4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မြန်မွှာတ်

နောက်ဆုံးလုပ်ငန်းတခု ထပ်တင်ပြပါတယ်။ လုပ်ခွင့်တောင်းတယ်ပေါ့။ ကျွန်မလို မိန်းမတယောက်ကတောင် ဒီအလုပ်ကို လုပ်လို့ရတယ်ဆိုတာသိပါတယ်။ ၀န်ကြီးက ဘယ်လိုမှတ်ချက်ပေးလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပြီးရင်တော့ ဒီလုပ်ငန်းလုပ်လို့ဖြစ်မယ်တဲ့။ စိတ်ကုန်တယ်ဆိုတဲ့ စကားထက် လေးနက်တဲ့စကားသာရှာ ညည်းလိုက်ချင်ပါတော့တယ်။
image
ဇွဲကိုတော့ လျှော့လို့မဖြစ်ပါဘူး။ ပြင်ပက ငွေချေးဖို့ လုပ်ရပါတယ်။ ပြင်ပကငွေချေးတယ်ဆိုတာလည်း မလွယ်ပါဘူး။ တရုတ်ဆီကချေးရင် အပြင်ပန်းအရကြည့်ရင် အတိုးသက်သာတယ်ပေါ့။ ဒါပေမဲ့ သူတို့ဘက်ကချမှတ်ထားတဲ့ နှောင်ကြိုးတွေကို လေ့လာလိုက်ရင် အတိုးကိုလျှော့ပြီး တဖက်ကပြန်ယူထားတာပါ။ နှောင်ကြိုးဆိုတာကသူတို့နိုင်ငံထုတ်ပစ္စည်းကို ငါးဆယ်ရာနှုန်းထည့်သုံးရမယ်ဆိုတာမျိုး။ သူတို့ဘက်က အိပ်စပတ် (ကျွမ်းကျင်ပညာရှင်)ကို သုံးရမယ်ဆိုတာမျိုးပါ။
ဒီတော့ တတ်နိုင်သမျှ နှောင်ကြိုးမပါတဲ့ ချေးငွေကိုရှာရပါတယ်။ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးကတော့ သိပ်နားလည်မှုရှိပါတယ်။ တွေ့ခွင့်လည်းမခက်ဘူး။ တွေ့ရတယ်။ ချေးမဲ့ငွေအပေါ်လည်း နားလည်တယ်။ ချေးငွေကိစ္စ စီမံဘဏ္ဍာဝန်ကြီးဌာနက ဆုံးဖြတ်တဲ့နေ့ဆို ကျွန်မတို့အလုပ်လုပ်နေတဲ့ ၀န်ကြီးဌာနက တာဝန်ရှိသူအရာရှိလည်း လာရပါတယ်။ ဒီပွဲမှာပဲ အလုပ်လုပ်ခွင့်ပေးရမယ့် ၀န်ကြီးဌာနက စီမံဘဏ္ဍာ ၀န်ကြီးဌာနကို ဘယ်လိုလုပ်ငန်းတွေရှိတယ်ဆိုတာ ပြောပြသင့်ပေမယ့်၊ မပြောပါဘူး။ အစည်းအဝေးပြီးတဲ့အခါ ကိုယ်အလုပ်လုပ်ရမယ့် ဌာနကအရာရှိနောက်ကို အပြေးလိုက်ရပြန်တယ်။ ဘဏ္ဍာရေးဘက်ကပြတ်တော့ လာခဲ့ပေါ့ဆိုတဲ့ စကားထွက်လာပြီး ကားပေါ်တက်ပြန်လေရဲ့။

12 upvotes $0.15

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: