Community post
RC & IC
RC& IC

Credit-google photo
ဒီအကြောင်းလေးကတော့ ပီးခဲ့တယ် ၃လပိုင်း ၁၇ရက်နေ့က မန္တလာသီရီ ဘောလုံးကွင်းထဲမှာကျင်းပသွား Iron Cross(IC) show ပွဲအကြောင်းလေးပဲဖြစ်ပါတယ်။
Credit-google photo
Royal Club ကနေ Main Spoonsar ဖြစ်ပေးထားသောကြောင့် RC & IC ဆိုပြီးနာမည်လေးပေးထားခြင်းဖြစ်ပါတယ်တယ်။ 
Credit-google photo
Show မလုပ်မိမှာ Facebook ကနေကြော်ငြာတယ်...
Rock Show ကိုမျှော်နေတဲ့ကျွန်တော်တို့လို Rock ကြိုက်တဲ့ လူကြီးလူငယ်တွေရော ကဲလို့ရတာပေါ့။မျှော်နေတာလဲကြာပြီး IC ကိုတော့ တစ်နှစ်တစ်ခါလာစေချင်တယ်။
IC က ကိုလေးဖြူ ၊ကိုအငဲ ၊ကိုမျိုးကြီး ၊ကိုဝိုင်ဝိုင်းတို့ ကျွန်တော်ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာ ဘယ်အရွယ်လောက်ကတည်းကဆိုတော့ ၄တန်းလောက်ဖြစ်မယ်ဗျ ။
ဦးလေးတွေဖွင့်နေကြ ဒီရေဒီလှေ၊ အလွမ်းများ၊အလင်းရောင်း၊ သမင်လည်ပြန်တို့စသောသီချင်းတွေက ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာ Rock ပိုးကငယ်ငယ်ကတည်းကဝင်ခဲ့တာ။Stage ကျောင်းသားဘဝရောက်တော့လည်း Acid , Example , Sai Saiတို့ကြိုက်ခဲ့သေးဗျာ။ဒါပေမဲ့ဒီကောင်တွေ သီချင်းတွေက ခဏပဲကောင်းတာ အနှစ်တွေမပါဘူး။
တက္ကသိုလ်တက်တော့Rock ပဲကြိုက်ခဲ့တယ်။Reason, Wanted ,Idiots ,Big Bag စသော Band တွေရဲ့သီချင်းတွေကြိုက်ခဲ့တယ်။
Rock သီချင်းတွေကစိတ်ညစ်တဲ့အချိန် ပေါက်ကွဲ အော်ဟစ်လို့ရတယ်။အသဲကွဲသီချင်းလား အလွမ်းလား အဆွေးလား ဘာဖြစ်ဖြစ်ဟစ်လို့ရတယ်။
Rock Show ကြည့်ရတာတန်းတယ် Hip Hop Show တစ်ခါမှမကြည့်ဘူးဘူး။အခုနောက်ပိုင်းကြိုက်တဲ့ Rock Band တွေလည်းရှိသေးတယ် The Key( Thar DeLu)
အများကြီးပဲရှိတယ် Rock ဆိုရင်တော့တော်တော်များများကြိုက်တယ်။
ကဲဆက်ကြအုံး RC& IC အကြောင်းလေ...
ပွဲက 17ရက်ဆိုတော့ လက်မှတ်တွေဝယ်ရမယ်ပေါ့။
Royal Club အရက်ဝယ်တဲ့လူတွေ လက်မှတ်မဲဖောက်ပေးတယ်။အပြင်ကဝယ်ချင်ရင်တော့ မန်းသီရီ,501 Shop, စသော ဆိုင်တွေမှာရတယ်။
လက်မှတ်၁စောင် ၁၀၀၀၀ကျပ် အင်္ကျံတစ်ထည်လက်ဆောင်ရတယ် RC & IC ဆိုတဲ့ အင်္ကျံလေးအပြာရောင်လေးဖြစ်ပါတယ်။
ကျွန်တော်လက်မှတ် 7 စောင်ရတယ် ၁စောင်ကို ၅၀၀၀ကျပ်နဲ့ အပြင်မှာဝယ်ရင် ၁၀၀၀၀ကျပ်ပေးရတယ်။လက်ကိုင်ပဝါတစ်ထည်ရတယ်။
ကျွန်တော်သူငယ်ချင်း အရက်ရောင်းတဲ့တစ်ယောက်ကပေးတယ် တစ်စောင်ကို ၅၀၀၀ကျပ်နဲ့ ပေါ့။
သူအတွက်လည်ကျန်တယ်။
ကျွန်တော်ဆီလက်မှတ် ၇ စောင်ကို သူငယ်ချင်းတွေရောင်းပေးတယ် အရင်းတိုင်းပဲ။
မသိတဲ့ သူစိမ်းဆို ၈၀၀၀နဲ့ရောင်းတယ်။Show ပွဲ Free ကြည့်ရသည့်အပြင် 12000ကျပ်အမြတ်ရလိုက်တယ်။စီးပွားလည်းဖြစ် ဝါသနာပါတာလည်ကဲရပေါ့ ။
Show ပွဲက 7နာရီစတယ် Show ပွဲက အမှီးသွားတယ်
သူငယ်ချင်း ၄ယောက် ။
ပွဲစလေပြီ....
ဦးလေးဖြူကြီး.....Rose 🌹 ....နဲ့စလေသည်။
ဦးလေးဖြူ ၂ပုဒ် အငဲ ၂ပုဒ်
မျိုးကြီး ၂ပုဒ်
ဝိုင်ဝိုင်း ၂ပုဒ် ....အသီးသီးဆိုကြလေသည်။
၂ပုဒ် ဆိုပြီးလို့အပြီးမှာပဲ Player တွေ မိတ်ဆက်ပေးလေသည်။
၁ပုဒ်ချင်းဆီစလေတော့သည်။

Credit-google photo
ဒီတစ်ခါတော့ အငဲရဲ့ နွံ ...နဲ့စလေးသည်
တစ်ပုဒ်စီဆိုပြီးမှာ...
လေးဖြူရဲ့ နူတ်ဆက်စကားသလေးသည်။
မင်္ဂလာပါ ...အမျိုးတွေ..
အခုလိုဆုံတွေရတာမင်္ဂလာပါ ...
အခုလိုSpoonsar ပေးတဲ့ RC သောက်ရေသန့်ကြီးကိုလည်းအထူးကျေးဇူးတင်ပါတယ်ပေါ့
(ဘဲကြီးတော်တော်နောက်တယ် ဗျာ)...RC အရက်တွေကို ရေဆိုပြီးပြောတာ ...ချစ်ဖို့ကောင်းချက်ဗျာ..မှတ်မိသွားတာပေါ့ အဲ့အရက်နာမည်ကိုလည်း။
လေဖြူ‘‘ ကျွန်တော်တို့ နိုင်ငံသားတိုင်း ကိုယ့်တာဝန်ကိုယ်ကျေရင် ဘာမှရှုပ်စရာမရှိပါဘူးတဲ့ ကျောင်းသားကလည်း ကျောင်းသားတာဝန်ကျေ မိဘကလည်း မိဘတာဝန်ကျေ ကိုယ့်တာဝန် ကိုယ်ယူကျပါတဲ့ ’’
ဆိုပြီးနူတ်ခွန်းဆက်ချင်ပါတယ်။
၁ပုဒ်ဆီပြန်ဆိုကြပြန်တယ်...
ဘကြီးမျိုးကြီးရဲ....မေတ္တာတရားနဲ့စေတော့......
ဝိုင်ဝိုင်းရဲ့ ....ဖြေသိမ့်လိုက် ....
ကဲလို့လည်းကောင်းဗျာ.... ရှေးရှေးတုန်းသီချင်းတွေနဲ့ ကဲကောင်းတာ အသံတွေလည်းဝင်လို့...
နာရီကို ကြည့်လိုက်မိတယ်တော့ ၉ နာရီ ၄၅မိနစ်
T V မှာသူတို့ Live တွင် show ရပ်နားခွင့်ပြုပါ သိမ်လိုက်တယ်။အပြင် show ကတော့ တစ်ယောက် ၂ပုဒ်စီဆိုကြီးတယ်။
.......နောက်ဆုံးသီးချင်းလေးကတော့ လွမ်းစရာလေးဗျာ ....လေးဖြူရဲ့......ပြန်ကြစို့ ချစ်လေး ...ဒါတို့ရဲ့ ကံက္မြာလမ်းပဲပေါ့.....
အဲ့တာလေနဲ့ သိမ်းလိုက်တယ်ဗျာ လွမ်းမောစရာကြီး ဆိုလိုက အားမရသေး သိမ်လိုက်တော့ ဟာတာတာကြီး ။Shellတုန်းကဆို ၁၁နာရီမှပီတယ်....အသံတွေကိုဝင်လို့ အခုက အသံသိပ်မဝင်ဘူးဗျ။
....ချစ်စရာကောင်းတာတွေလည်းတွေ့ရတာ show မူးပြီးရန်မဖြစ်ကြဘူးဗျ တွဲကနေကြတာ ယောကျာ်းလေးတွေမူးရင် တွဲကရင်က မကရင် ရန်ဖြစ်တာပဲ ရန်ဖြစ်တာသိပ်မတွေ့ရဘူး ....ပျော်စရာအလွန်ကောင်းပါတယ် နောက်လည်း Show ပွဲတွေအများကြီးကြည့်ချင်ကြသေးတယ်ဗျာ....
ကျေးဇူးပါတင်ပါ စာဖတ်ပရိတ်သက်ကြီးရေး...
soelinaung
MCS -248
Replies (34)
ကိုယ်တိုင် Show ပွဲရောက်သွားသလိုပဲ အားကျတယ်
IC show မကြည့်ဖူးလို့ ကြည့်ချင်တယ်ဗျာ...
IC အဖွဲ့ကိုတော့ ကြိုက်တယ်ကွယ်
အထူးသဖြင့် လေးဖြူ မျိုးကြီး ဝိုင်ဝိုင်း
မသွားဖြစ်လိုက်ပါဘူးဗျာ။ အရှုပ်တွေနဲ့ အလုပ်ရှုပ်နေလို့ ။ သွားနိုင်တဲ့လူတွေသွားကြပါလေ
တစ်ခါမှ ရိုးပွဲမကြည့်ဖူးဘူး
IC လည်းကြိုက်တယ်။
RC လည်းကြိုက်တယ်။ 😝
မကွေးမှာတစ်ခါကြည့်ဖူးတယ်ဗျ
အရမ်းကောင်းတယ်
အတူတူကဲရအောင်ဗျာ
အကြိုက်တူနေပီ🤘🏻🤘🏻🤘🏻🤘🏻🤘🏻
ပျော်ရွှင်စရာ showပွဲကြီးပေါ့
လူတော်တော်စည်မှာပဲနော် bro
IC ပွဲ အပြင်မှာ မကြည့်ဖူးသေးဘူး အနားမကပ်နိုင်တာနဲ့
RCသောက်ရေသန့်ရှိုးပွဲကြီးကို ကျနော်ရောက်ရှိသွားရလို ဖြစ်သွားတယ်ဗျာ
တစ်ခါမှတော့မကြည့်ဖြစ်သေးဘူးbroရေ
TV ကတော့ ကြည့်လိုက်ရပါတယ် IC ကတော့ အားလုံးကြိုက်တယ်ဗျ
ပျော်စရာကောင်းလိုက်တာဗျာ တီဗွီမှာကြည့်လိုက်ရပါတယ် ပရိသတ်အပေါ်ထားတဲ့ သူတို့ စေတနာကို မြင်ရတယ် ပျော်စေပျက်စေ မဆိုသွားဘူး သေချာခံစားချက်နဲ့ ဆိုသွားတယ် လေးစားစရာပါပဲ
အိုင်စီရှိုးတော့မကြည့်ဖူးသေးဖူးဗျာ့
နောက်တစ်ခါ show ပွဲတွေခေါ်မယ် bro
ညီတော့rockဆိုရင်လည်းကြုက်တဲ့သီချင်းဆိုနားထောင်တာပဲpopဆိုလည်းကြိုက်ရင်နားထောင်တာပဲhip hopဆိုလည်းနားထောင်တာပဲတစ်နျည်းပြောရရင်လိုင်းကြောင့်ပေါ့ ဟီးဟီး
မြန်မာပြည်ပြန်လာရင်ကြည့်ကြည့်
နိုင်ငံတကာအဆင့်မှီတယ်
IC ကြိုက်တာတော့တူတယ်
RC တော့ကြိုက်ဘူး
ဟုတ်လား shake 🤘🏻🤘🏻🤘🏻
shake လိုက်တော့ ဘဒို
လူတွေအများကြီးပဲဗျာ
လာခဲ့ဗျာ နောက်ကျခေါ်မယ်
ရှိရင်bro
ဟုတ်လား နောက်ကျခေါ်ပါ့မယ်ဗျာ
မိုက်တယ်bro
ကြုံကြိုက်ရင်ကြည့်ကြည့်
bro
ကျွန်တော့်ကိုတွေ့လား..
ဟီးဟီး
ပျော်စရာကြီးဗျာ
POP တော့နားထောင်တဲ့
ရင်ထဲမရောက်တာဗျာဟီး
ကြုံတုန်းကြည့်ကြည့်
ကိုစိုင်းရေ
IC show ကြည့်ချင်တာဗျား
ICမှာWine Wineနှင့်Myo Gyiအကြိုက်ဆုံးပဲ
IC အကြိုက်တူနေပါ့လားဗျ
တူတူပဲအကုန်ကြိုက်တယိ
Congratulations @soelinaung! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP