4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အိပ်​မက်

သက္ကရာဇ်​ဟာ ရထားတစ်​စင်းဆိုရင်
ငါတို့ချစ်​ခြင်းဟာ ဘူတာရုံ​လေး​ပေါ့
ရထား​တွေဖြတ်​သန်းချိန်​တိုင်း
ငါ့ပခုံးရိုင်း​လေးကို မင်းမှီထားပါ
လ​မင်းပြာပြာကို အတူ​ငေးရင်း
ငါက ကဗျာ​တွေ​ရေးမယ်
မင်းနဖူး​လေးဟာ ည​မွှေးပန်းရနံ့သင်းပျံ့​နေမလား....။
ငါသိတယ်​...ငါသိတယ်
မင်းနှုတ်​ဖျားက ငါ့ကဗျာ​တွေပျံသန်းတဲ့အချိန်
နှင်းဆီပန်း​တွေ ညကြီးမင်းကြီးပွင့်​ရ
လိပ်​ပြာ​တွေ စိတ်​ဆိုးကြလိမ့်​မယ်
ဒါ​ပေမယ့်​ကွယ်​....
ရထားသံ​တွေဆူညံလွန်းတယ်
ပျော်​​အောင်အိပ်​တတ်​ဖို့​တော့လိုလိမ့်​မယ်​။
images (1).jpeg
#MSU-025
Photo crd-google

37 upvotes $0.02

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: