4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

About A Key

သူတို့ရွာထဲမှာ အလှုငွေဘောင်ချာစာအုပ် ကိုင်လာတဲ့သူကိုမြင်တွေ့လိုက်ကြပြီဆိုရင် ရွာထဲကလှုတွေကရှောင်တိန်းကြဖို့ပဲ စိတ်ကူးမိကြတယ်။ သူကတော့ဘယ်သူတွေရှောင်တိန်းပြေးဖို့ကြိုးစားကြိုးစား မိတဲ့လူဆီကတော့ အလှုငွေရအောင် ကော်တတ်တယ်။ ရပ်ကွက်ရဲ့သာရေးနာရေး လူမှုရေးကိစ္စ အဝဝအတွက် အဲ့ဒီရပ်ကွက်ထဲမှာ အလှုငွေကောက်ခံဖို့ပေါ်လာရင် သူ့ကိုပဲသတိရကြတာ။ သူကလည်း ဘုန်းကြီးကျောင်းက ဆရာတော်ဘုရား၏မိန့်ကြားချက်အရ ကောက်ခံရတာဆိုတော့မငြင်းသာဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရွာမှာ ဖိုးလုံးမပါတဲ့ပွဲဆိုတာလည်း မရှိဘူးဆိုပါတော့။
ဖိုးလုံးက ရွာသာရေးနာရေး လူမှုရေးကိစ္စဆိုရင် ထမင်းမေ့ဟင်းမေ့လုပ်တတ်တာ။ တခါတလေ မိသားစုရေးကိစ္စတွေဆိုရင် မလုပ်လိုက်ရလို့ အဆူအငေါက်က ခံရတတ်သေးသလို အလှုငွေများကောက်ခံတာ ရက်နီးနေပြီ။ ရက်နီးနေလို့ အလှုငွေမအပ်နိုင်လို့ ရက်ကွက်သူ ရက်ကွက်သားတွေ၊ ရွာလူကြီးတွေရဲ့ အယုံအကြည်ပျက်ခံရမှာကိုလည်း စိုးရိမ်နေရတတ်သည်။ ဒီအလုပ်မျိုးဆိုတာကလည်း ပါးစပ်ကပြောရုံနဲ့ မပြီးဘူး။ လက်တွေ့ကျကျပေးဆပ်နိုင်မှသာ ပရဟိတလို့ သတ်မှတ်လို့ရတာဆိုတော့ ဖိုးလုံးကလည်း ပရဟိတသမားဖြစ်အောင် အလှုငွေစာရင်းတွေကို စာရင်းဇယားနဲ့ အတိအကျပေးအပ်လေ့ရှိတာဆိုတော့ တစ်ရပ်ကွက်လုံးကတော့ ဖိုးလုံးကို ယုံကြည်လေးစားကြတာပေါ့။
‎ သူတို့ရက်ကွက်မှာ ဖိုးလုံးအလှုငွေကောက်ခံပေးခဲ့လို့ စာကြည့်တိုက်လေးတစ်ခု၊ ပရဟိတသင်တန်းကျောင်းလေးတစ်ခုနဲ့ ဆေးပေးခန်းလေးတစ်ခုကို အောင်မြင်စွာဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ အဲ့ဒီသုံးခုကို တည်ဆောက်ဖို့ ပထမဦးဆုံးအကြံပေးခဲ့သူကလည်း ရွာဆရာတော်ဘုရားအပါအဝင် ရွာသူရွာသားတွေပါ သဘောတူကြတော့ ရွာထဲကလူကြီးတွေကလည်း အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး အလှုငွေကောက်ခံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဖွဲ့သာဖွဲ့ပြီးကြပေမယ့် အလှုငွေကောက်ဖို့သတ်မှတ်ထားတဲ့နေ့ ရက်ရောက်တော့ ဘယ်သူမထွက်မကောက်ကြဘူး။ ဖိုးလုံးကတော့ သတ်မှတ်ထားတဲ့အဲ့အချိန်မှာ အလှုငွေကောက်ခံဖို့ လူကြီးတွေနဲ့သွားတွေ့တော့ ဟိုလူကြီးတွေက နေ့ရက်အချိန်တွေပြောင်းတာများလာတယ်။ ဖိုးလုံးကတော့ မတတ်သာလို့ သူကိုယ်တိုင်ပဲ ရွာထဲမှာ အဲ့ဒီစာကြည့်တိုက်တွေ၊ သင်တန်းကျောင်းတွေ ဆေးပေးခန်းတွေ ရှိစေချင်တာဆိုတော့ မထူဇတ်ခင်းတဲ့အနေနဲ့ ကိုယ်တိုင်ပဲထွက်ကောက်တော့တာပဲ။
‎" ကျုပ်တို့ရွာမှာ စာသင်ကျောင်းလည်းရှိသင့်သလို ဆေးပေးခန်းလည်းရှိရမယ်။ စာကြည့်တိုက်လည်းရှိဖို့လိုတယ်။ ဒါကြောင့် ခများတို့ သဒ္ဒါ တရားနည်းများမဆို ကုသိုလ်ပါဝက်ြဖို့ တိုက်တွန်းပါတယ်။ ခင်များတို့ကုသုလ်ရဖို့ ကျွန်တော်က ပါရမီဖြည့်တဲ့အနေနဲ့ အခုလိုအိမ်တိုင်ရွာရောက် လာရောက်အလှုငွေ ကောက်ခံဖို့လာတာပါ "
‎ဖိုးလုံးက စကားပြောဆိုတဲ့နေရာမှာ လိမ္မာပါးနပ်ကျွမ်းကျင်တော့ အလှုငွေမထည့်ပဲ မနေတဲ့သူ မရှိသလောက်ပါပဲ။ ဒါပေမယ့် သူ့မှာ အားနည်းချက်ရှိတာက သူဟာအခြေခံပညာအဆင့် သုံတန်းလောက်ပဲ အောင်ခဲ့တာ။ သူတို့ရွာထဲမှာ ဖိုးလုံးကလွဲလို့ တော်တော်များများက ခေတ်ပညာတတ်တွေ။ တချို့ဆိုရင် မြို့ကြီးပြကြီးမှာ အလုပ်တွေဝင်လုပ်ရင်း အဆင်ပြေကြလို့ အောင်မြင်နေတဲ့သူတွေ။ သူတို့ရွာထဲမှာ ဆရာဝန်လည်းရှိတယ်။ ကျောင်းဆရာလည်းရှိတယ်။ အင်ဂျင်နီယာလည်းရှိတယ်။ ဒါပေမယ့်ဆေးခန်းမရှိဘူး။ ကျောင်းမရှိဘူး။ စာကြည့်တိုက်မရှိဘူး။ ဖိုးလုံးက သူကိုယ်တိုင်သာ ပညာတတ်မဖြစ်ပေမယ့် သူ့ရွာမှာအားလုံးရှိစေချင်တယ်။ ဒီတော့ နှစ်ရှည်လများကြာတဲ့အထိ အလှုငွေကောက၊်ပြီး ရင်ရတဲ့ အလှုငွေကို ဆရာတော်ဘုရားကိုအပ်တယ်။ လကုန်ရင်ဆရာတော်ဘုရားကို နားပူနားဆာလုပ်ရင်း တစ်ရွာလုံးကို အစည်းအဝေးခေါ်ခိုင်း ပြီး စာရင်းရှင်းတန်းလုပ်တယ်။ ဆရာတော်ဘုရားကဖိုးလုံးရဲ့စိတ်ဓာတ်ကိုသိတော့ တစ်ရွာလုံးကို လစဉ်အစည်းအဝေးခေါ်ပြီး စာရင်းရှင်တန်းလုပ်ပေးရတယ်။ အဲ့ဒီအခါကြမှ ဖိုးလုံးသဘောကျစွာ ပြုံးနေတတ်တယ်။သူ့စိတ်ထဲမှာ ရိုးသားကြောင်းဖြောင်ချက်ပေး ရလိုက်သလို အပြုံးမျိုးနဲ့ဆိုတော့ မြင်ရသူအဖို့ ကျေနပ်စရာကောင်းပါတယ်။ မျှော်လင့်ချက်တွေ ပြည့်ခဲ့ပြီ ရွာမှာစာကြည့်တိုက်၊ စာသင်ကျောင်း၊ ဆေးပေးခန်းတွေရှိနေပြီ။ ဒါပေမယ့်………။
‎ ဒါပေမယ့် ညည်ဘက် ရက်ပိုင်းဖိုးလုံးကစိတ်တိုပြီး ပေါက်ကွဲချင်တိုင်းပေါက်ကွဲနေတယ်။ စာကြည့်တိုက်၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေကို ဖျက်မယ် တကဲကဲလုပ်နေတော့ ရွာကလူတွေက အံ့ဩနေကြတယ်။ ဒီရက်ပိုင်းမှာ ဖိုးလုံးနဲ့ စကားပြောတဲ့သူတိုင်းက ဖိုးလုံးရဲ့ဆဲရေးတိုင်းထွာမှုတွေနဲ့ မလွတ်ဘူး။ ရွာထဲမှာဆဲဆိုကြိမ်းမောင်းပြီးလျင် ရွာအပြင်ဘက် ယာထဲကလက်ပံပင်ကြီးအောက်မှာ ထိုင်ပြီးငိုနေတတ်တယ်။ တစ်ရွာလုံးက ဖိုးလုံးတော့ရူးသွားပြီထင်တာပေါ့။ တစ်နေ့ဖိုးလုံးသတင်းကြားတော့ ဆရာတော်ဘုရားက ကပ္ပိယကြီးနဲ့ခေါ်ခိုင်းတယ်။ ဖိုးလုံးကဆရာတော်ဘုရားနဲ့သွားတွေတော့မှ ဆရာတော်ဘုရားက အကြောင်းသိလိုက်ရတယ်။
‎တကယ်တော့ ဖိုးလုံးခံစားနေရတာက ရွာက ပညာတတ်လို့သတ်မှတ်ထားတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာ၊ဆရာမတွေက ရွာထဲမှာရှိတဲ့ စာကြည့်တိုက်၊ ဆေးပေးခန်း၊ စာသင်ကျောင်းတွေမှာ ပရဟိတစိတ်ဓာတ်အပြည့်နဲ့ ကူညီနိုင်မယ့်သူတစ်ယောက်မှ မရှိလို့ သူစိတ်တိုနေတာ။
‎ရွာမှာစာကြည့်တိုက်ရှိတယ်။ ဒါပေမယ့် စာကြည့်တိုက် စောင့်မယ့်သူမရှိဘူး။ စာသင်ကျောင်းတော့ရှိတယ်။ စာသင်ပေးမယ့်ဆရာမရှိဘူး။ ဆေးပေးခန်းတော့ရှိတယ်။ ဆေးကုပေးမယ့် ဆရာဝန်မရှိဘူး။့ ပညာရှင်တွေမရှိတော့တာ မဟုတ်ဘူး။ ပရဟိတစိတ်နဲ့ ပေးဆပ်မယ့် ပညာရှင်တွေ မရှိတော့တာ။ ဆရာတော်ဘုရားလည်း တတ်နိုင်သလောက်ကြိုးစားကြည့်ပေမယ့် ရွာပတွက်အချိန်ပေးဆောင်ရွာက်ပေးမယ့် ပရဟိတစိတ် အပြည့်ရှိတဲ့ ပညာရှင်တွေ မရှိဘူး။
‎ဒီတော့်ကြာမှီမှာပဲ ရွာမှာ စာကြည့်တိုက်ကြီးကလည်း တံခါးကသော့ခတ်ထားတယ်။ ပရဟိတကျောင်းကြီးကလည်း သော့ကြီးတွဲလောင်နဲ့။ ဆေးပေးခန်းကလည်း ဆေးပေးခန်းအမှတ်အသား ကြက်ခြေခတ်ထားလို့ပေါ့။
‎ဖိုးလုံးက ရွာထဲမှာ အဲ့ဒီစာကြည့်တိုက် သင်တန်းကျောင်းနဲ့ ဆေးပေးခန်းရှေ့ကဖြတ်လျောက်လာတိုင်း သက်ပြင်းအခါခါ ချလို့ပေါ့။ တစ်ခါတစ်လေဖိုးလုံးက ခတ်ထားတဲ့သော့တွေကိုကြည့်ရင်း တွေးနေတတ်တယ်။
‎" ဟောဒီသော့တွေကို ဖွင့်ဖို့သော့တစ်ချောင်းရှိတယ်။ ဒါပေမယ့် လူတိုင်းမှာတော့ ပရဟိတဆိုတဲ့ တံခါးတွေကိုဖွင့်ဖို့သော့တွေ ပျောက်နေကြတယ်။ အကယ်၍သာ အဲ့ဒီတံခါးတွေကိုဖွင့်ဖို့ သော့တွေရှိမယ်ဆိုရင် အခုလိုစာကြည့်တိုက်၊ သင်တန်းကျောင်းနဲ့ ဆေးပေးခန်းတွေကိုလည်း သော့ခတ်ထားစရာမလိုဘူး" ပေါ့။
‎ဖိုးလုံးကတော့ လူတိုင်းဆီမှာ တံခါးပေါက်တွေဖွင့်ဖို့ လူတိုင်းကို သော့တစ်ချောင်းစီ ရှိစေချင်ပေမယ့် သော့ပျောက်နေတဲ့ ရွာထဲမှာ သော့ပျောက်ရင်း အချိန်တွေသာကုန်ဆုံးနေတော့တယ်။ ဒါပေမယ့် သူ့မှာ သော့တစ်ချောင်းတော့ရှိတယ်။ သူ့မှာရှိတဲ့သော့တစ်ချောင်းနဲ့ ပိတ်နေတဲ့ ပရဟိတတံခါး ပေါက်တွေရဲ့ သော့ခလောက်တွေကို ဖွင့်နိုင်မယ်ဆိုရင်တော့……။ ။ ကမ္ဘာကြီးဟာဘယ်လောက်တောင် အေးချမ်းလိုက်ပါမလဲနော်။

image

4 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.

Technical details

Operation fingerprint: