Community post
ရှူးရှဲ
ကျွန်တော်တို့ နယ်ဘက်မှာတော့ ရှူးရှဲလို့ ခေါ်တယ်ဗျ။
နောက်ပြီး တစ်ချို့က အာပူလျှာပူလို့လည်း ခေါ်ကြသေးသဗျ။
ကျွန်တော် ရန်ကုန်ရောက်သွားတော့ ရန်ကုန်မှာတော့ ရခိုင်မုန့်တီလို့ ခေါ်သဗျ။
ချက်ထားတာအားလုံးကတော့ ပုံစံတူတူတွေချည်းပါပဲ။အခေါ်အဝေါ်လေးပဲ ကွဲသွားတာပါ။
ဒါကတော့ သာစည် ဘဏ်ရုံးဘေးက အသုပ်ဆိုင်က ရှူးရှဲပါ။တစ်ပွဲသုံးရာပါ။သောက်လို့တော်တော်ကောင်းပါတယ်။သာစည်ရောက်တဲ့အခါ ဝင်သောက်ကြည့်ကြပါလို့လည်း ဖိတ်ခေါ်ပါတယ် သူငယ်ချင်းတို့ရေ။


Replies (13)
စားချင်စရာလေးဗျာ
ရိုက်ထားတဲ့ပုံလေးလည်း လှတယ် စားလို့ကောင်းမယ့်ပုံပဲ
nice shot photo.thank you,friend
ပျောက်နေတယ်နော် ကွီး
အားပါးပါး ရှူးရှဲ အရမ်းကြိုက်တယ် စားချင်လာပီ ရလွှတ်
သာစည်ရောက်တိုင်း ဘဏ်ရုံးဘေးက စားသောက်ဆိုင်တန်းမှာ အမြဲတမ်း စားဖြစ်တယ်
ကွီး လမ်းကြုံရင် ညေးအတွက် ပါဆယ်လေး ဆွဲခဲ့ပါဦးဗျ
စားချငါတယ် အရမ်းပဲ
အဲဒီ့အသုပ်ဆိုင်က အသုပ်လည်းကောင်းတယ်ကွီး
ကွီးရေ အမှတ် ၁ ထဲမှာလည်း အသုပ်ဆိုင်ကောင်းကောင်း တစ်ဆိုင်တွေ့ထားတယ် အဲ့ဆိုင်မှာ ကော်ပြန့်လည်းရတယ် စားလို့အရမ်းကောင်းတယ်ကွီး
@resteemator is a bot casting votes for its followers. Your post was resteemed and added to daily curation list. Follow @resteemator and vote this comment to increase your chance to be voted in the future!
နောက်တစ်ခါရောက်ရင် လာစားပါ့မယ် အဲဒီဆိုင်က နာမည်ကြီးပဲနော် အကြော်ဆိုင်လည်း တော်တော်စားကောင်းတယ်လို့ နာမည်ကြီးတယ်ဗျ
အာပူလျှာပူပဲ ခေါ်ခေါ် ရှူးရှဲလို့ပဲ ခေါ်ခေါ် ကြိုက်ပါတယ် ဒါပေမယ့် အဲဒီအသုပ်ဆိုင်က ဘွားတော်က အပေါက်နဲနဲဆိုးတယ်