4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အကောင်းမြင်မှု

image
ကျွန်မတို့လူတွေဟာ အရာရာကို positive thinking အနေနဲ့တွေးကြတာထက် negative ဘက်ကမြင်ကြတာ တွေးခေါ်ကြတာပိုများပါတယ်။ ပြသနာတခုခုအပေါ်မှာပဲဖြစ်စေ ကိစ္စရပ်တခုခုမှာပဲဖြစ်စေ စိုးရိမ်မှုတွေနဲ့ ဘာများဖြစ်သွားမလဲဆိုတာမျိုး မကောင်းတဲ့ဘက်ကစပြီးတွေးမြင်လိုက်ကြတော့တာပါပဲ။ တကယ်တော့ အကောင်းမြင်စိတ်ဆိုတာ မွေးမြူလေ့ကျင့်သင့်တဲ့အရာတခုပါ။ အကောင်းမြင်တတ်ခြင်းဟာ ပထမဆုံးအနေနဲ့တော့ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာရစေပါတယ်။ ပေါ့ပါးစေပါတယ်။ ရေခွက်ထဲမှာ ရေတဝက်ရှိရင် အကောင်းမြင်တတ်တဲ့သူဟာ ရေတဝက်ကြီးများတောင်ရှိသေးတာပဲဆိုပြီးမြင်ပါလိမ့်မယ်။ negative ဘက်ကမြင်မယ့်သူကတော့ ရေတဝက်ပဲကျန်တော့တယ်ဆိုပြီး သူစိတ်တွေဟာ စိုးရိမ်သောကရောက်ပြီး ပင်ပန်းရပါလိမ့်မယ်။
image
အိုင်းစတိုင်းက ပြောတယ်။ "မကောင်းမြင်တတ်တဲ့ သူတွေနဲ့ ဝေးဝေးနေပါ။ သူတို့အတွက်က ကိစ္စတိုင်းက ပြဿနာချည်းပဲ"တဲ့။ မှန်ပါတယ် စိတ်မဖြေတတ်ရင် မနေတတ်ရင် အရာအားလုံးဟာ စိတ်မသက်သာရစရာပြသနာတွေကြီးပါပဲ။ လူရယ်လို့ဖြစ်လာကြရင် ကျွန်မတို့တတွေဟာ အသက်တရာမနေရ အမှုတရာပွေရဆိုသလို ပြသနာ အခက်အခဲဆိုတာရှိနေမှာပါ ရင်ဆိုင်ရမှာပါ။
ဒီတော့ ရင်ဆိုင်ရမယ့်အတူတူ ကျွန်မတို့ ဘာကြောင့်များ အဆိုးတွေတွေးပြီး စိတ်အပင်ပန်းခံကာ သောကတွေနဲ့ရင်ဆိုင်မလဲနော်။ အခက်အခဲတခုကြုံလာတိုင်း ငါ့ဘဝကိုတဆင့်မြင့်ပေးဖို့ ငါ့ကိုစမ်းသပ်နေတာပဲလို့ ခံယူလိုက်ပြီး ဘယ်လိုရင်ဆိုင်မလဲ အဖြေကိုဘယ်လိုရနိုင်လဲဆိုတာကို တည်တည်ငြိမ်ငြိမ်နဲ့ အဖြေရှာကြတာပိုကောင်းတာပေါ့နော်။ ပြသနာတွေကလဲကွာ ငါ့ဆီမှလာလိုက်တာ။ အဆင်မပြေမှုတွေကလဲကွာ ငါ့ကျမှဖြစ်လိုက်တာဆိုပြီး အပြစ်တင်မရတဲ့အရာတွေကို ပြစ်တင်ဝေဖန်နေပြီး ငြီးတွားနေမယ့်အစား အခက်အခဲတခု လောကဓံတခုကြုံလာတိုင်း အော်ဒါဟာ ငါ့ဘဝတိုးတက်ဖို့ လှေကားတဆင့်ထပ်ပေါ်လာတာပဲလို့တွေးလိုက်ရင် ရင်ဆိုင်ရတာဟာ ပိုပြီးပေါ့ပါးသက်သာသွားပါလိမ့်မယ်။ ကျွန်မကိုယ်တွေ့ပါ။ ၂၀၁၇ဟာ ကျွန်မအတွက် အလွန်ခက်ခဲတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ အစစအရာရာ အဆင်မပြေဘူးပေါ့ရှင်။ ကျွန်မဟာအခက်အခဲတခုကြုံတိုင်း ငြီိးတွားခဲ့တယ် အပြစ်တင်ခဲ့တယ် ကျွန်မဟာတကယ့်ကို negative thinking သမားတယောက်ဖြစ်ခဲ့ပါတယ်။ တခုခုဆို အမြဲအဆိုးဘက်ကစတွေးလိုက်တော့တာပါပဲ။ စိုးရိမ်လိုက်တော့တာပါပဲ။ ဒီလိုပဲ ပျာယာတွေခတ်ပြီး အဖြေဆီလဲဘယ်တော့မှမရောက်ခဲ့ရပါဘူး။ ဒီလိုအဆင်မပြေတိုင်း ကျွန်မအကိုတယောက်ကိုရင်ဖွင့်ပါတယ်။ ပြီးရင် မချိတင်ကဲလေသံနဲ့ ညီမကျမှကြုံရလေလို့ အမြဲပြောတတ်ပါတယ်။ အဲ့မှာသူကပြောတယ် ညီမလေးအခက်အခဲတခုကြုံရတိုင်း အဲ့လိုမတွေးနဲ့ အကိုဆို အခက်အခဲတခုကြုံလာတိုင်း ဒါဟာအကို့ဘဝတဆင့်မြင့်ဖို့အကို့ကိုစမ်းသပ်တာလို့ပဲတွေးတယ်။ တကယ်လဲ ဒီလိုလောကဓံတခါကြုံပြီးတိုင်း အကို့ဘဝတဆင့်မြင့်သွားတယ် ကြာတော့လောကဓံအခက်အခဲကိုတောင် အကိုပိုကြိုက်နေပြီတဲ့။ အဲ့စကားဟာ ကျွန်မတသက်လုံးစွဲမြဲသွားစေခဲ့တဲ့စကားတခွန်းပါပဲ။
image
အဲ့အချိန်ကစပြီး ကျွန်မအခက်အခဲကြုံလာတိုင်း အဆင်မပြေတိုင်း ဒီခံယူချက်နဲ့ရှေ့ဆက်ခဲ့ပါတယ်။ တကယ်လဲ ဘဝဟာတဆင့်ထက်တဆင့်တိုးတက်လာပါတယ်။ ဒါကြောင့် လောကဓံအခက်အခဲဟာ ကြောက်စရာမဟုတ်ပါဘူး။ အကောင်းမြင်စိတ်လေးနဲ့ မြင်တတ်အောင်ကြည့်ပြီး ခံယူတတ်ဖို့ပဲလိုအပ်ပါတယ်။ ရင်ဆိုင်ကြရမှာချင်းအတူတူ စိတ်လက်ပေါ့ပါးစွာနဲ့ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရင်ဆိုင်လိုက်တာဟာ အကောင်းဆုံး အသင့်တော်ဆုံးအဖြေတခုကိုရောက်ဖို့ အလွယ်ကူဆုံးနည်းလမ်းပါပဲရှင်.......
Author @phukhetnaing

12 upvotes $0.21

Replies (13)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: