4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ပဋ္ဌာန်းပူဇော်ပွဲ စစ်ကိုင်းမြို့ ရွှေခါဝပ်ဘုရား

၁၃၈၁ ခုနှစ် စစ်ကိုင်းမြို့ ပဲခူးရပ် ရွှေခါဝပ်မြတ်စွာဘုရား နစ်စဉ်ကျင်းပမြဲဖြစ်သော( ၁၃ ) ကြိမ်မြောက် မဟာပဋ္ဌာန်းရွက်ဖတ် ပူဇော်ပွဲ အခန်းအနား
အခန်းနားမှူး ဦးနန္ဒသာရ ရဲပဒိုင်ကျောင်းမှဆောင်ရွက်ပြီး
ဘုရားပင့် ဂါထာကို မဟာစေတီကျောင်းဆရာတော်မှ ဆောင်ရွက်ပါသည် ။ထို့နောက်သီလပေး ဆရာတော် ရွှေတောင်ဦးမော်ဆရာတော် ထံမှငါးပါး သီလခံယူကြသည် ဓမ္မစကြ်ာဝတ်အသင်းသူများက ရှစ်လုံးဘွဲ့ သံစမ်းကဗျာများဖြင့်ပူဇော်သည်။ ထို့နောက် နတ်ပင့်ဂါထာကို ဇေယျာညွန့် ဦးသုမနမှနတ်ပင့် ဂါထာကိုရွက်ဖက်ပြီးနောက် ရွှေတောင်ဦးမော် ဆရာတော်ဘုရားနှင့်တကွ နမောတဿ နှင့် ၂၄ ပစ္စည်း ဟေတုပစ္စယောမှစ၍ သုံးခေါက်သံပြိုင်ရွက်ဆိုကာ ပဋ္ဌာန်းပွဲကို စတင်ကျင်းပသည် ။ ပဋ္ဌာန်းတရားနာလိုသူ သဒ္ဓါရှင်ပါရမီရှင်များနှင့် ဒါတဗ္ဗဝတ္ထု အစုစု လှူဒါန်းလိုသူအပေါင်း ဝါဆုလပြည့်ကျော် (၅ ရက်နေ့မှ ၉) ရက်နေ့ထိ ကြွရောက်ကြည်ညိုသဒ္ဓါပွားနိုင်ပါသည် ။

#chirstonawba

မဟာစေတီဆရာတော်

ဇေယျာညွန့်ဦးသုမန

ရွှေတောင်ဦးမော်ဆရာတော်

Posted using Partiko Android

17 upvotes $0.00

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: