4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

စာအိတ်

ဒီနေ့က ၀န်ထမ်းတွေရဲ့ လစာ ထုတ်ရက်ပါပဲ ..

ကုမ္ပဏီပိုင်ရှင်သူဌေးတွေကတော့ ရင်ထဲက လေပူတွေ တဟူးဟူး ထုတ်နေနိုင်ပါတယ်

ဝန်ထမ်းတွေကတော့ ရရှိတဲ့ လစာကို ဘယ်လိုသုံးမလဲ ဆိုပြီးပျော်နေကြမှာပဲ

တကယ်ဆို သူဌေးဖြစ်သူက ၀န်ထမ်းလုပ်မယ့်လူတွေရဲ့ ကိုယ်ပိုင်အချိန်နဲ့ တတ်သိတဲ့ပညာကို ငွေနဲ့ တန်ဖိုးဖြတ်လိုက်တာပါပဲ..

တကယ်တမ်းကျတော့ ၀န်ထမ်းတွေရဲ့တန်ဖိုးကို လစာဆိုတဲ့ အရာနဲ့ တန်ဖိုးဖြတ်လို့မရတာအမှန်ပဲ

ကုမ္ပဏီပိုင်ရှင်က သူ့ကုမ္ပဏီကိုသူတစ်ယောက်တည်း ပိုင်တာမှမဟုတ်တာ တကယ်တမ်း အလုပ်ကို လုပ်ပေးကြတဲ့ ၀န်ထမ်းတွေဟာလည်း ပိုင်ဆိုင်ကြရတာပါပဲ

ကျွန်တော်ကတော့ (၆) နှစ်အတွင်းဝန်ထမ်းဆိုတာထက် အလုပ်အတူတူတွဲ လုပ်မယ့် မိတ်ဆွေကောင်းကိုသာ ရှာဖွေမိတယ်

ကုန်ကုန်ပြောရရင် သူဌေးစိတ် ရှိတဲ့ ၀န်ထမ်းကိုသာ ရှာဖွေမိပါတယ်။ အပင်ပန်းခံပြီး ကိုယ့်ဘ၀အတွက်ရော ကိုယ်မှီခိုနေတဲ့ လုပ်ငန်း ခိုင်မာတည်မြဲဖို့အတွက်ရော ကြိုးစားနေတဲ့ ၀န်ထမ်းတွေကိုပဲသဘောကျမိပါတယ်

ငါကတော့သူဌေးပဲ ငါခိုင်းတာလုပ်လို့တော့ ကျွန်တော် မတွေးမိဘူး ။ ၀န်ထမ်းတွေနဲ့ အတူတူ အခက်အခဲတွေကို ဖြေရှင်းရင်း လုပ်ငန်းတိုးတတ်တာကိုပဲ ကျေနပ်မိတယ်။

တကယ်တမ်းတော့ သူဌေးနဲ့ ၀န်ထမ်းဆိုတာ ကိုယ့်ပုံကိုယ်မှန်ထဲ ပြန်ကြည့်နေသလိုပါပဲ။ ကိုယ်ကောင်းလျှင် သူလည်းကောင်းပါတယ် ။

ကျွန်တော်လကုန်ပြီဆို ဒီဖီလင်လေး ခဏခဏ ဖြစ်တယ်။ ရုံးက ညီတွေကို စာအိတ်ထဲ လစာထည့်ပေးတိုင်း ၀မ်းနည်းဝမ်းသာ ဖြစ်မိတယ်။ ၀မ်းသာတာက ဒီလသူတို့အတွက် အသုံးစရိတ်လေးကို ငါပေးလိုက်နိုင်တယ် ပေါ့။ ၀မ်းနည်းတာက သူတို့လစာလောက်ပါ့မလား။ လစာနည်းလို့ ငြိုငြင်လာတော့မလားဆိုတဲ့ စိုးရိမ်မိတာလည်းပါပါတယ်။

ဝန်ထမ်းဆိုတာ ပျော်ရင် တစ်သက်အလုပ်လုပ်ကြတယ်တဲ့။ ကျွန်တော်ပျော်အောင်ထားသလို အမြဲလိုလို သူတို့အတွက် အသက်မွေးဝမ်းကြောင်းဖြစ်နိုင်မယ့် ပညာတွေကိုလည်း ကျွန်တော် သိသလောက် တတ်သလောက် ဖြန့်ဝေနေမိတယ်။

ကျွန်တော့်အများကြီး အိုင်တီပညာတွေတော့မတတ်ပေမယ့် သူတို့ကို ကျွန်တော်သိတာတတ်တာကိုတော့ သင်ပေးနေမိတယ်။

ကျွန်တော်ပေးလိုက်တဲ့ လစာစာအိတ်ထက်တော့ သူတို့တန်ဖိုးရှိမယ်ထင်ပါတယ်။

ကျွန်တော် ငွေအရမ်းမရှာနိုင်ပေမယ့် ရသမျှငွေကို သူတို့ လစာတွေအတွက် ပေးနိုင်အောင် အရင်ကြိုးစားနေမိတယ်

လူဆိုတာ သူနဲ့ထပ်တူထပ်မျှကျတဲ့ အကျိုးကိုသာ ရရှိသတဲ့

သူဌေးဖြစ်သူတွေ လစာပေးချိန်မငြိုငြင်ပါနဲ့။ ကိုယ်ရဖို့ထက် သူတို့ ကို အရင် စာအိတ်လေး ပေးလိုက်ပါ။

ကိုယ်မချမ်းသာတာထက် သူတို့တွေ ထမင်းနပ်မှန်နေပါစေ

ကျွန်တော့်အတွေးလေးတွေ မျှဝေတာပါ

image

Writet @sibobo

8 upvotes $0.13

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: