4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သတင်း​ကောင်း

Smarty Bubbles ဂိမ်းဟာ ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ဂိမ်းပြိုင်ပွဲတွေက အအောင်မြင်ဆုံးဂိမ်းပြိုင်ပွဲ တစ်ခုဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူ အမြောက်အများရှိခဲ့ပြီး တယ်လီနောဖုန်းဘေလ်ဆုတွေလည်း ပေးအပ်ခဲ့ပါတယ်။

ထုံးစံအတိုင်း WowBox ရဲ့ Game စာမျက်နှာထဲမှာရှိတဲ့ Smarty Bubbles ဆိုတဲ့ ရောင်စုံဘောလုံးလေးတွေကို ပစ်ချရတဲ့ဂိမ်းလေးကို အမှတ်အများဆုံးရရှိအောင် ဆော့ရမှာပဲ ဖြစ်ပါတယ်။ ရမှတ်စဉ်အလိုက် အမှတ်အများဆုံးရရှိသူ ( ၅၀ ) ဦးအထိကို တယ်လီနောဖုန်းဘေလ် ၁၀၀၀၀ ကျပ်စီ လက်ဆောင်ပေးအပ်သွားမှာပဲဖြစ်ပါတယ်။
image
ဒါပေမယ့် WowBox App တစ်နှစ်ပြည့်အတွက်တော့ ပုံစံအသစ်လေးတစ်မျိုးစီစဉ်ထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်းက Smarty Bubbles ပြိုင်ပွဲဝင်သူတွေရဲ့ ပေးပို့လာတဲ့ ရမှတ်စုစုပေါင်းဟာ 3 billion အထိ ရှိခဲ့ပါတယ်။ ဒီလို ၂၀၁၇ ခုနှစ်ကရခဲ့တဲ့ ရမှတ်စုစုပေါင်းကို ၂၀၁၈ မှာပါဝင်ကြမယ့် WowBox App အသုံးပြုသူတွေရဲ့ ရမှတ်စုစုပေါင်းက အနိုင်ယူကျော်တက်ရမှာပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ ရမှတ်စုစုပေါင်း 3 billion အထက်ကို ရောက်မှ တယ်လီနောဖုန်းဘေလ် ၁၀၀၀၀ ကျပ် လက်ဆောင် ( ၅၀ ) အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။

အစီအစဉ်မှာ သတိထားရမယ့်အချက်တွေကတော့ -

ပါဝင်လိုသူသည် WowBox App ၏ ဂိမ်းစာမျက်နှာမှ Smarty Bubbles ဂိမ်းကို ကစားပြီး မိမိရရှိသော အမှတ်ကို Screenshot ရိုက်ပါ။
ယခုစာပိုဒ်အောက်ဆုံးတွင်ပေးထားသော အပြာရောင်တုံးလေးကို နှိပ်လိုက်ပြီး မိမိ၏အချက်အလက်များနှင့် Smarty Bubbles ဂိမ်းမှ Screenshot ကို ပေးပို့ပါ။ image
ပါဝင်လိုသူသည် အကြိမ်အရေအတွက် အကန့်အသတ်မရှိပေးပို့နိုင်ပါသည်။
ပါဝင်ပေးပို့လာသူအားလုံး၏ ရမှတ်စုစုပေါင်းသည် ၂၀၁၇ ခုနှစ် ရမှတ် 30 million အထက်ကိုရောက်မှ လက်ဆောင်ပေးအပ်သွားမည်ဖြစ်ပါသည်။
၂၀၁၈ခုနှစ်အတွက် ပေးပို့လာသည့်ရမှတ် စုစုပေါင်းသည် 30 million အထက်ရောက်ပါက ရမှတ်အများဆုံး ၅၀ ဦးကို တယ်လီနောဖုန်းဘေလ် ၁၀၀၀၀ ကျပ်စီ လက်ဆောင်ပေးအပ်သွားမည်ဖြစ်ပါသည်။
ပေးပို့နိုင်သောကာလကို ထပ်မံတိုးမြှင့်ပေးထားတာကြောင့် ဆက်လက်ပေးပို့နိုင်ပါတယ်။
ယခုအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ယခုအချက်အလက်များကို သဘောတူလက်ခံပါသည်။

5 upvotes $0.00

Replies (4)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: