Community post
"အားကျ"
ရထားဘူတာရုံမှာ ... သူတောင်းစား ဈေးသည် ... ကုန်တင်ကုန်ချ... လက်မှတ်ရောင်းသမား.... လက်မှတ်စစ်.... ရထားမောင်းဦးလေး ရထားစောင့်ဦးလေး စုတ်စုတ်ပျက်ပျက် နံစော်စော်လူမျိုးတေ... စုတ်ပျက်သော်လည်း ဖုန်း တက်ဘလက်ကြီးနဲ့ ကလိနေသူတေ ..... ဝတ်တော့ ရွှေတကွင်းကွင်း လက်မောင်းထိဝတ်ပီး အဝတ်အစားမှာတော့ အရောင်တောက်ပြောင်ပြောင် မဲသဲဖုန်ပေ ဖာထားတဲ့ ဟန်လုပ်အဝတ်အစားဝတ်ထားတဲ့ လူမျိုးတေ...
တောက်တောက်ပြောင်ပြောင် ဝတ်နိုင်တဲ့ သာမာန်လူတန်းစား... ရွှေငွေစိန်မဝတ်ထားပေမဲ့ လှလှပပ ဝတ်နိုင်တဲ့ ကြည့်ရုံနဲ့သိနိုင်တဲ့ ဂုဏ်ရှိနိုင်တဲ့လူတန်းစား.... ကျောင်းသား ကျောင်းသူလေးတွေ.... uniform T-Shirt နဲ့ ဝန်ထမ်းလေး ချောချော ခန့်ခန့် လှလှပပလေးတေ...
အလုပ်သွားလာနေတဲ့ ခပ်မိုက်မိုက်ဒီဇိုင်းတွေက အစ ရထား တစ်တွဲတည်းမှာ အတူစီးလာတယ်
ကလေးတွေ ပြေးလွှားဆော့ကစားကြတယ်... ဝတ်ထားတဲ့အဝတ်အစားက နွမ်းနွမ်းလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်ပြေးလွှားကြတယ်
ဘေးနားမှာ နားကြပ်လေးတပ်ပီး iphone လေးကိုင် အလုပ်လွယ်အိတ်လေးကိုင်ပီး duty code ဝတ်စုံ ကောင်လေး ဆရာဝန်လောင်းလေးရှိတယ်
ကလေး တစ်ယောက်က အာ့ အကိုလေးကိုမြင်တော့ စိတ်ထဲကနေ အားကျတယ်
" ငါတစ်နေ့ သူ့လို ပညာတတ် ချမ်းသာပီး ပိုက်ဆံတွေ ဖောဖောသီသီရတဲ့ ဆရာဝန်ဖြစ်ချင်လိုက်တာလို့ ... ပီးတော့ သူ့လို ခပ်မိုက်မိုက်ပစ္စည်လေးတွေ ဝယ်သုံး ခပ်မိုက်မိုက် ဒီဇိုင်းတွေဝတ်ပီး စော်ကြည်တဲ့ ကောင်လေးမျိုးဖြစ်ချင်လိုက်တာ သူတို့လိုမိသားစုလို ငါမွေးလာခဲ့ရင် သိပ်ကောင်းမှာပဲ " လို့တွေးမိကောင်းတွေးမိနိုင်တယ်...
ဆရာဝန်လောင်းလေးကလည်း သီချင်းနားထောင်ရင်း ကလေးတွေ ပျော်ပျော်ရွှင်ရွှင်ပြေးလွှားကစားနေတာတွေမြင်တော့...
" သူတို့လေးတွေလို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ငယ်ငယ်တုန်းက ကစားချင်ခဲ့တာ... ကိုယ်တွေက အပြင်ကို အိမ်ကနေ မထွက် .. အမြဲ ကျူရှင်တွေတက်... စာတွေ မရပ်မနားလုပ်ရ... ဝါသနာပါတာတွေလည်း မလုပ်ရ... သူငယ်ချင်းအပေါင်းအသင်းလည်း မရှိ....မိဘတွေ တွန်းအားပေးခဲ့တဲ့ဒဏ်တွေကများ... ငယ်စဉ်ကတည်းက အရွယ်နဲ့မလိုက်အောင် Pressure တွေကများ... အဖေက ရှုပ်တော့ အမေက ဒေါသတွေကို ကိုယ့်အပေါ်ဆူပူကြိမ်းမောင်းတာတွေခံရ... မှန်းထားတဲ့ အမှတ်တွေ မရခဲ့လို့ ပြသနာတွေ ဖြစ်ခဲ့ရ... ဒါတွေ ပီးပါပီလေ...
အခုလည်း မနားမနေ အလုပ်တွေ လုပ်ရ ပိုက်ဆံတွေရှာရ... လူတွေ အထင်ကြီးအောင် နေရ ... အမျိုးတွေကြားထဲမှာ မျက်နှာသာအောင်ပြိုင်ဆိုင်ရနဲ့...
သူတို့တွေခမျာ အပူအပင်မရှိ ပျော်ပါးကြတာ တကယ် အားကျဖို့ကောင်းတယ် ... အမေအဖေတွေနဲ့ အလုပ်တူတူ ချစ်ချစ်ခင်ခင်လုပ်ကြနဲ့ ချစ်ဖို့ကောင်းတဲ့မိသားစုတွေ... "
#life
Everyone has Full of their own life's problems.
#sorakrystal
ဇာတ်လမ်း ရေးသူ - Sora Krystal

image source from google
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.