4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကျ​နော့်​အ​ကြောင်း

image
ဘာသံမှ မကြားမှတော့ အခန်းတံခါးဖျက်ပြီး ဝင်ရမှာပဲ...ကဲ..ရဲဘော်တို့ အခန်းတံခါးကို ဖျက်လိုက်တော့...အားလုံးနောက်ဆုတ်နေပေးကြပါ အခန်းတံခါးဖျက်၍ အခန်းအတွင်းသို့ ဝင်ရောက်ရှာဖွေသော အခါ... အိပ်ခန်း၏ ကုတင်ထက်တွင် မျက်နှာပေါ် ခေါင်းအုံးပိလျှက်သားသေဆုံးနေသော ပုပ်ပွစပြုနေသည့် ကလေးငယ်တစ်ဦး၏ အလောင်းနှင့်...အိမ်နောက်ဖက် မီးဖိုချောင်ထဲတွင် လက်တစ်ဖက်တွင် ဓားကိုကိုင်ကာ လည်ပင်းတွင် ဓားဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသော ယောက်ျားအလောင်းတစ်လောင်းကို စတင်တွေ့ရှိခဲ့ရပြီး...ကြိုးဖြင့်ချီထားသော ရေခဲသေတ္တာကို မသင်္ကာ၍ ဖွင့်ကြည့်စဉ် အပိုင်းပိုင်းပြတ်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် မိန်းမအလောင်းတစ်လောင်းကို တွေ့လိုက်ရလေတော့သည် ဘယ်ယောက်ျားလေးနဲ့မပက်သက်ခဲ့တဲ့ဝိုင်းက
ကိုကို့ ကိုသာ ယောက်ျားလေးဟုမြင်ခဲ့သည်
ဝိုင်း ကိုကို့ ကိုငယ်ငယ်လေးထဲကချစ်သည်
ကိုကို သာ ဝိုင်း ရဲ့ဘဝလို့တွေးထားသည်
ဖုန်းချသွားတော့ ထက်မြက်သက်ပြင်းလေးချမိသည် ဖြူ နဲ့ ဝိုင်း ဆိုတာ ထက်မြက်ငယ်ငယ်တည်းက ညီမလေးအရင်းလို့ချစ်ခဲ့တဲ့သူတွေပါ
ဝိုင်းကထက်မြက်အပေါ်အမြဲတမ်းအရှုံးပေးတယ် ဖြူကတော့အမြဲတမ်းအနိုင်ယူတယ်
နှစ်ယောက်စလုံးက ထက်မြက်ကိုစိတ်ဝင်စားနေတာ ထက်မြက်သိသည် ဝိုင်းက ဝ သလောက် ဖြူက ဖြူသွယ်ဆိုတဲ့နမည်နဲ့လိုက်အောင် ဖြူဖြူသွယ်သွယ်လေးနဲ့ချစ်စရာကောင်းသည်
ထက်မြက် ဖြူ အပေါ်မရိုးသားစိတ်ဝင်ခဲ့တာအမှန်ပင် အခင်းဖြစ်သည့် ညကတည်းက သေဆုံးသွားသော မိန်းမဖြစ်သူ၏ ခြောက်လှန့်နှောက်ယှက်ခြင်းကို အမြဲလိုပင် ခံခဲ့ရပြီး ကောင်းကောင်းအိပ်ရသည် ဟူ၍ပင်မရှိခဲ့...သူ့စိတ်က သူ့ကိုပြန်ခြောက်လှန့်နေသဖြင့် အလုပ်သို့လည်း မသွားဖြစ်တော့...မေကြီး ဘယ်မှာလဲ ဟု ခဏခဏမေးတတ်သော သမီးဖြစ်သူ၏ အမေးကိုလည်း "သမီး မေမေရှိပါတယ် "ဟူ၍ လိမ်ခဲ့သည်ကြီးသာ...လာသမျှ ဖုန်းတွေကိုလည်း မကိုင်ပဲနေခဲ့သည်...သူနေထိုင်ရာ တိုက်ခန်းမှနေ၍ အပြင်သို့လုံးဝမထွက်ပဲ နေနေခဲ့ရင်း ရှိတာလေးသာ ချက်ပြုတ်စားသောက်နေခဲ့မိသည်...သူကတော့ မစား..သမီးဖြစ်သူ ဗိုက်စာသည်ဟု ဂျီကျမှသာ ရှိတာ ချကျွေးခြင်းဖြစ်သည်...အအိပ်အစားပျက်ယုံမကပဲ မိန်းမဖြစ်သူ၏ ခြောက်လှန့်မှု့ကိုပါ နေ့စဉ်ရက်ဆက်ခံခဲ့ရသဖြင့် ထွန်းဝေတွင် စိတ်ကျရောဂါရလာတော့သည်။

9 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: