Community post
လူနဲ့ အသိဉာဏ်

လူဆိုတာ ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အသိဉာဏ်အရှိဆုံးဆိုတာ အငြင်းပွားစရာမလိုအောင် သိနေကြပြီးသားပါ။
တကယ်တော့ လူဆိုတာလည်း သတ္တ၀ါတွေထဲက သတ္တ၀ါတစ်မျိုးမျှသာရယ်ပါ။ တခြားသတ္တာတွေလို ... အစာစားရတယ်. အိပ်စက်ကြရတယ်..
စသဖြင့် အခြေခံအချက်အတော်များများက တူညီကြတာပါပဲ။
မတူညီတဲ့ အချက်ဖြစ်တဲ့ အသိဉာဏ်...
အဲဒီအသိဉာဏ်က အတော်ကို အရေးပါပါတယ်။
အသိဉာဏ်ကြီးလို့ လူတွေဟာ တခြားသတ္တ၀ါတွေနဲ့ မတူညီခဲ့သလို
အသိဉာဏ် ကြီးရင်ကြီးသလောက် ... လူနဲ့ လူချင်းတောင် မတူတဲ့ အစွမ်းအစ အပြုအမူ အနေအထိုင်တွေကွာခြားလာပါတယ်။
ဒီနေ့ လူတွေ ...
လူတွေ တစ်ယောက်နဲ့ တစ်ယောက် တစ်အိမ်နဲ့ တစ်အိမ် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကူးလူးဆက်ဆံကြတဲ့အခါ... အများညီ ဤကိုကျွဲ လို့ ဖတ်ကြတဲ့ အခြေနေတွေလည်း ရှိလာပါတယ်။ ကိုယ်မကြိုက်တဲ့ သူရဲ့ လုပ်ရပ်အမှား အတင်းအဖျင်းဆိုရင် ပိုပိုသာသာလေးပြော နာနာလေးနှပ်တတ်ကြပေမယ့်
ကိုယ့်သဘောကျတဲ့ သူရဲ့ လုပ်ရပ်အမှား အတင်းအဖျင်းဆိုရင်တော့ မသိယောင်ဆောင်နေတတ်တာလည်း သဘာဝတွေထဲက သဘာဝတစ်ခုလိုဖြစ်လို့နေပါတော့တယ်။ ဒါကလည်း သာမန်အားဖြင့်မှန်ကန်နေတာပါပဲ။အသိဉာဏ်ကြီးသထက်ကြီးခဲ့မယ်ဆိုရင်တော့ ပိုမိုမှန်ကန်တဲ့ အမှန်တရားကို တွေ့မြင်ခံစား ပြုမူနေထိုင်ဖြစ်ကြမှာပါ။
Credit###
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.