4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Luzhniki အားကစားကွင်း

တစ်ကမ္ဘာလုံးကစိတ်ဝင်တစားအားပေးကြတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၅ ရက်အထိ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
image
ရုရှားနိုင်ငံမှာရှိတဲ့ မြို့ပေါင်း ၁၁ မြို့က အားကစားကွင်း ၁၂ ကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ရုရှားနိုင်ငံအနေနဲ့ ပြိုင်ပွဲကျင်းပမယ့်ကစားကွင်းအများစုကို အသစ်တည်ဆောက်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီကစားကွင်းတွေထဲကမှ ဖွင့်ပွဲအခမ်းအနားနဲ့ ဗိုလ်လုပွဲအခမ်းအနားတွေကျင်းပမယ့် မော်စကိုမြို့က Luzhniki အားကစားကွင်းအကြောင်း တင်ပြပါမယ်။Luzhniki ကို ၁၉၅၆ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ 4 stars အဆင့်ရှိ အားကစားကွင်းဖြစ်ပါတယ်။ ကစားကွင်းကိုတော့ မော်စကိုအစိုးရက ပိုင်ဆိုင်တာဖြစ်ပါတယ်။
မြက်ခင်းပြင်အားကစားကွင်းဖြစ်ပြီး ကစားကွင်းအကျယ်က ၁၀၅ မီတာ အကျယ်ရှိပါတယ်။ ၁၉၅၆ ကနေ ၁၉၉၃ ခုနှစ်အထိ Central Lenin အားကစားကွင်းအမည်နဲ့ အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာမှ အမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ကွင်းကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့ပြီး ယူရိုသန်း ၃၅၀ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
ဒီအားကစားကွင်းမှာ ပွဲကြည့်ပရိသတ် ၈ သောင်းဆံ့ပြီး အဖွင့်ပွဲစဉ်ဖြစ်တဲ့ ရုရှားနဲ့ ဆော်ဒီအာရေဗီယားပွဲစဉ်အပါအ၀င် ပွဲစဉ်ပေါင်း ၇ ပွဲကို လက်ခံကျင်းပမှာဖြစ်ပါတယ်။ ဒီအားကစားကွင်းမှာ ၁၉၈၀ အိုလံပစ်အားကစားပြိုင်ပွဲကို လက်ခံကျင်းပခဲ့ဖူးသလို ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ကျင်းပခဲ့ဖူးပါတယ်။ ဒါအပြင် ၁၉၇၃ summer universiade ပြိုင်ပွဲနဲ့ ၂၀၁၃ World Championships in Athletics ပြိုင်ပွဲတွေကိုလည်း လက်ခံကျင်းပခဲ့ဖူးပါတယ်။

11 upvotes 2 downvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: