4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လမ်းဆုံမှ လမ်းဆုံးသို့

လမ်းဆုံ ဆိုတာအ​ရေးကြီး တဲ့​နေရာ အန္တာ၇ာယ်​ရှိတဲ့​နေရာ ဖြစ်​သလို ကိုသွားချင်​တဲ့လမ်းကိုလည်းသွားလို့ရတဲ့​နေရာပါ လမ်းဆုံ​ရောက်​ရင်​သတိ​ပေးဆိုင်းပုဒ်​​တွေ မီးပွိုင့်​​တွေ ​ရောက်​မဲ့မြို့​တွေကိုလမ်းညွှ​န်​​ပေးထားပါတယ်​ မီးပွိုင့်​​တွေ ​ဆောင်​ပုဒ်​​တွေ ဘာလို့ ထားလဲဆို​တော့ ယာဉ်​တိုက်​​မှု​တွေဖြစ်​နိုင်တဲ့အတွက်​ အချက်​ပြသတိ​ပေးထားတာပါ ​ရောက်​မဲ့မြို့​တွေကပ်​ထားတာက လမ်းမှားမှာ ဆိုးလို့ပါIMG_47908724133586.jpeg
အဲလိုပဲ သံသရာနဲ့ကြည့်​ရင်​ လူ့ပြည်​ လူ့ဘ၀ဟာလမ်းဆုံပါ ကိုယ်​သွားချင်​တာသွားလို့ရတယ်​ ​ရောက်​မဲ့​နေရာ​တွေ​ပြောထားတယ်​ လမ်းမှားရင်​အန္တရာယ်​ရှိလို့ သတိ​ပေးဆိုင်းပုဒ်​​တွေလည်းကပ်​ထားတယ်​ ကိုယ်​အ​ပေါ်ပဲမူတည်​တယ်​ အတ္တာဟိအတ္တ​​နောနာ​ထော မိမိကိုသားကိုးကွယ်​ရာပါ မိမိဘယ်​လမ်းသွားချင်​ လဲ လမ်းဆုံးသွာပြီးခရီးနားချင်​လား ခရီးဆက်​သွားချင်​​သေးလား ​နောက်​ပြန်​ဆုတ်​မလား ဆိုတာ လူ့ဘ၀မှာပဲ​ရွေးချယ်​ခွင့်​ရှိတာပါ IMG_48790988845489.jpeg
နောက်​ပြန်​ဆုတ်​ရင်​​တော့ ငရဲ တိရိစ္ဆာန်​ ပြိတ္တာ အသူရကယ်​​ပေါ့ ​ရှေ့မှာ​တော့ နတ်​ပြည်​ ၆ထပ်​ ဗြမ္မာ ၂၀ လမ်းဆုံးမှာ​တော့ အသင်္ခတ နိဗ္ဗာန်​ ဘာကို ​ရွေးမလဲဆိုတာဒီလူ့ဘ၀မှာပဲ​ရွေးလို့ရမှာဖြစ်​တဲ့အတွက်​ လမ်း​ရွေးမမှားဖို့ လိုပါတယ်​ အခုဆို ကျွန်​​တော်​တို့ဟာ လမ်းဆုံမှာရပ်​​နေကြတာပါ ​​ရွေးချယ်​ပိုင်​ခွင့်​က မိမိလက်​ထဲမှာပါ ​ဒါ​ပေမဲ့ ​နောက်​ပြန်​ မဆုတ်​ဖို့ လို့သလို ၇ပ်​​နေလိုလဲမရပါဘူး လမ်း​ရွေးမှား၇င်​လည်း ပြန်​လည်​ဦးမှာမို့ ​နောင်​တချိန်​​နောက်​ပြန်​​ရောက်​သွားနိုင်​ပါတယ်​ ​နောက်​ပြန်​​ရောက်​သွား၇င်​ လမ်းဆုံဆိုတဲ့လူ့ဘ၀ကြီး ဟာပြန်​၇ဖို့ခက်​ပါတယ်​ ဘယ်​​လောက်​ခက်​လဲဆို၇င်​ မိုးကုတ်​ဆရာ​တော်​ဘုရားကြီး​ဟောထားတာက​တော့ ဗြမ္မာပြည်​က အပ်​တစ်​စင်း
နဲ့လူပြည်​ကအပ်​တစ်​စင်းဆုံတာကလွယ်​တယ်​တဲ့ လူ့ဘ၀ရဖို့ခက်​တယ်​တဲ့ IMG_49017182441809.jpeg
ဒါ​ကြောင့်​ အခုရခဲလှတဲ့ လူ့ဘ၀လမ်းဆုံက​နေ လမ်းမှန်​ကို​ရွေးပြီး လမ်းဆုံးကို​ရောက်​​အောင်​ ကြိုးစား​လျှောက်​ကြပါလို့ သတိ​ပေးတိုက်​တွန်းရင်း
ဖတ်​ရှု့သူအားလုံးကို​ကျေးဇူးတင်​လျက်
Msc 236
Photo credit facebook

63 upvotes $1.47

Replies (22)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: