Community post
စပ်မိစပ်ရာ (၁)

ရောင်နီခြယ်မှုန်း ထက်ကောင်းကင်ယံမှာ
အပြာနောက်ခံ အဖြူရောင်ခြယ်မှုန်း
ဘယ်ဆီဘယ်ဝယ် မသေချာ
ဟိုးအဝေးက ခေါင်းလောင်းထိုးသံလေး
လေ့အသင့်မှာ ကြားတချက်မကြားတချက်
သစ်ပင်အိုကြီးရဲ့ မြည်တမ်းသံများ
နားမခံသာသူတို့ သတ်ပစ်ခဲ့ကြ
ရင်ခွင်မဲ့ ငှက်ကလေးများ
အသိုက်ပျောက်ခဲ့ပေါ့....
ငါပေးခဲ့ ငါ့အရိပ့် oxygen နဲ့ ချိုမြမှုတို့
သေဒဏ်က သက်ညှာပေးဖို့ရာ
မလုံလောက်တော့ဘူးလား
အသင်လူသား....
Author Rocketgyi
MSC 148

Replies (4)
ရင်ခွင်မဲ့ ငှက်ကလေးများ
အသိုက်ပျောက်ခဲ့ပေါ့..
စာသားလေးလှတယ် ရင်ထဲရှိတာ ချရေးရတာ
ျွန်တော်တော့ ဒါကဗျာပဲ
😁 ဟုတ်bro ရေးမိရေးရာ စိတ်ထဲရှိရာ ရေးရင်း ပို့စ်ဖြစ်သွား😁
စိတ်ထဲရှိတဲ့အတွေးလေးကိုကဗျာလေးအဖြစ်ပြောင်းပစ်လိုက်တာပေါ့အဓိပ္ပယ်လေးကောင်းပါတယ်
အို အသင်လူသား
မငြီးတွားနဲ့ ဤခရီး နီးသလား ဝေးသလား
အတွေးများဖြင့် ထွေပြားမနေနဲ့လော့
ကြိုးစားလော့ နိုးကြားလော့