Community post
~မာယာ ကွန်ယက်~
အခန်း (၂)
နားထဲတွင်လည်း တစ်ဖျန်းဖျန်းနှင့်ကြားနေရ၏။ မောင်ကောင်းသန့်သည့် မည်သည်အသံဖြစ်ကြောင်း ဝေခွဲ၍မတတ်။ ထို့အသံကြောင့်သာ မေ့မျောနေရမှာ နိုးထခဲ့ပြီး ကြိုးစားကာ မျက်လုံးများဖွင့်ကြည့်သည်။ မှောင်မှိုက်နေသော ဝန်းကျင်တစ်ခွင် မျက်စိရှေ့တည့်တည့် တွင်များစွာသောကြယ်ပွင့်ကလေးများ တွေရပေသည်။ မည်သည့်နေရာနည်း။ လက်ပေါ်သို့ စူးခနဲ့ ခံစားလိုက်ရသည်။ ဘာကောင်များကိုက်လိုက်သနည်း။ မြွေသည်လော။ ခြေသလုံးများ၊ ဝမ်းဗိုက်ထက်နှင့် ရင်ဘက်ပေါ်ထိ ရောက်လာသည်။ ဘယ်လို့အကောင်တွေများပါလိမ့်။ ကြိုးစားကာ ခေါင်ထောင်၍ ထကြည့်သည်။
မောင်ကောင်းသန့် ပြုံးရုံမျှသာ ပြုံး၍ ပြန်လှဲနေလိုက်သည်။ ဝင်ကစွတ်ကောင်များ ဖြစ်သည်။ တဖြည်းတဖြည်းတွေး၍ ရလာသည်။ ထိုနေရာသည် ပင်လယ်ကမ်းခြေတစ်ခု။ ဖျန်းခနဲမြည်သံများသည်။ ပင်လယ်ဒီရေနှင့် ကျောင်ဆောင်များ၏ ရိုက်ခတ်သံများဖြစ်သည်။ ပတ်ဝန်းကျင်အား အနည်းငယ် အကဲခတ်ကြည့်သည်။ ပတ်ပတ်လည်တွင်မြင်သမျှ ကျောက်ဆောင်များသာ။ ထိုကျောက်ဆောင်ဆောင်များ ကြားမှ လဲ့လဲ့ လဲ့လဲ့ဖြင့်။ သေချာ ကြည့်သည်မှ ပင်လယ်ဒီရေများ တအိအိတတ်လာခြင်းပေစွ။
ကြိုးစားကာ အားပြု၍ ထကြည့်သည်သည်။ စိတ်ထဲတွင်လည်း ဤနေရာတွင် ဆက်နေပါက မကြာမီ ဒီရေ နှင့်ပါသွားမည်စိုးနေသည်။ တရွေ့ရွေ့ ဖြင့်ကုန်းမြင့်ပိုင်းသို့ ရောက်လာသည်။ မောဟိုက်နေ၏။ သောက်စရာရေသည်လည်း မရှိ။ အစာ မစားရသည်မှာလည်း ဘယ်နှယ်ရက်ရှိသည်မသိ အားအင်လည်း ချိနဲ့နေသည်။ ပတ်ဝန်းကျင်တွင် သောက်စရာ တစ်ခုခုများ ရှိမလားဟု ရှာဖွေကြည့်သည်။ ပတ်လည်တွင်အုန်းပင်များရှိ၍ ဝမ်းသာသွားသည်။ အုန်းရေသောက်၍ အာသာပြေတော့ရှိဦးမည်။ သို့သော် သူသည်အုန်းပင်လည်းမတတ် တတ်။ တတ်၍ ရသည်ဘဲထား သူသည် မည်သိုအုန်းသီးအားခွဲရမည်နည်း။
လက်တလော ရေငတ်တော့ပြေပြီ။ ရှေးလျောက် သည်တိုင်းနေလျှင့် အစာငတ် ရေငတ်၍သေတော့ပေမည်။ ခုထိလည်း ဘယ်မှာနေ၊ဤကျွန်းပေါ်သို့ ဘယ်လိုရောက်လာသည် မသိ။ ပထမ မေ့မျောနေသော နေရာသို့ လှမ်းကြည့်လိုက်သည်။ ပင်လယ်ဒီရေများ ဖုံးအုပ်သွားသည်။ တော်သေးသည် သတိပြန်ရလာသည်မှာမြန်ပေလို့သာ။ လက်ရှိရောက်နေသောနေရာတွင်ဒီရေတော့တတ်လာမည်မထင်။ ကမ်းစပ်နှင့် အတော်ကလေးမျှ ဝေးလံပေသည်။ ကိုယ်လက်များ မလှုပ်ချင်တော့၍ စိတ်ချလက်ချ မှေးစက်လိုက်သည်။
~နားပါဦးမည်~
ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး
Writing by phyozawoo
@phyozawooburmes
MSC~071
Replies (28)
Upvote this: https://steemit.com/free/@bible.com/4qcr2i
နောက်ဆက်တွဲစောင့်နေမယ်နော်
ဆက်အားပေးပါ့မယ်.. .
အားပေးနေပါတယ်
အခန်းဆက်လေးတွေရေးပြီပေါ့ bro
လုံး ခြင်းစာအုပ်ထုပ်လိုက်ညီ အားပေးမယ်
အားပေးနေမယ် ညီ။
မိုက်တယ် သား အရေးကောင်းသားဖဲ good😊
ဇာတ်အိမ်လေးပျိုးထားတာ ကောင်းပါတယ်။စိတ်ဝင်စားပါတယ်ခင်ဗျာ။ဆက်အားပေးမယ်နော်
အခန်းဆက်ရေးဖော်ရပြီဗျာ...ဟီး..
ဟုတ်ကဲ့။
ဟုတ် အစ်မ။
ကျေးဇူးပါ။
အဟဲ။
ကြိုးစားကြည်မယ် အစ်ကို။
ဟုတ်
တကယ်နော်မမ။
စိတ်ဝင်တစားနဲ့ အာပေးတာ ကျေးဇူးတင်ပါတယ်အစ်ကို။
မှန်ပေါ့
စဖတ်လိုက်ကတည်းက စိတ်ဝင်စားသွားတာ
မျှော်နေမယ်
ကောင်းတယ် ဖတ်ကောင်းတုန်းပြီးသွားတယ်
next post မျှော်နေမည်
ရေမျောကမ်းတင် ဇာတ်လမ်းလေး ဖတ်ရတော့မယ်... စိတ်ဝင်စားတယ် နောက်လည်းစောင့်ဖတ်သွားမယ် ။ Fighting
ဇာတ်လမ်းအစလေးကတော့ ဆွဲဆောင်နေပီ ဆက်ဖတ်မယ်ညီရေ။
ကျေးဇူးပါ အစ်မ။ကြိုးစားပါ့မယ်။
😂😂
ဟုတ်ကဲ့
ဟုတ်ကဲ့ အစ်ကို အားပေးတာ ဝမ်းသာပါတယ်။
အမ် ယမင်းမ.. 😩😩 စာ ရေးတာ ညက်ချိတောင်. ဖွင့်ရဲ့လားအေ့ နိစာ ဖတ်ရတာလေ. စိတ်တေ လေးပြီး ဘာမလုပ်နိုင်တော့သလိုမောဟိုက်ပင်ပန်းသလိုခံစားရတေ အိုး.. ဂေါ့😃😃😃😃