4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဝေဒနာလမ်း

ခွင့်လွတ်ခဲ့မိတယ် စာနာမိခဲ့တယ် အိပ်မက်တွေ ပေးခဲ့မိတယ်.………
မလွန်ဆန်နိုင်တဲ့ နှောင်ကြိုးတခုနဲ့ ကာရံတွေကို ရေးချမိခဲ့တယ်………
သေလွန်သွားတဲ့ ဝေဒနာတွေကို အသုံးချ ဘဝအဘိဓမ္မာတစ်ပုဒ်နဲ့ ရင်နှီးပေးဆပ် နှလုံးသားအပ်နှင်းရင်း
အပြစ်ကင်းစင်တဲ့ ကလေးတယောက်ရဲ့ နှလုံးသားက မေတ္တာတွေနဲ့ အဖြူရောင်သက်သက် သစ္စာတွေကို
ခရောင်းလမ်းမှာ မပြောင်းစတမ်း မေတ္တာတွေ ထားရစ်ခဲ့တယ်.……………
ဝေဒနာတွေကို မခင်းကျင်းခဲ့ဘူး………
ဒဏ်ရာတွေကို မကုစားခဲ့ဘူး…………
မူဝါဒလမ်းစဉ်ရဲ့ နောက်ကွယ်က ချည်နှောင်ခံလိုက်ရတဲ့ သံယောဇဉ်က သောကရင်ခွင်မှာ မေတ္တာကြယ်စင်တွေလည်း အထီးကျန်မှတ်တမ်းတွေမှာ ချို့တဲ့စွာနဲ့ နေရာလစ်ဟာနေခဲ့ပြီရှင်………………
author:@sanmoon
photo:credit google

Posted using Partiko Android

5 upvotes $0.01

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: