Community post
ဘုရင် အလိုမရှိ ဆိုပါလား

စကားမစပ် AI နဲ့ ဖန်တီးလိုက်တာ ကိုယ့် ဓါတ်ပုံက အတော် handsome သွားပါလား
မူလပုံကတော့ ကြွက်ခြောက်လို့ ရလောက်တယ်။
ကဲ စာလေး တစ်မျက်နှာလောက်တော့ ကြိုးစား ရေးလိုက်ဦးမှပါလေ
ဘုရင် အလိုမရှိ ဆိုတဲ့ ဆန္ဒပြပွဲတွေကို အမေရိကန် ပြည်ထောင်စုမှာ လာမယ့် စနေနေ့မှာ လုပ်ကြဖို့ စီစဉ်နေပါသတဲ့။
ဒီဆန္ဒပြပွဲတွေကို အရင်ကလည်း နှစ်ခါ လုပ်ပြီးပါပြီ။ ဒီတစ်ခါက တတိယ အကြိမ်ပါ။
Indivisible ၊ 50501 ၊ MoveOn စတဲ့ လှုပ်ရှားမှုတွေက ပြည်နယ် ၅၀ စလုံးမှာ လုပ်ကြမှာပါ။
သူတို့မှာ သီးသန့် တောင်းဆိုချက်တော့ မရှိကြဘူး ဆိုပါတယ်။
အစိုးရကို မကျေနပ်ကြသူတွေ စုဝေးပြီး မိမိတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ကြတာပါ။
အဓိကကတော့ ဒေါ်နွယ်ထွန်းက သူ့ကိုသူ ဧကရာဇ် ဘုရင်တစ်ပါးလို ပြုမူလာတာကို မလိုလားကြတာရယ်
သူ့ရဲ့ ပေါ်လစီတွေဖြစ်တဲ့ ရွှေ့ပြောင်းအခြေချလာသူတွေကို နှိပ်ကွပ်တာ၊ အစိုးရဝန်ထမ်းတွေ လျှော့ချတာ၊ မြို့ကြီးတွေမှာ စစ်တပ်တွေ ချထားတာကို ဆန့်ကျင်ကြောင်း ပြသလိုကြတာပါ။
No Kings Protests ပေါ့။
ဒေါ်နွယ်ထွန်းကလည်း ရှီရှီတို့ ငါးပူတင်းတို့လို့ မသေမချင်း သမ္မတ လုပ်ချင်နေသလားမသိ။
အရင် ဆန္ဒပြပွဲ နှစ်ကြိမ်တုန်းကနဲ့ မတူတာကတော့ ဒီတစ်ကြိမ်မှာ အီရန်စစ်ပွဲအကြောင်းတွေကို အဓိက ပြောကြမယ် ထင်ပါရဲ့။
ဒီဆန္ဒပြပွဲတွေကို အိမ်ဖြူတော်ကတော့ Trump Derangement Therapy လို့ခေါ်ဆိုသုံးနှုန်းပြီး အဓိက စိတ်ဝင်စားသူတွေက အခကြေးငွေ ယူထားတဲ့ သတင်းထောက်တွေပဲလို့ တုန့်ပြန်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဒုတိယအခေါက်ကဆို ပြည်နယ် ၅၀ စလုံးမှာ ဆန္ဒပြသူ ၇သန်းအထိ ရှိခဲ့တာပါ။
နယူးယောက်စီးတီး တစ်ခုတည်းမှာပဲ တစ်သိန်း ကျော်ခဲ့ပါတယ်။
သူတို့တွေက အများပြည်သူသုံး ပန်းခြံတွေ ၊ မြို့ထဲလမ်းမတွေမှာ စုရုံးကြတာပါ။
50501 လှုပ်ရှားမှုကတော့ ပြည်နယ် ၅၀ ၊ ဆန္ဒပြပွဲ ၅၀ နဲ့ ရည်ရွယ်ချက် ၁ ခုတည်းကို ဆိုလိုပါတယ်တဲ့။
ဟုတ်ပါတယ်။ ဒေါ်နွယ်ထွန်းကလည်း သူတို့ ပြောသလိုကို ဖြစ်နေတာပါ။ မသေမချင်း သမ္မတ လုပ်ရမယ်များ မှတ်နေလားမသိဘူး။
အခုလည်း လာပြန်ပြီး အမေရိကန် ငွေစက္ကူတွေမှာ ဒေါ်နွယ်ထွန်းရဲ့ လက်မှတ် ထည့်ရမယ်တဲ့
သူက ရုပ်ပုံပါ ထည့်လို့ရရင် ထည့်ချင်သေးပုံပဲ။ သက်ရှိထင်ရှား ရှိနေသေးတဲ့ လူကို ငွေစက္ကူပေါ်မှာ မထည့်ရဆိုတဲ့ ဥပဒေ ရှိနေလို့။
ကဲကဲ စာလေး တစ်မျက်နှာတော့ ရပြီ ဒီဆောင်းပါးလေး အကျယ်တဝံ့ ဖတ်ချင်ရင်တော့ ဒီလင့်ကနေ သွားဖတ်နိုင်ပါတယ်။
https://www.nytimes.com/2026/03/27/us/no-kings-protests-cities.html
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.