4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Look my life

ကမ္ဘာကြီးက ကိုယ့်ကို ထမ်းပိုးလို့ထားတယ် ။

မရည်ရွယ်ပဲ ခေါင်းမော့မိတော့ ငိုမဲ့မဲ့ကောင်းကင်နဲ့ မမျှော်လင့်ပဲ မျက်နှားချင်ဆိုင်မိ ..
ပြာလဲ့လဲ့အငွေ့တွေကြားကနေ ပင့်သက်ရှိုက်တင်ရင်း သက်ပြင်းတစ်ခု ခိုးလို့ချ ..
တစ်မိုးအောက်၊ တစ်မြေတည်းကိုနင်းပြီး တစ်နေရာဆီဝေးသွားခဲ့ရတဲ့ ချစ်ခြင်းမေတ္တာတွေ ..
တိမ်တောင်တွေအထက်မှာ တွဲလဲခို ..။

မြက်ခင်းတွေစိမ်းလွန်းတာထက် သူမကပဲ ပိုစိမ်းလွန်းသလား?
အစိမ်းရောင်ကမ္ဘာပေါ်မှာ သူစိမ်းတွေကနေ သူစိမ်းပြန်ဖြစ်သွားရတဲ့အခါ သံယောစဉ်ဆိုတာတွေက အမြဲစိမ်းတောအုပ်ကြီးပေါ့ ။
ခင်ဗျားသိတယ်မလား ..
ဂစ်တာတီးတတ်သူတိုင်း တေးရေးဆရာ မဖြစ်တာ ..
အက်ရှရှ နှလုံးသားကို ရင်ဘတ်ထဲမှာပဲ သဂြုင်္ိဟ်လိုက်တယ် ..
နောက်ထပ်ဆိုတာ အစားထိုးမတတ်တဲ့ကောင်မို့ ခံစားလွယ်တဲ့အခါ သနားမနေပါနဲ့ ။

သေမိန့်ချခံရတဲ့ တရားခံထက် အဖြစ်ပိုဆိုးတယ် ..
စံနှုန်းတွေ မတူကြရုံနဲ့ ပုံအပ်မိတဲ့ အချစ်တွေ အပြစ်ဖြစ်သွားတော့ ဒဿထက်တောင် အရှုံးပိုသေးရဲ့ ..
သည်းသည်းလှုပ် မချစ်ပြတတ်တဲ့ကောင်တွေဟာ ပြင်းပြင်းထန်ထန်ခံစားတတ်သူတွေဆိုတာ သူမသိနိုင်တော့ဘူး ။

မတော်တဆ ခေါင်းငိုက်စိုက်ချလိုက်တာ မြေကြီးက ကိုယ့်ကိုပွေ့ဖက် ..
ကိုယ့်မျက်လုံးထဲက ခံစားချက်တွေကို သူတယုတယ သိမ်းဆည်းပေးတာ ကျေးဇူးတင်တယ် ..
ပါးပြင်ပေါ်က စိုထိုင်းမှုတွေကတော့ ခန္ဓာကိုယ်ထဲ ပြန်အောင်းပေါ့ ..
မင်းအပြုံးတွေမြင်ယောင်မိတိုင်း ကိုယ်ပြုံးမိပါသေးတယ် ။

ဘောင်ခတ်ခံလိုက်ရတဲ့ အချစ်တွေဟာ ဘောင်ထဲမှာ ပိတ်လှောင်နေဆဲ ..
ဘယ်ကိုမှ လွင့်မထွက်သွားသလို ဘယ်သူ့ဆီကိုမှ မတိမ်းစောင်းခဲ့ ..
ဖူးစာမပါတဲ့ ရေစက်ကောင်းမို့ အနည်းဆုံးတော့ ကိုယ်ဆုတောင်းလို့ရသေးတယ် ..
ကံမကုန်ရင် ပြန်ဆုံကြတဲ့အခါ အရင်လိုပြုံးပြပါ ။

မင်းအတွက် ခံစားချက်တွေ ထုတ်လွှင့်ထားခဲ့တဲ့ ကိုယ်ဟာ FM Server တစ်ခုပေါ့ ..
မင်းနားဆင်တာ တခြား Channel ဖြစ်နေတဲ့အခါ ကိုယ့်သီချင်းတွေ Frequency လျော့နည်းလာ ..
ထိတွေ့မှုမရှိတော့တဲ့နောက်မှာ ကိုယ်ဟာ ဒေဝါလီခံ ..
အရှုံးတွေနဲ့ နောက်ကောက်ကျလို့ ပိတ်သိမ်းလိုက်ရပြန်တယ် ။

မတတ်နိုင်ဘူးလေ .. ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရုံကလွဲ ကိုယ်ဘာတတ်နိုင်မလဲ?
မင်းပိုင်ဆိုင်မယ့် အနာဂတ်ဟာ မင်းအပြုံးတွေကို မဆိတ်သုဉ်းစေပဲ အရာရာလှပနေဖို့ပဲ ဆုတောင်းနေကျစကားတွေကို ပြင်ဆုတောင်းလိုက်မယ် ..
ဖတ်နေကျ သတင်းစာတွေထဲမွှာကွင်းစနဲ့ကွင်းပိတ်ကြားက ကိုယ့်နာမည်ကို မြင်တဲ့အခါ အမှတ်တမဲ့လေးသတိရပေးမလား?

အရာရာလှပပြီးသားကမ္ဘာကြီးဟာ ကိုယ့်အတွက်တော့ မင်းကြောင့် ပိုလှပနေတယ် ..
အနည်းဆုံးတော့ ကိုယ်တို့ တစ်မိုးအောက်၊ တစ်မြေကြီးပေါ်မှာ ရှိရင်းစွဲရှိနေကြဆဲမလား ..
"ပိုနေမြဲ ကျားနေမြဲ" ပေမယ့် ..
ကိုယ်တော့ မင်းရှိနေတဲ့ကမ္ဘာတစ်ခုကို ထမ်းပိုးထားဆဲပါ ။ ။

မင်းရဲ့ဥပက္ခာတွေကြား
#ကိုယ်ဘယ်လောက်ပြိုလဲနေကြောင်း
#မာရ်

9 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: