4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အ​မေများ​နေ့

နှစ်စဥ် မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကို အမေများနေ့ (Mother’s Day) အဖြစ်သတ်မှတ်ကြလေ့ရှိပါတယ်။
အခု ၂ဝ၁၈ ခုနှစ်အတွက် အမေများနေ့ကတော့ မေလ ၁၃ ရက်နေ့ဖြစ်ပါတယ်။ ဒါကြောင့် အမေများနေ့မှာ ကိုယ်ချစ်မြတ်နိုးရတဲ့ အမေကို ဘယ်လိုလက်ဆောင်တွေပေးမယ်စဥ်းစားထားသလဲ။ အမေများနေ့မှာ ကိုယ့်ရဲ့ မာတာမိခင်ကို ပေးအပ်သင့်တဲ့ လက်ဆောင်တွေအကြောင်း ဖော်ပြပေးပါမယ်။

၁။ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ပေးပါ။

အမေတွေဟာ သားသမီးတွေထံက တန်ပြန်မေတ္တာတွေကို ရနေရရင် ပျော်နေတတ်သူတွေ ဖြစ်တာကြောင့် တန်ဖိုးကြီးပစ္စည်းတွေက သူတို့အတွက် လိုအပ်လေ့မရှိပါဘူး။ ဒါကြောင့် သူတို့အတွက် တကယ်လိုအပ်တဲ့ပစ္စည်းမျိုးလေးတွေကိုသာ ဝယ်ပေးဖို့ စဥ်းစားပါ။ ဥပမာ- သူနေ့စဥ်လှုပ်ရှားမှုမှာလိုအပ်တဲ့ အဝတ်အစား၊ ဖိနပ်၊ တစ်ကိုယ်ရေသံုးပစ္စည်း စတာမျိုးလေးတွေပေါ့။ စိပ်ပုတီး၊ ဘုရားပံုတော်၊ ပန်းစည်း၊ တရားစာအုပ်၊ ယောဂီဝတ်စံုစတာလေးတွေလည်း ဝယ်ပေးနိုင်ပါတယ်။ တခြား သူလိုအပ်တဲ့အရာတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကို သေချာစောင့်ကြည့်ပြီး ဖြည့်ဆည်းပေးပါ။

၂။ အချိန်ပေးပါ။

သင်ဟာ အလုပ်အကိုင်တွေများပြားပြီး အလုပ်ရှုပ်နေသူဆိုရင်တော့ အမေများနေ့မှာ လက်ဆောင်ဝယ်ပေးတာထက် အမေဖြစ်သူကို အချိန်ပေးလိုက်ပါ။ တစ်နေ့လံုး အမေဘေးနားမှာနေပြီး အမေနဲ့ တူတူ ဝိုင်းကူပေးတာဖြစ်ဖြစ်၊ ဘုရားနဲ့ အပန်းဖြေနေရာတွေ လိုက်ပို့ပေးတာဖြစ်ဖြစ်လုပ်ပေးပါ။ မိဘတွေဟာ သားသမီးတွေနဲ့ အတူထမင်းလက်ဆံုစားရတာ၊ အတူအပြင်သွားရတာကို နှစ်သက်တဲ့အတွက် အမေလုပ်ဆောင်ချင်တာတွေကို ဘေးနားကနေ ကူပြီး လုပ်ပေးပါ။ ဒါဟာ သင့်အမေအတွက် အကောင်းဆံုးလက်ဆောင်တစ်ခုဖြစ်ပါလိမ့်မယ်။

၃။ ခရီးထွက်ပါ။

တစ်ချို့လူကြီးတွေဟာ စိတ်ပြေလက်ပျောက်အဖြစ် ခရီးထွက်တာကို နှစ်သက်ကြလေ့ရှိပါတယ်။ သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါးသွားရတာကို နှစ်သက်ကြပါတယ်။ ဒါကြောင့် အမေများနေ့မှာ နေ့ချင်းပြန်ဖြစ်ဖြစ်၊ ခရီးတိုဖြစ်ဖြစ် အမေသွားချင်တဲ့ နေရာကို လိုက်ပို့ပေးလိုက်ပါ။ ဒါဟာ အမေကို ပေးအပ်တဲ့ အကောင်းဆံုးလက်ဆောင်တစ်ခုဖြစ်မှာပါ။

၄။ အလှူအတန်းလုပ်ပါ။

အမေများနေ့မှာ အမေနဲ့အတူ ကုသိုလ်ပြုအလှူအတန်းပြုလုပ်ပေးခြင်းကလည်း သင့်အမေကို စိတ်ကြည်နူးပျော်ရွှင်စေမှာပါ။ လူကြီးတွေဟာ ကုသိုလ်ပြုနေရရင်ကို စိတ်ချမ်းသာကြည်နူးနေကြသူတွေဖြစ်တဲ့အတွက် သင့်ရဲ့ အခုလက်ဆောင်က အရမ်းတန်ဖိုးရှိစေမှာဖြစ်ပါတယ်။ အမေအတွက် စိတ်ခံစားချက်ကောင်းမွန်စေတဲ့အပြင် လူပတ်ဝန်းကျင်အတွက်လည်း အကျိုးများစေမယ့် လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

၅။ စကားလက်ဆောင်ပေးပါ။

အမေများနေ့လို အရေးပါတဲ့နေ့မှာ သင့်အမေအတွက် စကားလက်ဆောင်လေးတစ်ခွန်းပြောပေးချင်ကလည်း အမေဖြစ်သူကို ပီတိဖြစ်စေမှာပါ။ လူကြီးဖြစ်တဲ့အတွက် သိပ်ပြီးဖွဲ့နွဲ့နေဖို့တော့ မလိုပါဘူး။ “အမေ့ကိုအရမ်းချစ်တယ်”၊ “ချစ်မြတ်နိုးရတဲ့မာတာမိခင်” စသဖြင့်ပေါ့။ ဒါမှမဟုတ်ရင်လည်း အဲဒီနေ့မှာ အမေမကြိုက်တဲ့ကိုယ့်အပြုအမူတစ်ခုခုကို နောက်မလုပ်တော့ပါဘူးလို့ ကတိပေးရင်လည်း ရပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ သင့်လုပ်ဆောင်ချက်အပေါ် အမှတ်ရနေစေပြီး မိခင်အတွက်လည်း ဝမ်းမြောက်ကျေနပ်နေစေမှာပါ။
ဒါကြောင့် အမေများနေ့မှာ သင်တို့ရဲ့ အမေတွေကို ဖော်ပြပါ လက်ဆောင်တွေပေးပြီး ကျေးဇူးဆပ်ကြဖို့ ရည်ရွယ်တင်ပြလိုက်ရပါတယ်။

1 upvotes 1 downvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: