4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မာယာများ​သော​လောက

အခုခေတ်မှာ
လက်မထပ်တဲ့သူတွေက
လက်ထပ်ထားတဲ့ အတိုင်းအတူတူနေတယ်။
လက်ထပ်ထားတဲ့ သူတွေက
လက်မထပ်မထား သလိုပဲ ခွဲနေကြတယ်။

တိရစ္ဆာန်တွေက
လူတွေလို အင်္ကျီဝတ်လာတယ်။
လူတွေက
တိရစ္ဆာန်တွေလို အသားတွေပေါ်လာကြတယ်။

ကလေးက
လူကြီးလို ရင့်ကျက်လာတယ်(၁၈+)။
လူကြီးက
ကလေးလို ငယ်မူပြန်ချင်ကြတယ်။

ဆင်းရဲတဲ့ လူတွေက အသားစားချင်တယ်။
ချမ်းသာတဲ့ လူတွေက အရွက်စားတယ်။
ချမ်းသာတဲ့ လူတွေက ပိန်ချင်တယ်။
ဆင်းရဲတဲ့ လူတွေက ဝချင်တယ်။

မိန်းကလေးက
ယောင်္ကျားလေးလို မိုက်ရဲလာကြတယ်။
ယောင်္ကျားလေးက
မိန်းကလေးလို ခြောက်လာကြတယ်။

ဆင်းရဲသားက
ဂုဏ်အတွက်
သူဌေးလို ဟန်ဆောင်လာကြတယ်။
သူဌေးသားက
အသက်အတွက်
ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်။

အိမ်ထောင်မကျခင်က
မိန်းမက Secretary လုပ်တယ်။
အိမ်ထောင်ကျပြီး
Secretary ကမိန်းမလုပ်တယ်။

တိတ်တိတ်ပုန်းက
မယားကြီးထက် ပိုချစ်ပြလာကြတယ်။
မယားကြီးက
စွန့်ပစ်ခံရမှာကြောက်လို့ 
အချိန်ပြည့် စိုးထိတ်နေကြရတယ်။

သူဌေးတွေက
မမြတ်ဘူးလို့ညည်းပြီး
တိုက်တွေ တစ်လုံးပြီးတစ်လုံးဖြစ်လာတယ်..။
လခစားတွေက
လစာထုတ်ရင် ပျော်ပြီး လုံးပါးပါးလာကြတယ်။

တဖြည်းဖြည်း နားလည်လာတာက
ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့ 
သိန်းသုံးရာတန် လက်ပတ်နာရီရဲ့အချိန်က
အတူတူပါပဲ။
ငါးရာတန်ဆေးလိပ်နဲ့ 
ငါးသိန်းတန်ဆေးလိပ်
ကင်ဆာဖြစ်ပုံခြင်း.......အတူတူပဲ။

ပေသုံးဆယ်ပတ်လည်အိမ်နဲ့ 
သုံးရာပတ်လည်အိမ်
အထီးကျန်ရတာခြင်းက အတူတူပဲ။
ရိုးရိုးတန်းမှစီးတာနဲ့ 
BUSSINESS Class မှာစီးတာချင်း
Accidentဖြစ်ရင် အိမ်မပြန်ရတာခြင်းအတူတူပါပဲ။

တစ်နေ့ 
သင်လည်း နားလည်လာလိမ့်မယ်။
ငါတို့တကယ်လိုချင်နေတဲ့အရာတွေက
တကယ်လိုအပ်နေတာလား..။
ဒါမှမဟုတ်
ငါတို့ မရှာဖွေ မိခဲ့တဲ့ပျော်ရွှင်မှုကပဲ
တကယ်လိုအပ်ခဲ့တာလား။

လိုချင်လျှင်........ဆင်းရဲသည်
မလိုချင်လျှင်......ချမ်းသာသည်ဆိုတဲ့
စကားလေးအတိုင်း
တခါတလေ
ဘဝမှာ
ရောင့်ရဲ တင်းတိမ်မှု ဆိုတာ လိုအပ်လာပါလိမ့်မယ်။

သင်....ဘယ်သူနဲ့နေရတာပျော်လဲ။
ထိုသူရဲ့ ဘေးမှာပဲ
ထာဝရ လက်မလွှတ်ဘဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ။

လူ့အဖြစ်က ရခဲလှပါတယ်။
ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို
ချစ်တတ် မြတ်နိုးတတ်ပါစေ......။
image
Credit ......မာယာများသောလောက
Sharing by -မောင်သူရ

41 upvotes $0.43

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: