Community post
အမှတ်တရ ဒဏ်ရာ
အမှတ်တရ ဒဏ်ရာ
အပိုလူတစ်ယောက်အတွက်
အလိုလို ပျောက်ကွယ်ချင်လာတဲ့စိတ်ကြောင့်
မင်း အနားက
ဝေးနိုင်သမျှ ဝေးဖို့
အဆွေးတစ်ချို့နဲ့ ရွက်လွှင့်ခဲ့ပါတယ်..။
အဆင်သင့်ဖြစ်မနေသေးတဲ့ ရင်ခွင်က
နာကျင်ရတာ မှန်ပေမယ့်လည်း
ဟန်ဆောင် ဖုံးကွယ် ထားခဲ့လိုက်ပါတယ်။
မက်မပြေစရာ အနမ်းတစ်ချို့ကို
ကျောခိုင်းလိုက်တိုင်း
ရစ်ဝိုင်းပြီး ကျလာတဲ့ မျက်ရည် တွေကို
အသာယာ ဖယ်ထုတ်
အရင်လို မဟုတ်တော့တဲ့
ကြင်နာမူတွေမှာ သာယာပျော်ရွှင်မူတွေ
တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားခဲ့တယ်။
ဒဏ်ရာဆိုတာ ပျောက်သွားရင်တောင်
အမာရွတ် ဆိုတာ ကျန်စမြဲပါ..
ဒါကြောင့် မို့
တို့တွေ ပတ်သက်ခဲ့သမျှဟာ
အမှတ်တရ တွေ ကျန်ရစ်နေကောင်းပါရဲ့..။
အကြောင်းမညီညွတ်တော့လို့သာ
ဥပေက္ခာ ဆိုတဲ့ စကားလုံးသုံးရတာ
ကိုယ့်နှလုံးသားက အတိတ်ကို အကြိမ်ကြိမ်
ပြန်သွားနေသေးတယ်လေ။
📝ရေးသားသူ ဖြိုးဝေအောင်📝
Author @phyowaiaung


Replies (1)
Upvote this: https://steemit.com/free/@bible.com/4qcr2i