4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဆယ့်​နှစ်​ရာသီ

1_GtD40g2XNGNepe5Ss_zMsA.jpeg

ဟိုးကောင်းကင်ပေါ်ပစ်တင်ကြည့်လိုက်တယ် …
ပန်းနုရောင် အိပ်မက်အကျိုးအပဲ့တစ်ခု
ညနေဟာ ဝါထိန်သွားလိုက်ပုံများ ။

မတည်ခဲ့တဲ့ ကတိတွေ
မဆုပ်ကိုင်နိုင်ခဲ့တဲ့ တွဲလက်တွေ
မနှစ်သိမ့်နိုင်ခဲ့တဲ့ မျက်ရည်တွေ
နောက်ဆုံးမှာ ဝေဒနာတွေဒဏ်ရာအသွင်ပြောင်းရင်း
ဇာတ်ခေါင်းကွဲတဲ့ ကံဇာတ်ဆရာရဲ့ဇာတ်ညွှန်းမှာ
နင့်ကိုသနားပြီးရင်
ငါ့ကိုငါ မကျေနပ်ဘူး ။

နွေဟာ အမြဲတမ်းမရှိနိုင်ပါဘူး
သံလွှင်အမြဲစီးဆင်းနေတာကြည့်ရင်း
ငါ့မှာ ……… …… ။

ဒီတစ်ညကုန်လို့ နောက်တစ်နေ့ကူးတဲ့အခါ
နွေဦးဟာ လေရူးနဲ့အတူရောက်လာဦးမှာပဲ
ငါ့ကိုယ်ငါမပိုင်တဲ့ ကျောရိုးကြီးနဲ့
ဖုန်ထူလမ်းကြီး လျှောက်ရင်း……

ပြန်ပြုတ်ကျလာတဲ့ အိပ်မက်တွေအသာကောက်ထည့်
မမွှေးနိုင်တဲ့ ဒီသပြေခက်ကြီးကို
ငါ့နာမည် တပ်ခေါ်ရင်း
နင် … မုန်းပါ ။
နင် … မုန်းပါ ။ ။
#MSU-025
photo crd-google

43 upvotes $0.03

Replies (6)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: