Community post
~မာယာကွန်ယက်~
- စတီးမစ်မြန်မာများ အားလုံး မင်္ဂလာပါဟု မြန်မာလိုနုတ်ခွန်းဆက်သ ပါရစေ။ကျွန်ုပ်သည်လည်း MSC တွင် pro မတင်ဖြစ်ခဲ့သည်မှာ နှစ်ပတ်လား၊ သုံးပတ်လားပင်မသိတော့။ မိမိတို့ မြို့ကလေး၊ ရက်ကွက်ကလေးထဲတွင်စာကြည့်တိုက်ဖြစ်မြောက်ရေး အတွက် လုံးပန်းနေရသည်မှာနှင့် မအားအလပ်။ မိမိဆိုင်ကလေးပင် ဖွင့်ရက်ကသိပ်မမှန်ချင်ပေ။ စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာရ၊ လူများစည်းရုံးရေးဆင်းရ။ လူကြီးတွေနက် စကားပြောရတိုင်ပင်ရဖြင့် online ပင် သိပ်မသုံးဖြစ်ခဲ့ပေ။
ယခုတွင်မူတော့ စာကြည့်တိုက်ကလေးလည်း 9.6.2018 စနေနေ့ မနက် ၉နာရီတွင် အောင်မြင်စွာ ဖြဲကိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။
စာကြည့်တိုက် ဖြစ်မြောက်အောင် ဝိုင်းဝန်းထောက်ပံကြသော မိတ်ဆွေများ၊ ညီအစ်ကိုမောင်နှမ များ၊ MSC မှ အဖွဲ့ဝင်များ အားလုံးကို ရိုသေစွာ ဂါဝရပြုအပ်ပါသည်။ လုပ်ငန်းဆောင်တာများလည်း အားလုံးပြီးစီးပြီမို့ အရင်တစ်ချိန်များကလိုပင် msc တွင် ကောင်းတူ ဆိုးဘက် ပြန်လည် ဆက်လက် လက်တွဲသွားပါမည်။
ခန္ဓာာကိုယ်တွင် ခွန်အားဆိုသည် နည်းနည်းကလေးမျှပင် မရှိတော့။ သို့ရာတွင် ပြင်းထန်သောမှုန်တိုင်းတိုက်ခတ်သံလော၊ သေနပ်၊ ကျည်ဆံတို့ပေါက်ကွဲသံလော မည်သည့်အသံမှန်း သူဦးနှောက်ထဲတွင် ခွဲခြား၍မရ။ သူနားထဲများတွင် တရွှီရွှီဖြင့် မြွေများတွန်သဲသကဲ့သို့ကြားနေရသည်။ သူသည်မည်သည့်နေရာသို့ရောက်နေပြီနည်း။
အတတက်နိုင်ဆုံးကြိုးစား၍ ဦးနှောက်အား အလုပ်စေခိုင်းကြည့်သည်။သို့သော် သူသည် မည်သည့်အရာကိုမှ တွေးတောစဉ်းစား၍ မရ။သူ့တစ်ကိုယ်လုံးနာကျင်နေသည်ကလွဲ၍ ကျန်သည်များခေါင်းထဲတွင်မရှိ။ ထိုနေရာ၌ မည်မျှကြာအောင် မြောနေခဲ့သနည်း။
မောင်ကောင်းသန့်သည် ဤခရီးအားမသွားချင၊် မောင်မင်းလှ မောင်မြတ်သူတို့၏ တောင်းဆိုမှူကြောင့်သာ ထွက်လာခဲ့ရခြင်းဖြစ်သည်။ မောင်ကောင်းသန့်တို့ သူငယ်ချင်း သုံးယောက်သည် တက္ကသိုလ်တွင် စတင်ဆုံကြပြီး စိတ်တူကိုယ်တူ အပေါင်းသင်များဖြစ်ကြသည်။
မောင်ကောင်းသန့်၏ မိဘများသည် ရန်ကုန်တွင်နေကြပြီး အရောင်းအဝယ်လုပ်ငန်းဖြင့် တင့်တောင်းတင့်တယ် နေနိုင်ကြသူများဖြစ်ကြသည်။ မောင်မင်းလှ သည်တော့ ငယ်ငယ်ကလေးက မိဘများဆုံးသွားသဖြင့် အဒေါ်တစ်ယောက်၏ လက်အောက်တွင်းကြီးပြင်းလာခဲ့သူဖြစ်သည်။ ယခုတွင်မှူ တက္ကသိုလ် အောင်မြင်ပြီးဘွဲ့တစ်ခုရကာ သူငယ်ချင်းသုံးယောက်ဝါသနာပါရာကို လုပ်ကိုင်နေကြသည်။
ယခုတွင်တော့ သူငယ်ချင်းသုံးယောက်ဝါသနာပါရာ အား လက်တွေ့အကောင်အထည်ဖော် လုပ်ကိုင်နေကြပေသည်။
ဆက်ရန်-----
ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး
Writting by phyozawoo
@phyozawooburmes
MSC-071
Replies (25)
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/josh-jooris-8477591
စ ပ လားဟာ။
စာကဖတ်ကောင်းပါတယ်ဆို ချိတက်ကလာထိနေတယ်
အဟားးးးနာ့လိုဘဲ ပရိုမတင်တကြာပြီဘဲ
စိတ်ဝင်စားဖို့ကောင်းလို့ဆက်အားပေးပါ့မယ်
ဇာတ်လမ်းအစမှာဘဲကောင်းနေပါပြီး
ဒီ ချိတက်နဲ့စိတ်ညစ်လာပါပီ ကျမလဲချိတက်မိနေတာ
ပြောချင်တဲ့ စကားတောင် Cheetah ကြောင့်စိတ်ညစ်ရတယ်
ဟုတ်နေပီ မမသားက ဒလိုလဲ ရနေတာပဲ😊
မတွေ့တာတော့ကြာပြီဗျာ။ကိုဖြိုးမရှိလို့ ပျင်းနေတာ။တင်လိုက်တဲ့ ဇာတ်လမ်းလေးက အစကတည်းက စွဲဆောင်မှုရှိနေပြီဗျ။အားပေးနေမယ်ဗျာ
ဟုတ်ပ အာ့ချိ့တတ် စပ ဘဲ။
ဟိ့ တကယ်လား မမ။
ဝမ်းသားလိုက်တာ အစ်ကိုရယ် ကျေးဇူးတ်ပာတယ်ယာင
ဟုတ်ပ အစ်မရယ်။စိတ်လေတယ်။
ဟား ရပါတယ်။
မမသားဘဲလေ။
ဟုတ်တယ် အစ်ကိုရေ ညီလည်း စာကြည့်တိုက် ဘက်လှည့်နေလို့ ခုတော့ပြန်လာပါပြီ။
ဟုတ်ကဲ့ဆက်မျော်နေပါ့မယ်
ဟုတ်
စာကြည့်တိုက်အတွက်ရော
အခုလို post တင်တဲ့အတွက်ရော ဝမ်းသာမိပါတယ်ဗျ
ဟုတ်ကဲ့ ကျေးဇူပါ။
ကောင်းတယ် အခန်းဆက်ရေးတော့မယ်ပေါ့
ဖတ်လို့ကောင်းပ
ဇတ်လမ်း ကောင်းပီဆို ဆက်ရန်က လာပီ ဇွတ်ပဲ 😆😆😂😂
အားပေးနေပါတယ်ညီ။စောင့်မျှော်နေပါ့မယ်။
ဟုတ်ကဲ့ အခန်းဆက်ကလေး ရေးတော့မယ် အစ်မ။
အဟီး ဆက်မရေးနိုင်သေးလို့ပါ..။