Community post
သီတင်းကျွတ်ခြင်းဆိုသည်မှာ
(လူငယ်များသိစေရန်)
သီတင်းကျွှတ်တယ်ဆိုတာမြန်မာတွေသာမက ကမ္ဘာ့ဗုဒ္ဓသာသနာလုံးဆိုင်ရာအတွက် နေ့ထူးနေ့မြတ်တစ်ခုဖြစ်တယ်ဗျ .....
သီတင်းကျွတ်ခြင်းနဲ့ပတ်သက်လို့ ကျနော်သိသလောက်လေးဆွေးနွေးတင်ပြရရင် .....
အလုံးစုံကိုသိမြင်တော်မူတဲ့ကျနော်တို့ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ တချိန်က မိခင်တော်စပ်ခဲ့ဖူးတဲ့ မယ်တော်နတ်သား(ေအရင်ဘဝက မယ်တော်ပါ ဒါပေမယ့်သူ့
အကျိုးအကြောင်းကြောင့်နတ်သားဖြစ်နေသူ)ထံသွားရောက်ပြီး တရားဟော၍ကျေးဇူးဆပ်ကာ လူ့ပြည်သို့ ပြန်လာသော နေ့ရက်ဖြစ်လို့ ကျနော်တို့ လုံးစုံများစွာသော လူနတ်ဗြဟ္မာတို့ ရဲ့ နေ့ထူးနေ့မြတ်လေးဖြစ်လာရတာပါ
မြတ်ဗုဒ္ဓကို အတုယူကြ၍ ထိုနေ့တွင်
ကျနော်တို့ လူသားများက မိမိတို့ မိနဲ့ဖ ၂ပါးကို ကန်တော့ကြခြင်း ခြေလက်များဆေးကြောပေးခြင်း မိဘများကြိုက်နှစ်သက်တက်သည့်အရာလေးများဖြင့် ပူဇော်ကန်တော့ကြခြင်းများကို လေးစားဖွယ် လုပ်ဆောင်ကြ၍ယနေ့တိုင် ကြည်နူးဖွယ် ဓလေ့ထုံးစံလေးအဖြစ် ကျန်ရစ်နေပေတော့သည်။
ဆက်ကြဦးစို့
သီတင်းကျွတ်နေ့တွင် မြတ်ဗုဒ္ဓ လူ့ပြည်ကို ပြန်ကြွမယ့် သတင်းကြားကြတော့ လူနတ်ဗြဟ္မာတို့က ကြိုဆိုကြ စကြာဝဋ္ဌာတစ်ခုလုံး၃၁ဘုံက သတ္တဝါတွေ ကြည်ညို ပူဇော်ကြတာပေါ့ တို့လူသားတွေကလည်း ဘုရားရှင်
ကြွလာရာကိုဖူး မျှော်ကြရင်း ဆီမီးအမွှေးနံ့သာတိုင်များဖြင့်ပူဇော်ကြတာပေါ့ ဒါကြောင့်သီတင်းကျွတ်နေ့လေးဟာ မိဘများကို ကျေးဇူးဆပ်သောနေ့၊ ဘုရားရှင်ကြွလာရာ လမ်းတလျှောက်ဆီမီးများပူဇော်ကြသော နေ့ထူးနေ့မြတ် ဖြစ်သည်။

Photo crd by (facebook name)
#Kmt'sအထွေထွေမှတ်စုများ၂
@phyothuzar
Replies (1)
You really accidentally leaked your private key 20 times ?!?!?
Or did you do that just to get 0.020 HIVE from me ?! 😏