Community post
သင်္ချာကျောင်းသားလေး(၂)

ဟိုနှစ်ကောင်းအရှေ့ထွက်ခဲ့စမ်း ..!!
CreditvGoogle
ဆရာမအော်သံကြောင့် ကျောင်းသားကျောင်းသူအားလုံးရဲ့ မျက်လုံးဟာ ကျွန်တော်တို့နှစ်ယောက်ပေါ်ရောက်လားသည် နှစ်ယောက် လုံးလည်း မျက်လုံးပြူးကုန်ကြသည်။ငါတို့ အသံအဲ့လောက်တောင် ကျယ်သွားလားပေါ့ ..စိတ်ထဲက ဆရာမကိုအားနားနေမိတယ်။ဆရာမက ရှေ့ကနေအားတက်သရောသင်နေတယ် ကျောင်းသားပေါင်း ၃၀၀ယောက်ကျော်ကျော် လောက်ကို အားတက်သရော သင်နေတယ် ကိုယ်တွေကလုပ်ချင်ရာလုပ်မိတယ် ဆရာမအားနားနေမိသည်။
ဆရာမခေါ်လို့ အတန်ရှေ့ရောက်သွားလေသည် နှစ်ယောက် ရှက်ကိုးရှက်ကန်းနဲ့ပေါ့ ...ဆရာမမေးလေးသည် သားတို့ ဘယ်မေဂျာကလည်း..နှစ်ယောက်သားကြောက်ကြောက်နဲ့ ဖြေရလေသည် ``သင်္ချာမေဂျာက ပါဆရာမ´´..ကျွန်တော်ကပြောလေသည်။အမည်ပြောတဲ့ စိုးလင်းအောင်၊ မောင်ချစ် (သူငယ်ချင်း)ပါဆရာမ။ဘာတဲ့ ဆရာမ ပြန်မေးလေးသည်...မင်းနာမည်က မောင်ချစ်တဲ့ ဟုတ်လား..ဟုတ် ဟုတ် ပါတယ်ဆရာမ ..သူငယ်ချင်းပြန်ဖြေလေသည်။
ဆရာမ -အမေး...မင်းနာမည် ဖြစ်လာပုံလေးပြောပြပါအုံးတဲ့ ...နာမည်အရင်းလား ..
သူငယ်ချင်း -ဟုတ်ပါတယ် ဆရာမ အဖေအမေ ပေးထားတဲ့အမည်ပါဆရာမ ..
ဆရာမ -အမည်ကလည်း မောင်ချစ်တဲ့ မိန်းကလေးတွေ နာမည်ခေါ်ရင် လုံးဝအရှုံးမရှိတဲ့ နာမည် .ကို´…လို့ခေါ် ချစ် ´လို့ခေါ်...အရှုံးမရှိတယ်အမည် ။
ဆရာမရဲ့ အပြောကြောင့် ... တစ်ခန်းလုံးမှာရှိတဲ့ကျောင်းသူကျောင်းသားအားလုံးပွဲကြသွားလေးသည် ။
Crd-Google
ရယ်သံတွေနဲ့ ပြည့်သွားလေသည် စာသင်အခန်းထဲမှာ...ထိုအချိန်တွင် ...တိတ်စမ်း... ဆရာမစကားကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားလေးသည် အပ်ကြသံပင်မကြားရ ....
ကဲ..ဆက်ပါအုံး....မင်းတို့ဆရာမ စာသင်တာ ရယ်စရာများပါနေလား ..ဘာကြောင့်ရယ်တာလည်း ရယ်ရတဲ့အကြောင်းအရင်းလေးပြောပြစမ်းပါအုံး ..။(ဆရာမ အမေး)
သူငယ်ချင်း-ဒီကောင်ဆရာမ စကားထာလာဝှက်တာဆရာမ ကျွန်တော့်ဘက်လှည့်လာလေးသည်။``
မကရင်မ မကရင်မ ကရင်က ကရင်က မကရင်မ ကရင်က မကရင် ကရင်ကကို ကိုကရင်´´
ဆရာမ-မင်းတို့ကလေးမဟုတ်တော့ဘူးဆိုတာ မသိဘူးလား လူတွေက တက္ကသိုလ်ရောက်နေပီ ကလေးစိတ်ကမပြောက်သေးဘူး။ဘာစကားထားဝှက်တာလည်း
ပြစမ်း...
သူငယ်ချင်း-ဒီမှာပါဆရာမ ၊ကျွန်တော်ရေးထားတဲ့ စာရွက်လေး ဆရာမအားပေးလေးသည်။
ဆရာမ-ဘာတွေရေးထားတာလည်း ဆရာမဖတ်လေသည် ဆရာမဖတ်မရပါ ..ဘာ မကရင်မကရင်ကကရင်က.......ဘာတွေလည်း ..မြန်မာစာဆရာမသွားပီးခေါင်းစားလေသည်။ ဆရာမက ကျွန်တော်ဖက်လှည့်လာပီ မင်းဖတ်စမ်းဆိုပြီး စာရွက်ထိုးပေးလေသည်။
ကျွန်တော် စိတ်ထဲတွင်ရှိန်နေမိသည် ကျောင်းသားတွေက များကြီးရှိသောကြောင့်ရှိန်နေသည်။ဒီနေရာမှာရှိမ်ရတဲ့အကြောင်းအရင်းလေးပြောချင်သည် ကျွန်တော်တို့မြန်မာလူမျိုးအများစုသည် လူရှေ့သူရှေ့မှာစကားထွက်ပြောရမှာရှိန်လေသည်။ငယ်ငယ်ကလေးဘဝကတည်းက လူရှေ့သူရှေ့ ထွက်ပြီးပြောပြရတဲ့အလေ့ကျင့်မရှိလေးသောကြောင့်ဖြစ်သည်။ကျွန်တော်ရှိန်နေသည်
သို့သော်ငြားလည်း ကျွန်တော်ပြောရတော့မည်။
ကျွန်တော် စာဖတ်လေသည် အသံကမထွက် ....!!!
ဆရာမ-တစ်ခန်းလုံးကြားအောင်ဖတ်ပါ...!
ကျွန်တော်ဖတ်ရသည် အသံထွက်အောင် ``မကရင်မ မကရင်မ ကရင်က ကရင်က မကရင်မ ကရင်က မကရင် ကရင်ကကို ကိုကရင် ကရင်ကက´´.....အဲလဲ ဖတ်လို့ပြီးသွားလေးသည်။ဆရာမသဘောကျသွားသည်....
ဆရာမ -မှတ်ချက်ပေးသည် မြန်မာစာ မြန်မာစကား ပုဒ်ဖျက်မမှားဖို့ အဖျက်တောက်မမှားအောင် သတိထားဖတ်ရမည် အဖျက်အတောင်မှန်အောင်းမဖတ်နိုင်လင်း ဆိုလိုရင်အဓိပ္ပါယ်မှားနိုင်သည်။ သတိထားကျပါ...ကျောင်းသူကျောင်းသားတို့ ..ကျွန်တော်စာနဲ့ lesson ပေးသွားသည်။
ကဲမင်းတို့နှစ်ယောက် ထိုင်ထလုပ်ပြီး ကိုယ့်နေရာကိုပြန်
ထိုင်ထလုပ်ရလေသည်..
ဒါပေမဲ့ ဆရာမ ရှက်စရာကြီးဟု ကျွန်တော်သူငယ်ချင်းက စကားထွက်လေသော်အခါ ....ဘာတွေဆက်ဖြစ်မလည်းဆိုတာ ...ဆက်မျှော်ကြပါအုံးခင်ဗျာ ..ကျောင်းသားဘဝအကြောင်းလေးတွေ ထပ်ပြောချင်သေးသည်။
ကျေးဇူးပါဗျာ ..
soelinaung
MSC-248
Replies (30)
စကားပြောတဲ့နေ၇ာတွေမှာ ကွဲပြားအောင်လုပ်သင့်ပါတယ် စာတွေကရောနေသလိုဖြစ်ပါတယ်ဗျ
စတွေထပ်နေတယ်ဘဒို
-ဒီကောင်ဆရာမ စကားထာလာဝှက်တာဆရာမ
မကရင်မ မကရင်မ ကရင်က ကရင်က မကရင်မ ကရင်က မကရင် ကရင်ကကို ကိုကရင်
အထက်ပါ စာ စကားလုံးများကို
သေချာလေး ပြင်ရေးပေးစေချင်ပါတယ်။
ကျေးဇူးပါကိုဟိန်းရေ ပြင်လိုက်ပါ့မယ်
ဟုတ်ကဲကျေးဇူးပါကိုကြီးရေ နောက်ပြင်ပါ့မယ်
ဟုတ်လား Bro ကျေးဇူးပြင်လိုက်မယ် bro
ကျောင်းသားဘ၀ အမှတ်တရလေးတွေပေါ့ နောက်ပိုင်း ပြန်တွေးမိရင် ကြည်နူးစရာတွေပါ
ဖတ်တော့ဖတ်လိုက်တာပဲ ဒါဘင်မဲ အဓိပ္ပါယ်ကို
မသိဘူး နောက်ပိုင်းရေးပြပေးပါလား
ဆက်ရေးပါဗျာ အားပေးနေပါ့မယ်
ကျောင်းသားဘဝရဲ့ အမှတ်တရ လေးတွေနောင်တချိန်မှ ကြည်နူးရတာပါ
ဆက်လက်ဖတ်ရှုချင်ပါသေးတယ်ဗျာ
ကျောင်းသားဘဝအမှက်တရလေးတွေဟာလည်း
လွမ်းမောတသစရာလေးတွေပါပဲ။
အားပေးနေပါတယ်အကို ဆက်လက်ရေးသားပေးပါ။
ကျောင်းတောင်ပြန်တက်လိုက်ချင်သေးတယ်ဗျာ
ဖတ်ရတာ လွမ်းသွားတယ်
ကျောင်းမှာတော့ကိုယ်တွေရှိနေမှတီချယ်တွေတောင်ပျော်တာ
အခန်းထဲမှာ ကိုယ်တွေသာရှိနေရင်တီချယ်တွေတောင်
ပျော်တယ်
ကရင်က မကရင်က အဲ့တစ်ကြောင်းနဲ့တင် မသောက်ပဲ မူးသွားပြီဘဒိုရေ 😂😂
ညီလည်းကျောင်းသားဘဝအကျောင်းလေးတွေကိုထက်ဖတ်ချင်ပါသေးတယ်အစ်ကိုရေကျောင်းကိုတောင်လွမ်းလာတယ်ဗျာ
ဟုတ်တယ် bro ကျောင်းပြန်တက်ချင်တာ
ဟုတ်လား လည်နေတာနေမှာ bro
ကျေးဇူးပါ ကိုလင်း
ဟုတ်တယ်ကိုမိုးဇော်ရေ ရေးရင်နဲ့ ပြန်လွမ်းလာတယ်
စကားဝှက်ရေ့းရတယ် bro
ကျောင်းသားဘဝကိုပြန်လွမ်းတယ်ဗျာ
ဟုတ်ကျေးဇူးပါကိုညီရေ
bro တူတူပါပဲဗျာ လွမ်းမောစရာကြီး အခုလိုချိန်ဆို
တီချယ်အချစ်တော်တွေဆိုပါတော့
တူတူပဲ Broရေတီချယ်အချစ်တော်တွေ
နည်းနည်းလေးထပ်ချလိုက်ရင် မမူးတော့ဘူးဟီးး
ကျေးဇူးပါအကိုရေ ...မျှော်နေပါဗျာ ထပ်ရေးပါအုံးမယ်
ဟုတ်bro thzs you