Community post
My other
ဒီနေ့ အနည်းငယ်တော့
ကျေနပ်မိသလိုပင်
ကိုဗစ်ကစသော ချစ်သူသက်တမ်းက
ခုဆို ၅နှစ်ပြည့်တော့မည်
လက်ထပ်မည်လုပ်လိုက်
ညှိနှိုင်းမရတာတွေနှင့်
အကြိမ်ကြိမ်ရွေ့နေသော
ဇာတ်မျောကြီး
တစ်ခါခါဆို
ရယ်သွမ်းရင်း
ကိုယ်တို့ဇာတ်က
ကုလားကားတွေထက်
အပိုင်းရှည်သည်ဟုပင်
ပြောမိ၏
အရမ်းရုပ်ရှင်ကားဆန်သည်
ဗမာကား ကိုရီးယားကား
အိုဗာတင်များသော
ဒရမ်မာ အသိုင်းဝိုင်းဟုဆိုရရင်လည်း
မိမိသာ မူပိုင်
အရိုင်းစိုင်းမကြီးနေရာက
ဘယ်တော့မှ မရွေ့ပင်
ဒီနေ့ကျ သူက
ခပ်သော့သော့ ပြောလာခဲ့၏
သူ့အပေါ် လေးစားမှုတစ်ခုနှင့်
တန်ဖိုးထားတတ်သော
ကျွန်တော့အနားတွင်
နေရခြင်းသည်
သူ့အတွက် အဓိပ္ပါယ်ရှိလှ၏ဟုဆို၏
ဤသို့ဖြင့်
မေတ္တာသာစစ်မည်ဆို
အတူ အိုဖော်အိုဖက်ဖြစ်ရပါစေဟုသာ
ဆန္ဒပြုရင်း

တီဖြိုး
9th Jan 2025
Replies (1)
Congratulations @phyoethet137! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 100 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP