် မျှော်လင့်ချက်ကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။

မကြာသေးမီကမူ မိုဆူးလ်၌ အစုလိုက် အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းနေရာဟောင်း တစ်ခုကို ရှာတွေ့ခဲ့ပြီး DNA တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ အိုင်အက်စ်တို့ ဖမ်းဆီးသွားသည့် အိန္ဒိယ နိုင်ငံသားများဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မား ဆွာရက်ဂ်ျက ပျောက်ဆုံးနေသူများအနက် ၃၈ ဦး၏ အလောင်းများကို ရှာတွေ့ခဲ့ပြီဟု DNA စစ်ဆေးမှုများအရ အတည်ပြုနိုင်ကြောင်း၊ ၃၉ ဦးမြောက် ပျောက်ဆုံးနေသူနှင့် ပတ်သက်၍မူ DNA ရလဒ်များက ၇၀ ရာခိုင်နှုန်းထိ မှန်ကန်နိုင်သည်ဟု ညွှန်ပြနေကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဆွာရက်ဂ်ျသည် အိုင်အက်စ်များက အိန္ဒိယ ဝန်ထမ်းများကို သတ်ဖြတ်ခဲ့သည့် အထောက်အထား ရှာမတွေ့ကြောင်း လွှတ်တော်၌ ပြောကြားခဲ့ဖူးသည်။ ထို့အပြင် အစိုးရ အနေဖြင့် မိမိတို့၏ နိုင်ငံသားများကို အသက်ရှင်လျက် ရှာတွေ့နိုင်မည့် မျှော်လင့်ချက်ကို စွန့်လွှတ်မည် မဟုတ်ဟုလည်း သူမက ကတိပြုခဲ့သည်။

အရှေ့အလယ်ပိုင်း ဒေသတွင် သွားရောက် အလုပ်လုပ်နေသည့် အိန္ဒိယ နိုင်ငံသားများစွာ ရှိနေပြီး ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ်တို့ ခေါင်းထောင်လာချိန်၌ ၎င်းတို့သည်လည်း အခြား နိုင်ငံခြားသားများနည်းတူ အကြမ်းဖက် အုပ်စု၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင်မူ အိန္ဒိယ အစိုးရ၏ တောင်းဆို ညှိနှိုင်းမှုဖြင့် အိန္ဒိယ သူနာပြု ၄၆ ဦးကို အီရတ်တွင် ပိတ်မိနေရာမှ ပြန်လည် ထွက်ခွာရန် အိုင်အက်စ် စစ်သွေးကြွများက ခွင့်ပြုခဲ့ဖူးသည်။

8 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: