4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

စိတ်ဒဏ်ရာ

image

လောကမှာ တရားမျှတခြင်းဆိုတာတော့ရှိဖို့ဟာ အရမ်းအရေးကြီးလွန်းလှပါတယ်။ မိသားစု၊ လူမှုရေး၊ စီပွားရေး အစစရာရာတိုင်းမှာမတော့ တရားမျှတခြင်းဟာ အလွန်အလေးထားသင့်ပါတယ်။ မိသားစုအတွင်းမှာ ဆိုလျှင်လည်း ပထမသားသမီးမွေးပြီး နောက်ထပ် ကလေးတစ်ယောက်ထပ်ရတဲ့အခါ မှာတော့ ပထမကလေးကို ဂရုစိုက်မှုဟာ မှေးမှိန်သွားတတ်ပြီးတော့ နောက်မွေးသည့် ကလေးကို ဂရုစိုက်လွန်းတဲ့အခါ အကြီးရဲ့ ရင်ထဲမှာ အငယ်ကို မနာလိုခြင်းဆိုတဲ့ စိတ်ဒဏ်ရာကြီး ဖြစ်စေတတ်ပါတယ်။ ဒါကို မိဘတွေက အရမ်းအလေးထားသင့်ပါတယ်။ ကလေးရဲ့ မသိစိတ်ထဲက ငါ့ကို ပစ်ထားလေးခြင်းဆိုတဲ့ အတွေး၊ ငါ့ကို အဖေနှင့်အမေက မချစ်တော့ပါလားဆိုတဲ့အတွေး တွေကြီးစိုးသွားတဲ့အခါ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ဘဲ ရှိလာတတ်ပါတယ်။ သူ့ရဲ့ ရင်ထဲမှာက အားငယ်တဲ့ စိတ်တွေလည်း ခိုအောင်းလို့နေတတ်ပါသေးတယ်။ သားသမီးတိုင်းကို မေတ္တာ အတူတူထားပြီး ချစ်တယ်ဆိုပေမယ့်လည်း ဂရုစိုက်မှုလေးကိုတော့ တရားမျှတစွာ ပေးသင့်ပါတယ်။ ဒါမှ သာလျှင် ကလေးရဲ့ ရင်ထဲမှာ စိတ်ဒဏ်ရာဆိုတာ မရှိမှာ ဖြစ်ပါတယ်။
ပြီးတော့ Broken Family ကနေ ဆင်းသက်လာတဲ့ ကလေးတွေဟာ သူတို့ရဲ့ စိတ်ထဲမှာ ဘယ်သူ့ဆုံးမပြောဆိုပစေ သူတို့ရဲ့ စိတ်က လက်ခံနိုင်ခြင်း မရှိတော့ပါဘူး။ တကယ့်အဖြစ်အပျက် တစ်ခုလေးကို ပြောပြချင်ပါသေးတယ်။ ကျွန်တော်ရဲ့ ရပ်ကွက်ထဲက အိမ်နီးချင်း မိသားစုအကြောင်းလေးပါ။

image

ကလေးလေး နှစ်နှစ်သားလောက်မှာပေါ့ အဖေနဲ့အမေဟာ ပဋိပက္ခ ဖြစ်ပြီးတော့ အမေဟာ တစ်ခြားကို ပြေးထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အသိဥာဏ်ရင့်ကျင့်မှု မရှိသေးတဲ့ ကလေးလေးဟာ သူ့အမေကိုမျှော်လင့်တမ်းတရင်နဲ့ အဖိုး၊ အဖွား၊ အဒေါ်၊ ဦးလေးတွေ ဘယ်လိုပင် မေတ္တာပေးဝေကာမှု သူ့ရဲ့ စိတ်ထဲမှာ သူ့အမေရဲ့ မေတ္တာချစ်ခြင်းတွေကိုပဲ့ တိတ်တခိုး မျှော်လင့်ရင်းနဲ့ မည်သူတွေ ဘယ်လို ဆုံးမကာစေမူ လက်သင့်မခံ၊ ကျောင်းနေတဲ့အခါမှာလည်း ဆရာ၊ ဆရာမတွေ က ဘယ်လိုပင်ကြင်နာစွာမေတ္တာတရားတွေ ပေးခဲ့လည်း ဆုံးမလို့ မရဘဲ ဂျစ်ကန်ကန်နဲ့ လူပေလေး တစ်ယောက်ဖြစ်ခဲ့ပါတယ်။ တစ်ချို့ မိသားစုတွေမှာလည်း အဖေနဲ့အမေဟာ ကလေးတွေရဲ့ရှေ့မှာ ကြမ်းတမ်းစွာ ရန်တွေဖြစ်ပြ၊ အဲဒါကို ကလေးတွေရဲ့ စိတ်ထဲမှာ ကြောက်စိတ်တွေ ၀င်ပြီတော့ လောကအရွှဲ့တိုက်တတ်လာခဲ့ကြတယ်။ ဒါကို ကြည့်ခြင်းဖြင့် မိဘတွေဟာ ကလေးတွေရဲ့ ရှေ့မှာ အော်ကြီးဟစ်ကျယ် စကားများခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ မိဘအချင်းချင်း ပြဿနာဖြစ်ခြင်းဟာ ကြိုးဝိုင်းထဲက ထိုးသတ်ခံနေရခြင်းက ကလေးတွေရဲ့ စိတ်တွေဖြစ်ပါတယ်။ မြေစာပင် ဖြစ်နေကြရှာတဲ့ ကလေးတွေရဲ့  စိတ်လေးတွေကို မြင်တတ်ဖို့တော့ မိဘတွေ အထူးသတိထားသင့်ပါတယ်။

image

တိတ်တဆိတ်နဲ့ ၀မ်းနည်းနေတတ်တဲ့ ကလေးတွေရဲ့ ဘ၀လေးတွေကို မြင်အောင် ကြည့်တတ်ပေးကြဖို့ လိုပါတယ်။ တစ်ချို့ ပတ်ဝန်းကျင်တွေလည်း မိသားစုအတွင်းနောက်တစ်ယောက် ထွန်းကာလာတဲ့အခါ အကြီးတွေကို “နင်က မွေးစားသား၊ မွေးစားသမီး” လမ်းဘေးက ကောက်ရထားတာ ၊ အမှိုက်ပုံထဲက နေယူလာတာ” အဲလိုစကားလေးတွေနဲ့ ကလေးတွေရဲ့ ရင်ဘတ်ထဲကို ဒဏ်ရာတွေ ထည့်ပေးတတ်ပါသေးတယ်။ ပတ်ဝန်းကျင်ကလည်း အလွန်အရေးကြီးလှပါတယ်။  နုနယ်လွန်းလှတဲ့ သူတို့ရဲ့ နှလုံးသားလေးတွေကို ဒဏ်ရာတော့မပေးသင့်ကြပါဘူး။ 
တချို့ ဖခင်များဟာ သားသမီးများကို အတုယူမမှားစေဖို့အတွက် အရက်၊ ဆေးလိပ်၊ ကွမ်း များကို မ၀ယ်ခိုင်းသင့်ပေ။ မိမိသားသမီးများ လိမ်မာဖို့အတွက် ပထမဦးဆုံး လက်ဦးဆရာဟာ မိနှင့်ဘ ဖြစ်သဖြင့် မိမိ၏ရင်မှ ဖြစ်သော ကလေးများကို စောင်းကြိုးကလေးများကဲ့သို့ ကိုင်တွယ်တတ်ဖို့ အလွန်အရေးကြီးလှပါတယ်။ 
ချစ်ခြင်းမေတ္တာများကိုလည်း အကြီးကို ဘယ်လောက်ချစ်ပါသည်။ အလတ်အားဘယ်လောက်ချစ်လို့ အငယ်အား ဘယ်လောက်ပဲ့ ချစ်ပါတယ်လို့ မခွဲခြားဘဲ တရားမျှတစွာ ချစ်တတ်ဖို့လည်း အလွန်အရေးကြီးလွန်းလှပါတယ်။

ပြီးခဲ့သော တစ်ပတ်လောက်က Facebook မှ Post လေးတစ်ခု ဖိတ်မိခဲ့ပါတယ်။ နှစ်တန်းသမီးလေးအရွယ် ကလေးမလေးဟာ သူ့ညီမ အငယ်လေးကိုဘဲ့ မိသားစုတစ်ခုလုံးက ချစ်နေတယ်လို့ ထင်ပြီးတော့ သူ့ရဲ့ ရင်ထဲက စိတ်ခံစားချက်လေးကို စာရွက်ပေါ်မှာ ရေးချထားခဲ့ပါတယ်။ အဲဒါကို အဖွားနဲ့အမေက မြင်ပြီးတော့ ရင်ကွဲထွက်မတတ်သူတို့ခံစားခဲ့ရပါတယ်။ သူ့ကို မချစ်တော့လို့ သတ်ပဲ့သေလိုက်ရမလား၊ အိမ်ကပဲ့ထွက်ပြေးလိုက်ရမလား၊ ငါ့ကို အဖွားကလည်းအော်တယ်။ အဖေနဲ့အမေကလည်း သူ့ကို ဂရုမစိုက်ဘူး။ ညီမအငယ်ကိုပဲ့ ဂရုစိုက်နေတယ်လို့ သူ့စိတ်ထဲမှာ ဒဏ်ရာတွေ ဖြစ်နေခဲ့တယ်။ အဖေနဲ့အမေက အလုပ်နဲ့ ဂရုစိုက်မအား၊ အားတဲ့အခါ ဖုန်းပွတ်နေတော့ သူ့ခမျာဟာ အဖေနဲ့အမေကို ချွဲနွဲချင်ပေးမယ့် မိဘတွေဟာ အချိန်မပေးချင်လေတော့ သူမရဲ့ ကလေးသာသာ အတွေးလေးနဲ့ ကြိတ်မှိတ်မခံစားနိုင်ရှာလေတော့ စာရွက်လေးပေါ် ချရေးထားခဲ့လို့သာ တော်ပါသေးတယ်။ နို့မိုဆိုလျှင် ဒီကလေးရဲ့ ဒဏ်ရာမည်မျှထိကြီးထွားလာမယ်ဆိုတာ့ခန့်မှန်းလို့ မရနိုင်ပေ။ ဒီစာလေးကို အဖွားက မြင်သွားလို့သာ မိဘတွေဟာ ပြင်ဆင်ချိန် အချိန်မှီလို့တော်ပါသေးရဲ့။ မဟုတ်လျှင် ဒီကလေးဟာ ရွဲ့တတ်သော စိတ်၊ မယုံကြည်တတ်သောစိတ်၊ ပြောဆို ဆုံးမလို့ မရနိုင်သောစိတ် အစရှိသော ဆိုးကျိုးတွေသာ ဖြစ်လာပါတော့မည်။ 

image

ဒါကြောင့် မိဘအများအနေဖြင့် တရားမျှတစွာချစ်ခြင်းမေတ္တာများပေးတတ်သူများဖြစ်ကြပါစေ။ နည်းမှန်၊ လမ်းမှန်ချစ်တတ်ကြပါစေ။ လက်ဦးဆရာဖြစ်သော ”မိနှင့်ဘ” မှ နည်းမှန်ပေးလို့ နည်းမှန်ချစ်နိုင်မှသာလျှင် မိမိ၏ ကလေးများဟာ နောင်တစ်ချိန်မှာ လိမ္မာယဉ်ကျေးလို့ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ကာ လူတော် လူကောင်းများ ဖြစ်လာကြပေမည်။

Steemit အဖွဲ့သားအားလုံး မျှတသော ချစ်ခြင်းမေတ္တာတရားများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။
Author - @rocketgyi
MSC – 148
Credit – Google image

47 upvotes $3.70

Replies (24)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: