4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ညနေခင်းထဲကအတွေးတစ်ချို့

တစ်ခုသော ညနေခင်းလေးမှာ ကျမတို့ညီအမနှစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ ကျမအမရဲ့ သူငယ်ချင်းဖြစ်တဲ့ မရိုစီ(နာမည်လွှဲ)တို့အိမ်ကို အလည်သွားခဲ့ကြပါတယ်,

"ရိုစီ ရေ ရိုစီ"

သုံလေးခေါက်လောက် အော်ခေါ်လိုက်တဲ့ ကျမအမရဲ့ အော်ခေါ်သံအဆုံးမှာ မရိုစီတစ်ယောက် ကွန်ပြူတာရှေ့ကနေ မျက်မှန်ကြီးတန်းလန်းနဲ့ အိမ်ရှေ့ကို ထွက်လာပါတယ်,

"ဘယ်သူတွေလဲဟဲ့"

"ငါပါဟဲ့, ငါမနက်ဖြန် နေပြည်တော့်ပြန်တော့မှာမို့လို့ နင့်အမ ချုပ်ခိုင်းထားတဲ့ အင်ကျီလေးလာပေးတာ"

မရိုစီရဲ့အမလုပ်သူက ကျမရဲ့အမမှော်ဘီရောက်တုန်း အင်ကျီလေးလာအပ်ထားသည်,
အင်ကျီပြီးတဲ့အချိန်မှာ သူကခရီးထွက်သွား၍ ကျမတို့ညီအမနှစ်ယောက် သူ့ရဲ့ညီမဖြစ်တဲ့ မရိုစီထံကိုဘဲ သွားပေးရခြင်းဖြစ်သည်,
အမှန်ပြောရရင် သူတစ်ဖက်သားအပေါ်မှာ စကားအပြောအဆိုရော အနေအထိုင်ရော တင်စီးလွန်းသည့် မရိုစီကို ကျမအမက သိပ်တော့မပါတ်သက်ခြင်,
သူငယ်ချင်းဖြစ်တဲ့ သူရဲ့အမကို ခင်မင်လွန်း၍သာ အင်ကျီကိုလည်း ပိုက်ဆံမယူဘဲ ချုပ်ပေးပြီး အိမ်တိုင်ရာရောက်ပင် သွားပို့ပေးထားခြင်း ဖြစ်သည်,

"စားပြီးပြီလား ရိုစီ"

"မစားရသေးပါဘူးဟယ်,
ဟိုသေနာကောင်ကို ထမင်းခူးခိုင်းမလို့စောင့်နေတာ,
သေချင်းဆိုးက ဘယ်ထွက်သွားလည်း မသိဘူး"

ဘုရား...ဘုရား,မရိုစီရဲ့စကားကို ဒီတစ်ခါအံ့အားသင့်ရသူက ကျမပင်ဖြစ်သည်,
သူထမင်းခူးခိုင်းမယ့် သေနာကောင်ဆိုတာ တခြားသူလည်းမဟုတ် သူ့ယောက်ကျား,
ဘယ့်အတွက်ကြောင့်များ ကိုယ့်ယောက်ကျားကို လူအများအရှေ့မှာ နိုင့်ထက်စီးနင်းတွေ ပြောထွက်နိုင်ရတာပါလဲ.,

သူ့ယောက်ကျားသူနိုင်ရတာကို လူအများရှေ့မှာ ဂုဏ်ယူခြင်တာလား,
ဒါမှမဟုတ် ယောက်ကျားရဲ့ဂရုစိုက်မှုတွေ ချစ်ခင်မှုတွေကို လူအများရှေ့မှာ ဖော်ထုတ်ခြင်တာလား,
ကိုယ် နင့်မဲငဆ ပြောဆိုလိုက်လို့ ကိုယ့်ယောက်ကျားရော ကိုယ်ရော သိက္ခာကျသွားတာကိုတောင် မမြင်နိုင်တော့ဘဲ မှားယွင်းစွာ မဏ္ဍပ်တိုင်တပ်ပြခြင်တာလားဆိုတာ ကျမတောင် မဝေခွဲတတ်တော့ပေ,

တကယ်တမ်းပြောရမယ်ဆိုရင် မရိုစီရဲ့ခင်ပွန်းဟာ ပြောစရာမလိုလောက်အောင် အေးဆေးတည်ငြိမ်သည့် လူတော်တစ်ယောက်ပင်ဖြစ်သည်,
မရိုစီတို့ လင်မယားနှစ်ယောက်လုံးဟာ ဘွဲ့ရကညာတတ်တွေလည်း ဖြစ်သည့်အလျောက် ကိုယ်စီ ရုံးပိုင်းဆိုင်ရာ အလုပ်တွေကို ဝင်လုပ်နေသူများလည်းဖြစ်သည်,

မရိုစီကတော့ ခလေး၂ယောက်မွေးပြီး ခလေးတွေ၂နှစ်သုံးနှစ်အရွယ်ရောက်မှသာ အလုပ်ခွင်ကို ဝင်ခဲ့ခြင်းဖြစ်သည်,
အိမ်ထောင်ကျပြီး မရိုစီလုပ်ငန်းခွင်သို့မဝင်ဖြစ်သေးသည့်အချိန်တွင် သူရဲ့ခင်ပွန်းလစာနှင့်သာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့ရသည်,
ဒီအချိန်မှာ မိန်းမသားတစ်ယောက်ရဲ့ ချွေတာစုဆောင်းမှုတို့ ပါးနပ်လိမ္မာမှုတို့ဆိုတာ အရမ်းကို လိုအပ်လာပါပြီ,
မရိုစီရဲ့ 'ရသမျှလစာ တစ်ပြားတစ်ချပ်မှမလျော့ဘဲ ပြန်အပ်ရမယ်ဆိုတဲ့ 'ရာဇသံအောက်မှာ အစစအရာရာ အလျော့ပေးတဲ့သူ့ယောက်ကျားဟာ သူရတဲ့လစာ ၅သိန်းကို အတိအကျပြန်အပ်ခဲ့ပါတယ်,
သူ့ရဲ့ သွားရင်းလာရင်းသုံးစွဲမိတဲ့ တစ်လအတွင်းအသုံးစားရိတ်တွေ ရှိလာခဲ့ရင်လည်း သူ့မိန်းမ မသိအောင် အပြင်မှာသာ သူ့နည်းသူ့ဟန်နဲ့ဖြေရှင်းနဲ့ဘဲ တဖြည်းဖြည်းအကြွေးတွေလည်း တင်လာရပါတယ်.,
ဒါဟာ ယောက်ကျားအပေါ်နားလည်မပေးတဲ့ မိန်းမနဲ့ မိန်းမအပေါ်ပွင့်လင်းမှုမရှိတဲ့ ယောက်ကျားရဲ့ နှစ်ယောက်ကြားက ညှိနှိုင်းမှုကင်းမဲ့တဲ့ လွဲချော်မှုလေးတွေလို့ ဆိုရမှာပါ,

အတိုချုပ်ပြီးပြောရရင် ပင်ကိုယ်ဗီဇအခံရဲ့ ကြွားဝါဂုဏ်ဖော်စိတ်လေးတွေအရ တစ်ကျပ်ဝင်ငွေရှိရင် နှစ်ကျပ်သုံးခဲ့တဲ့ မရိုစီရဲ့မလိမ္မာမှုတွေနဲ့ မိန်းမကိုအလိုလိုက်လွန်းတဲ့ သူ့ယောက်ကျားရဲ့ အလျော့ပေးလွန်းတာတွေကြောင့် သူ့ယောက်ကျားဟာ နောက်ဆုံးမှာ အလုပ်ခွင်မှာပါ အကြွေးတွေဝိုင်းပြီး ပြန်မဆပ်နိုင်တော့တဲ့အဆုံး အလုပ်ပါထွက်လိုက်ရပါတယ်,

အခုကျမတို့ညီအစ်မနှစ်ယောက် သူတို့အိမ်ကိုရောက်ခဲ့ပုံအရ သိရတာ မရိုစီကအလုပ်ထွက်လုပ်ပြီး သူ့ယောက်ကျားကတော့ အလုပ်အသစ်ထပ်ရှာရင်းနဲ့ အိမ်မှာကလေးထိန်းပြီး အလုပ်ခနနားနေတယ်လို့ ကြားခဲ့ရပါတယ်,
ကျမပြောခြင်တဲ့အပိုင်းကိုရောက်ပါပြီ,
အိမ်ထောင်တစ်ခုမှာ ယောက်ကျားမှမဟုတ်ပါဘူး,အခြေအနေနဲ့ အချိန်အခါအရ မိန်းမလည်း အလုပ်ထွက်လုပ်သင့်ရင် လုပ်ရပါတယ်,
အခက်အခဲအရ ယောက်ကျားလုပ်သူက အပြင်အလုပ်မလုပ်နိုင်သေးလည်း အိမ်မှာရှိတဲ့အချိန် အထိုက်အလျောက် မိသားစုအတွက်အကူအညီရနေတယ်ဆိုရင် ကိုယ့်ယောက်ကျားကို ကိုယ်ကနားလည်ပေးရပါမယ်.,
ကိုယ့်ယောက်ကျားက ကျရှုံးနေရင်တောင် မိန်းမဖြစ်သူက အတတ်နိုင်ဆုံးဖေးမပြီး မြှင့်တင်ပေးရမှာပါ,
အခုလိုအလုပ်လက်မဲ့ဖြစ်ချိန်မှာ (တာဝန်သိပြီး မိသားစုရှေ့ရေးကို ပူပင်တတ်တဲ့)အိမ်ထောင်ဦးစီး ယောက်ကျားတိုင်းဟာ အရင်ကထက်ပိုပြီး တွေးတောပူပန်မှုတွေနဲ့အတူ စိတ်အားငယ်တတ်ကြပါတယ်,
ဒါကို ကိုယ့်ရဲ့အရင်းနှီးဆုံးလူသားဖြစ်တဲ့ ကိုယ့်မိန်းမကိုယ်တိုင်က လူအများကြားမှာ နိုင့်ထက်စီးနင်း မထီမဲ့မြင်တွေလုပ်နေရင်,နှစ်ကိုယ်ကြားမှာ သည်းခံနိုင်ပေမယ့် အများရှေ့မှာ အဲ့လို့လုပ်ရပ်တွေ တဖြည်းဖြည်းစိပ်လာတာတာနဲ့အမျှ သူ့ရဲ့အတွေးတွေလည်း အဆိုးဘက်ကိုရောက်သွားနိုင်ပါတယ်,
ခုတွေ့မြင်ခဲ့ရတဲ့ မရိုစီတို့ရဲ့အိမ်ထောင်ရေးမှာလည်း နှစ်ဦးကြား မသိလိုက် မသိဖာသာနဲ့ လွဲမိကြတဲ့ အမှားလေးတွေကနေ အဖုအထစ်လေးတွေ ဖြစ်သွားမှာ စိုးရိမ်မိပါတယ်,
ဝင်မစွက်ဖက်ကောင်းတဲ့အရာတွေအတွက် ကာယကံရှင်ကိုယ်တိုင်သာ အမြန်ဆုံး နားလည်မှုရှိလာပါစေလို့သာ ဆုတောင်းရင်းသာ မရိုစီတို့အိမ်က အပြန်ခရီးကို အတွေးပေါင်းများစွာနဲ့ ဖြတ်သန်းလာခဲ့ပါတော့တယ်။
Author:@sandipoe
MSC.035
received_977775205715748.jpeg

60 upvotes $0.68

Replies (19)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: