4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

"ဇွတ်ကျား"

IMG_20180605_072210.jpg
မိန်းကလေးဆိုတာကလေ တစ်ခုခုထူးခြားတဲ့ အကြောင်းအရာလေးတွေ ခေတ်စားလာပြီ, ဟိုးလေးတကျော်ကျော်ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ သက်ဆိုင်သူ ယောက်ကျားသားကြီးကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေတတ်တာမျိုးရှင့်,,,
ငါ့ယောက်ကျားများ အပါအဝင်ဖြစ်နေမလား ဆိုတာမျိုးပေါ့နော်,,,
ခုတစ်လော ကျမတို့ အိမ်ထောင်ရှင်မိန်းမသားထုကြီးကြားမှာ 'ခေတ်စား'နေတဲ့ ကိုယ့်အမျိုးသားတွေများ 'ဇွတ်ကျား'နေကြမလားဆိုတဲ့ အတွေးဂယက်တွေကြားမှာ မိန်းမသားတစ်ချို့လည်း အချိန်မလွန်ခင် စူးစမ်းလေ့လာနေကြတဲ့ သတင်းတွေကို ခိုင်လုံနဲ့ရပ်ကွက်က ရ ထားတယ်လေ,,
ဒီတော့ကား အိမ်ထောင်သက် ၂နှစ်ကျော်ပြီး ခလေးတစ်ယောက်ရထားတဲ့ ကျမ မေမေစုလည်း အိမ်က ပုရိသကြီး 'ဇွတ်ကျား'ပြီး တူတူပုန်းနေတာမျိုး မဖြစ်အောင် ကွင်းဆင်းလေ့လာဖို့ ဆုံးဖြတ်လိုက်တယ် ဆိုပါတော့,

ဟုတ်မဟုတ်သိရအောင် ပထမဆုံး ဇွတ်ကျား တွေရဲ့ ရုပ်ရည်သွင်ပြင်နဲ့ အိမ်က အချစ်တော်ကြီးရဲ့ ရုပ်ရည်သွင်ပြင်ကို နှိုင်းယှဉ်ကြည့်ဦးမှပါ.,

အိမ်းးးးးး.,
များသောအားဖြင့် ဇွတ်ကျားတွေက နှုတ်ခမ်းမွှေးတွေထား gymတွေဆော့ပြီး သူတို့ရုပ်ရည်နဲ့ body structureကို ယောက်ကျားအရမ်းပီသပြီး ကျားကျားလျားလျားပုံစံကြီး မပေါက်ပေါက်အောင် ထားတတ်ကြတယ်,,
အိမ်ကအချစ်တော်ကြီးကတော့ မိန်းမက နှုတ်ခမ်းမွှေးရေးရေးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးတွေကို ကြိုက်လို့ မရိတ်ပါနဲ့လို့ ပြောထားပေလို့သာ အောင့်အီးနေတာ,,
ဒါတောင် အရမ်းရှည်လာတာနဲ့ အလစ်ချောင်းပြီးရိတ်ပစ်တာဆိုတော့ ဇွတ်ကျားဖြစ်ခြင်ရင် နှုတ်ခမ်းမွှေးရှိရမယ်ဆိုတာတောင် သူသိပုံမရပါဘူး..,

ဒါဆိုရင် အလှအပတွေများ စိတ်ဝင်စားနေသလား ကြည့်ရမယ်.,,

ဒါလည်း မဖြစ်နိုင်ပါဘူး,,,
ဘာလို့လည်းဆိုတော့ အိမ်ကလင်တော်မောင်က အိမ်ထောင်ကျပြီးကတည်းက ခြွေတာလိုက်တာဆိုတာ...နှစ်ယောက်သုံးဖို့ဝယ်ထားတဲ့ မျက်နှာသစ်ဆေးတွေ နို့ရည်တွေတောင် အကုန်လွယ်မှာဆိုးလို့ မလိုအပ်ရင်မသုံးရှာဘူး,,မိန်းမဘဲသုံးတဲ့ ,,
အင်းးး.,
ဒါပေမယ့် အဝတ်အစားတွေနဲ့များ ရှိုးထုတ်နေသလားဆိုတာလည်း စစ်ဆေးရဦးမယ်,..

ဒါလည်း ပိုတောင်မှဝေးသေးတယ်,,
သူ့ခမျာ အဝတ်အစားအသစ်ဆိုလို့ ကိုယ်ဝယ်ပေးထားတဲ့ အထည်လေးတွေဘဲဝတ်တာ,,,ဒါလည်းမဖြစ်နိုင်ပေဘူး,,
IMG_20180605_072324.jpg
သြော် ကျန်သေးတယ်,,
ဇွတ်ကျားတွေရဲ့ crazy , ဆယ်လ်ဖီ ကိုလည်း စစ်ဆေးရဦးမယ်,,
ဒင်းးငါမသိဘဲ ဆယ်ဖီပုံတွေ တဖျပ်ဖျပ်ရိုက်ပြီး fbပေါ်မှာ ပလူပျံနေသလားဆိုတာ,

အမယ်လေး
ကိုတော်ချောက သူ့ပုံသူရိုက်ဖို့နေနေသာသာ သူ့သမီးရဲ့ထူးခြားချက်တွေကိုဘဲ တစ်နေ့တစ်နေ့ ထိုင်ပြီး မှတ်တမ်းတင်နေတာဆိုတာ,,တစ်ခါတစ်လေ မိန်းမဖြစ်တဲ့ကိုယ်တောင် အဆစ်ပါသေး,,မလှမပအိပ်နေတဲ့ပုံတို့ ကပိုကရိုဖြစ်နေတဲ့ပုံတို့ဆို လှမ်းလှမ်းရိုက်ပြီး fbပေါ်တင် ဆေးထိုးတာဆိုတာ ပြောကိုမပြောခြင်ဘူး,,
ဆယ်ဖီရိုက်ပြီး ဇွတ်ကျားရကောင်းမှန်းလည်း သူသိပုံမရပါဘူးလေ,,

အပေါ်ယံရုပ်ပိုင်းဆိုင်ရာတွေချည်း လိုက်စစ်နေလို့လည်း စိတ်မချရသေးဘူး,,
ဘာတွေကြိတ်ပြီး ကြံစည်နေလဲဆိုတာ သူ့ရဲ့messangerတွေvibreတွေကိုလည်း စစ်ဆေးရဦးမယ်,,
တော်ကြာနေ ဇွတ်ကျားပြီး တူတူပုန်းနေတာလေးတွေ chat boxမှာ သွားပွင့်နေမှဒုက္ခ......,,

သြော်....ငါ့နှယ့်နော်..စိုးရိမ်ကြီးနေလိုက်တာ,,,
သူသုံးတဲ့accတွေရဲ့ passwordမှန်သမျှလည်း ငါမသိတာကြနေတာဘဲ..,
မထင်ရင် မထင်သလို ထ ရစ်တတ်လွန်းလို့ ဘာလုပ်လုပ် ငါသိအောင် မဖျက်ဘဲထားပြီး passwordပါ အဆစ်ထပ်ပေးထားတာကို ဘာတွေကြံဖန်ပြီး စိုးရိမ်နေပါလိမ့်,,
ပျင်းပျင်းရှိရင် သူ စ နောက် ထားတဲ့ conversationလေးတွေကိုဘဲ ဝင်ဖတ်ပြီး ခွီနေရလို့ ကျေးဇူးတောင်တင်ရဦးမယ်...
ယောက်ကျားလေးအချင်းချင်း ဇွတ်ကျားပြီး cbမှာပွင့်ထွက်ရအောင်လည်း သူလိုက် စ နေတဲ့သူတွေက မိန်းကလေး သူငယ်ချင်းတွေဘဲဆိုတော့ မဖြစ်နိုင်ပါဘူးလေ..,
ကျားတွေနဲ့ ပြောထားတာတွေကလည်း မိန်းကလေးယောင်ဆောင်ပြီး ဆေးထိုးထားတာတွေချည်းဘဲဆိုတော့ မပွင့်တန်ရာပါ,

ဘာကျန်သေးလည်း……စဉ်းစားစမ်း…

facebook,
အင်းး facebookကလည်း ငါဝင်သုံးထားတဲ့ accတွေအတိုင်းဘဲ သူဆက်သုံးနေကြဆိုတော့ ခေါင်းထဲထည့်စရာမလိုပါဘူးလေ…
ကိုယ်တွေအတွက်က facebookထက်ပိုကောင်းတဲ့ အပိုဝင်ငွေရပြီး ဗဟုသုတလည်းတိုးစေမယ့် steemit blogကြီး တစ်ခုလုံးက လွှမ်းမိုးနေပြီဆိုတော့,..စာရေးခြင်စိတ် မရှိ ရှိလာအောင် အတင်းဆွဲခေါ်ပြီး steemitလမ်းကြောင်းပေါ် တင်ပေးတဲ့ သူ့ကိုတောင် ကျေးဇူးတင်ရဦးမယ်,,

အမှန်ပြောရရင်တော့ ရန်မဖြစ်ရတာကြာလို့ ယောက်ကျားကို အပြစ်လိုက်ရှာနေပါ.,
ကျမ ယောက်ကျားက ဇွတ်မကျားပါဘူးနော်.,
ရန်မဖြစ်ရတော့ အချိန်ပို,အချိန်ပိုနေတော့ ယောက်ကျားကို အပြစ်လိုက်ရှာပြီး လိုက် စ နေတာပေါ့,
ဒီတစ်ခါ စ တာကတော့ ချစ်လို့ စ တာနော် ယောက်ကျား...,
ကိုယ့်ယောက်ကျားကို ချစ်လွန်းလို့ မျက်စိဒေါက်ထောက်ကြည့်ပြီး အပြစ်လိုက်ရှာနေတယ်မှတ်ပါ.,
ကျန်ခဲ့တဲ့ ၁နှစ်ကျော်အချိန်တွေတုန်းကဆို ယောက်ကျားကို မျက်စိဒေါက်ထောက်ပြီး ကြည့်ဖို့နေနေသာသာ မျက်နှာခြင်းဆိုင်တာနဲ့ ရန်ဖြစ်ရလွန်းလို့ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်နေရတာနော်,,
ခုနေကတော့ အာ့အဖြစ်အပျက်ဆိုးတွေ ပြန်တွေးတိုင်း နှစ်ယောက်လုံးအဖို့ ဟာသတစ်ခုထက်မပိုတော့ပါဘူး.,,

ကဲ…ကျမကတော့ ကျမယောက်ကျားကို ဇွတ်ကျားစစ်ဆင်ရေး လုပ်ပြီးပြီမို့ ညလေးတို့ မမတို့လည်း ကိုယ့်ခင်ပွန်းကို မျက်စိဒေါက်ထောက်ပြီး မြန်မြန် အပြစ်ရှာ အဲလေ မြန်မြန် စစ်ဆင်ရေးလုပ်ကြပါလို့ ဒီဆောင်းပါးလေးကနေ တစ်ဆင့် နှိုးဆော်လိုက်ပါတယ်ဗျို့……,,,
Author:@sandipoe
MSC.035
IMG_20180331_215502.jpg

62 upvotes $0.57

Replies (26)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: