4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကျွန်မအမုန်းထက်သာသော သူ၏အချစ်💕💕်

လဝန်းမေ လည်းဟေမာန်ကို ငေးကြည့်ပြီး အော် ဟုတ်ကဲ့ပါ မမ တွေ့ရတာဝမ်းသာပါတယ် မမကို ညီမ တစ်ခါမှမမြင်ဘူးလို့ပါ

လဝန်းကလေ ကိုဘုန်းဝင်းထိန်မှာ အမ ရှိတာသာသိတာ တစ်ခါမှ မမြင်ဘူးလို့ပါလို့
ပြောပြီး လဝန်းက အပြုံးလေးနဲ့ ကြိုဆိုလိုက်သည်။
image
ဟေမာန်ကတော့ လဝန်းမေဆီ လျောက်လှမ်းလာနေသည်။

မင်းက တို့နဲ့တွေ့ရတာ ဝမ်းသာလားတော့ မသိဘူး
တို့ကတော့ မင်းနဲ့ တွေ့မှ မဟုတ်ဘူး မင်းနဲ့ မတွေ့ခင် ကတည်းက ဒီရောက်ရောက်ချင်း စိတ်ဆင်းရသွားတယ်

image
လဝန်းမေ လည်း မျက်နှာအရောင်ပြောင်းသွားသည်။ မမက ဘာကိုဆိုလိုချင်တာလဲ အခုမှ ဒီကိုပြန်ရောက်တယ်လည်း ဆိုသေးတယ် လဝန်းကို မြင်ပြီး စိတ်ဆင်းရဲသွားတယ် ဆိုတာ ဘာကြောင့်လဲ လဝန်း နားလည်အောင်လဲ ရှင်းပြပါဦး

ဟွန်း ဟွန်း………

ဘာ ရှင်းပြရမယ် ဟုတ်လား မင်းကလေ ကိုယ့်လုပ်ထားတဲ့ အပြစ်တောင် ကိုယ်မသိဘူးလား လဝန်း ကို အပြစ်ရှိတယ်လို့ပြောရအောင် လဝန်းမှာ ဘာတွေများ ဒီလောက် အပြစ်ရှိနေရတာလဲ

အေး မင်းက ကိုယ့်အပြစ်ကို မသိဘူးဆိုတော့လည်း တို့ကပြောပြရမှာပေါ့ ငါပြန်ရောက်တော့ မေမေ က မင်းရဲ့ အကြောင်းစုံကို တို့ ပြောပြပြီးသွားပြီ

မင်းက တို့မောင် အပေါ်မှာ သံယောဇဉ် မရှိဘဲ ဘာလို့ လက်ထပ်ခဲ့တာလဲ တို့မောင်ကို ဘာအကြောင်းကြောင့် ဒုက္ခတွေ ပေးနေရလဲ

ဘာ ဘာလို့လက်ထပ်ခဲ့လဲ ဟုတ်လား ဒီမှာ မမဟေမာန် ရှင့်အမေ ကရော ကျွန်မ မိဘတွေကရော အတင်းပေးစားခဲ့လို့ ကျွန်မ လက်ထပ်ခဲ့တာ လဝန်းသဘော မပါခဲ့ဘူး

ဒါပေမဲ့ ကိုဘုန်းဝင်းထိန် စိတ်ဒုက္ခပေးဖို့လည်း လဝန်း တစ်ခါမှ မရည်ရွယ်ခဲ့ဘူး

လဝန်းစိတ်ကို လဝန်းဖြေသိမ့် နိုင်ဖို့ကိုပဲ လဝန်းကြိုးစားနေတာ လဝန်းကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးပါလို့လဲ လဝန်းမတောင်းဆိုခဲ့ဘူး

ဒါပေမဲ့ ကိုဘုန်းဝင်းထိန်က လဝန်းအပေါ်မှာ အရမ်းကောင်းမှန်း လဝန်းသိပါတယ် လဝန်း ကိုယ့်ကို ကိုယ် နားလည်းပေးနိုင်ဖို့ လဝန်းစိတ်ကို လဝန်း ပြုပြင်နေတဲ့ အချိန်မှာ

လဝန်းကို စွတ်စွဲတာ အရမ်းလွန်သွားပြီ ရှင့် မေမေ ဒေါ်ချိုချိုမြင့်ကလေ လဝန်းကို ကိုဘုန်းဝင်းထိန်နဲ့ လက်ထပ်ပေးတာ ငွေမက်လို့ မဟုတ်လား

ဘာ ညည်းဘာစကားပြောတယ်

ဒေါ်ချိုချိုမြင့် လဝန်းမေရဲ့ ပါးကို ရိုက်ပစ်လိုက်သည်။

မေမေ
မေမေ ဘယ်လို လုပ်လိုက်တာလဲ မေမေ ဘုန်းဝင်းထိန် သူ့အမေ လက်ကို ဆွဲထားလိုက်သည်။

မေမေ မလုပ်ပါနဲ့တော့ မေမေရယ် လဝန်းပြောနေတာတွေ အမှန်တွေပဲလေ လဝန်းစိတ်ကို ကျွန်တော် နားလည်တယ် မေမေ

မေမေ လဝန်းကို တောင်းပန်လိုက်ပါ ဘာ
တောင်းပန်လိုက်ပါ ဟုတ်လား

သား မင်းရူးနေလား မင်းဒီလောက်တောင် ဒီမိန်းမကို သဘောကျသလား

မင်းက အခု မင်းအပေါ် ရက်စက်တဲ့ မိန်းမ အတွက် ကိုယ့် မေမေကို ခံပြောတက်နေပြီပေါ့ ဟုတ်လား ဘုန်းဝင်းထိန်

ကိုဘုန်းဝင်းထိန် ရှင်ကျွန်မ အတွက်နဲ့ ရှင်အမေကို ပြန်ပြောမနေပါနဲ့တော့

ရှင့်မေမေ ကလေ သူ့အပေါ်မှာဘယ်လောက်ပဲ ကောင်းအောင်နေပေးနေပေး ဘယ်တော့မှ အကောင်းမမြင်တက်တဲ့ သူမျိုးမဟုတ်ဘူး လဝန်းက လဝန်းအိမ်မှာ ဘာမှမလုပ်ခဲ့ရဘဲ ဘောကျော့နေဘောကျော့စား နေလာခဲ့တာ

ဒါပေမဲ့လည်း အန်တီလိုချင်တာ အန်တီလိုချင်တဲ့ ပုံစံကို မကျကျအောင် လဝန်းတက်နိုင်သလောက်ကြိုးစားနေခဲ့တာပဲလေ ဒါကို အန်တီက အကောင်းမှမမြင်တာ

ဒါဆိုမင်းဆိုလိုတာက တို့မေမေကပဲ မင်းကို သက်သက်မဲ့ မကြည်ဖြူပဲ အပြစ်ပဲရှာနေရတာ တာလို့ မင်းကဆိုချင်တာလား

ဘုန်းဝင်းထိန်ရဲ့ အမ ဟေမာန်က လဝန်းမေရဲ့ ရှေ့မှာ ရပ်လိုက်သည်။

ရတယ်လေ ဒါဆိုရင် မင်းဒီအိမ်မှာနေရ မင်းအတွက်အဆင်မပြေဘူးပေါ့ မင်းအတွက် စိတ်ဆင်းရဲ့ စရာတွေ ချည်ပဲပေါ့

ဒါဆိုရင်လည်း မင်းငါ့မောင်နဲ့ ကွာရှင်းလိုက်လေ ဒါဆို မင်းအတွက် အရာအားလုံး အဆင်ပြေသွားမှာပေါ့

0 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: