4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အာရှဒေသရဲ့ အကောင်းဆုံး

ပညာရေးဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။“ပညာရဲရင့်ပွဲလယ်တင့်” ဆိုတဲ့စကားပုံအတိုင်း ပညာရေးဟာလူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲဒီပညာရေးနယ်ပယ်ထဲမှာ တက္ကသိုလ်တွေကလည်း အရေးပါတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ပါတယ်။ အခြေခံပညာသင်ကြားတတ်မြောက်လာသူတွေကို အဆင့်မြင့်ပညာရပ်တွေ၊ အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားပေးရာ နေရာတွေလည်းဖြစ်ပါတယ်။ အာရှဒေသက အကောင်းဆုံး တက္ကသိုလ်တွေအကြောင်း ဖော်ပြပါမယ်။၁။ Nanyang Technological Universityစင်ကာပူနိုင်ငံမှာတည်ရှိတဲ့တက္ကသိုလ်ဖြစ်ပါတယ်။ အာရှဒေသရဲ့ ထိပ်တန်းတက္ကသိုလ်လည်းဖြစ်ပါတယ်။ နည်းပညာဆိုင်ရာဘာသာရပ်တွေကို သင်ကြားတဲ့ တက္ကသိုလ်ဖြစ်ပြီး ဓာတုနဲ့ မြို့ပြအင်ဂျင်နီယာဘာသာရပ်တွေအပါအ၀င် ကမ္ဘာ့အကောင်းဆုံးဘာသာရပ်ပေါင်း ၃၁ ခုကို သင်ကြားပေးနေတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး တက်ရောက်သင်ကြားတဲ့ ကျောင်းသား ၃သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

၂။ National University of Singapore
ဟောင်ကောင်မှာတည်ရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ လူငယ်တွေတက်ရောက်တဲ့တက္ကသိုလ်တစ်ခုဖြစ်ပြီး အာရှဒေသရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ သိပ္ပံနဲ့ နည်းပညာဆိုင်ရာဘာသာရပ်တွေကို အဓိကသင်ကြားပို့ချတဲ့တက္ကသိုလ်ဖြစ်ပြီး ပညာတက်ရောက်သင်ကြားတဲ့ ကျောင်းသား စုစုပေါင်း ၁ သောင်း ၄ ထောင်ကျော်ရှိပါတယ်။ တက္ကသိုလ်ရဲ့ ဧရိယာအကျယ်က ၆၀ ဟက်တာလောက်ရှိတယ်လို့ သိရပါတယ်။
၎။ Korea Advanced Institute of Science and Technology
တောင်ကိုရီးယားနိုင်ငံ၊ ဒဲလ်ဂျောင်းမှာတည်ရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ၂၉၇၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားရဲ့ ပထမဆုံးသိပ္ပံနဲ့အင်ဂျင်နီယာဆိုင်ရာတက္ကသိုလ်ဖြစ်ပါတယ်။ သိပ္ပံဘာသာရပ်အပါအ၀င် တီထွင်ဆန်းသစ်မှုဆိုင်ရာဘာသာရပ်တွေကို သင်ကြားပို့ချပေးတဲ့တက္ကသိုလ်ဖြစ်ပါတယ်။ ကျောင်းသား ၁ သောင်းဝန်းကျင်ရှိပြီး တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မှာလည်း ထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
image
၅။ University of Hong Kongဟောင်ကောင်မှာတည်ရှိတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ အခုနှစ်စစ်တမ်းတွေအရ အာရှဒေသရဲ့ အကောင်းဆုံးတက္ကသိုလ်စာရင်းရဲ့ အဆင့် ၅ နေရာမှာ တည်ရှိပါတယ်။ ၁၉၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဟောင်ကောင်ရဲ့ အိုမင်းဆုံးတက္ကသိုလ်လည်းဖြစ်ပါတယ်။ ဒီတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားပေါင်း ၂ သောင်း ၈ ထောင်ကျော်လောက်ရှိပါတယ်။

13 upvotes 2 downvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: