4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ငြီးတွားခြင်း အမှတ်တစ်

မြန်မာနိုင်ငံကို နိုင်ငံသားတိုင်းရှုံ့ ချ ဖူးကြတယ်...
နိုင်ငံခြားမှာဆိုရင်ဆိုတဲ့
အခြားနိုင်ငံကိုအားကျတဲ့စကားသံတွေ ကိုယ့်နိုင်ငံကို အားမရတဲ့ စကားသံတွေ ခဏခဏကြားရတယ်

အပျက်စကားတွေချည်းပြောနေလို့  တော့ နိုင်ငံက ဘယ်တော့မှ ဟန်လာမယ်မထင်ဘူး...

လူနဲ့ ထမ်းတဲ့နိုင်ငံမှာ လူတွေကောင်းရင် နိုင်ငံကောင်းမယ်
လူအဟောင်း စိတ်အဟောင်း နိုင်ငံအဟောင်းကြီးထဲမှာ ရွှေပြည်တော်ဟာ မျှော်တိုင်း ဝေးနေဆဲ....

''ထလော့မြန်မာ'' ရယ်လို့  ဘယ်လိုပဲအော်နေအော်နေ
ကိုယ်ကစမပြောင်းရင် နိုင်ငံဘယ်တော့ကောင်းမှာလဲ

တံတားတွေဆောက်မှ လမ်းတွေဖောက်မှ နိုင်ငံဟာ ကောင်းလာမှာလား....
လူတစ်ယောက်ချင်းစီရဲ့ စာရိတ္တတွေ ကျင့်ဝတ်တွေ ကောင်းလာမယ့်နေ့  ဟာ နိုင်ငံတကယ် တိုးတတ်လာမယ့်အချိန်ပါ

အလျှင်လိုသူကို ဦးစားပေးတဲ့ After you သဘောထားလေးတွေ မထွန်းကားသေးဘူး...
အူမမတောင့်ရင် သီလမစောင့်ဘူးဆိုတဲ့ လူတန်းစားတွေကြားမှာ နိုင်ငံဟာ ပြားပြီးရင်းပြားလာတယ်

မေတ္တာတရားတွေ မိုးနည်းတဲ့ရပ်ဝန်းမှာ
အချစ်တွေ ဖြစ်ထွန်းချင်လို့ မရဘူး

မပန်မယ့်ပန်းကိုပျိုးမိတဲ့
ဥယျာဉ်မှုးပါ...
အစိုက်ပျိုးခံနှလုံးသားဟာ
မွှေးသည့်တိုင်နာကျင်ရတယ်...

''ဟေး''လို့ ခဏခဏအော်ခွင့်ရဖို့  ခဏခဏမီးလာတဲ့
၉၀လွန်နေ့ ရက် များကိုသတိရတယ်....
ခဏခဏမီးပျက်တာကို ငါမေ့ထားပါရဲ့ကွယ်....

သူကမာယာမများဘူး
အသဲမခွဲဘူး
မျှော်လင့်ချက်လည်းမပေးဘူး
ချစ်မိတဲ့ငါ့ကို
စောက်ဂရုမစိုက်တာလေးတစ်ခုပါပဲ..

အလျားအနံမရှိပေမယ့်
အသွားအပြန်ရှိပါတယ်ဆိုတဲ့
''မေတ္တာ''ကို
ကျားကန်ပြီး မျှော်လင့်မိတဲ့ငါ
နောင်တတွေနဲ့ နာတယ်...

သမင်လည်ပြန်မကြည့်လိုသူအတွက် ခြင်္သေ့မင်းမာန်တင်း
ခပ်ရှင်းရှင်းလေး ရှင်သန်တော့မယ်

ငါဟာ ဒဿ လည်းမဟုတ်
လက္ခဏလည်းမဟုတ်...
၂၁ရာစုရဲ့ သာမာန်ယောကျာ်းဒြပ်ရုပ်
ဒါကြောင့်လည်း
မျှော်လင့်ချက်ဆိုတာကြီးကို
ဖြုတ်ထုတ်သတ်လုပ်ပြီး
ခပ်သုတ်သုတ်လေး နှုတ်ဆက်လိုက်တယ်
Good byeပါ ကောင်မလေးရေ...

အစိုးရကို အဖေခေါ် ရင်း အမေကျော် ဒွေးတော်လွမ်းမပြချင်ဘူး...
ကိုယ်ကစပြောင်းဖို့ မကြိုးစားပဲ မင်းပြောင်းပါလား သူပြောင်းပါလားနဲ့  ဒီလက်ညှိုးအဟောင်းကြီးတွေ ထိုးလို့  ကောင်းနေကြတုန်းပဲ

ဝက်သားဒုတ်ထိုးသည်က ကျင့်ဝတ်ပိုင်းကောင်းတော့ ဒုတ်ထိုးစားတဲ့အခါ ပြည့်စုံတဲ့ အရသာကိုရမယ်
Driverက ကျင့်ဝတ်ပိုင်းကောင်းတော့ BUSစီးတဲ့အခါ အသင့်တော်ဆုံး ဝန်ဆောင်မှုကိုရမယ်
ပြည့်တန်ဆာက ကျင့်ဝတ်ပိုင်းကောင်းတော့ ပျော်ပါးမိတဲ့အခါ စိတ်ကျေနပ်ပျော်ရွှင်ရမယ်....

ကားစီးတဲ့အခါ ထိုင်စီးစေဖို့  ကိုယ်ခန္ဓာကြံ့ခိုင်မှုလိုအပ်ချက်ရှိသူကို ဦးစားပေးရတယ်...
အသက်အရွယ် ဟာ ပထမ ဦးစားပေးမဟုတ်
သံဃာလို အကျင့်သီလပိုင်းဟာ ပထမဦးစားပေးမဟုတ်
ခန္ဓာကြံ့ခိုင်မှုအားနည်းသူကို ဦးစားပေးရတယ်
ဦးရာလူထိုင်တာဟာ စည်းမျဉ်းဆိုရင် ဦးစားပေးထိုက်သူကို ဦးစားပေးတာဟာ ကျင့်ဝတ်ပါ...

ဂျပန်ဟာ ဘာကြောင့် အောင်မြင်တဲ့တိုင်းပြည်ဖြစ်နေရသလဲ
လို့ မေးခွန်းထုတ်တော့ အဓိက အဖြေတစ်ခုတည်းထွက်လာတယ်

''သူများအတွက်ပါ စဉ်းစားပေးလို့ ပါ ''တဲ့
အများဆိုင် public region တွေမှာ ဆူညံသံတွေမလုပ်ဘူး
စက်လှေကားစီးတဲ့အခါ အလျှင်လိုသူတွေ သွားလာဖို့  တစ်ဖက်ကပ်စီးတယ်တဲ့
ဒီအချက်တွေဟာ အစိုးရကောင်းခြင်းမကောင်းခြင်းနဲ့  တိုက်ရိုက်မပတ်သတ်ဘူး
ပြည်သူတစ်ယောက်ချင်းစီရဲ့ စိတ်ဓါတ်ပြည့်ဝမှုနဲ့ ပဲ ဆိုင်တယ်

ကျနော်တို့  ဘယ်လောက်ပြည့်ဝပြီလဲ BUSစီးတဲ့အခါ ဦးစားပေးသင့်သူနဲ့  လုပြီး ထိုင်မစီးဘူးဆိုတဲ့ အတွေးတွေ ရှိကြပြီလား...
public regionတွေမှာ အမှိုက်မချဖို့  ကွမ်းတံတွေးမထွေးဖို့ ဆေးလိပ်မသောက်ဖို့  ဆူညံသံတွေ မလုပ်ဖို့  လူအများစု တွေးတတ်လာပြီလား...
ပျမ်းမျှသဘောဆန်ဆန် တစ်လကို စာအုပ်တစ်အုပ် ဖတ်သင့်ကြောင်းသိမြင်ကြပြီလား
ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်အောက်အသိငယ်သော အသက်ငယ်သော လူတွေကို လှုံ့  ဆော်ပေးနိုင်ဖို့  သတိထားမိကြပြီလား...

ရှောင်ရတဲ့အပိုင်း ရှောင်ဖြစ်ကြလို့  စာရိတ္တသီလ ပိုင်း ကောင်းမွန်ပေမယ့် ဆောင်ရမယ့်အပိုင်း မဆောင်ရွက်နိုင်လို့  ဝါရိတ္တသီလတွေ
ချို့ ယွင်းနေတဲ့ သီလတစ်ခြမ်းပဲ့ နိုင်ငံတော်ကြီးရေ...
လွမ်းတယ် ''မ''ရယ်
ပထမစာကြောင်းမှာ မြတ်နိုးလွမ်းဆွတ်ခြင်းနဲ့  ဂါရဝကိုပေါင်းပြီး ကျနော် နိဒါန်းလှစ်လိုက်ပါတယ်...

ချီမြှောက်ယုယခံပြီးမှ လွှတ်ချခံလိုက်ရတဲ့ ကလေးတစ်ယောက်လို ကျနော်နာတယ်...
ရည်ရွယ်ချက်ရှိရှိ နှင်းအပ်ခဲ့မိတဲ့ နှလုံးသားပါ မမစနိုးရယ်...
လက်မအားလို့  လွှတ်ချခံလိုက်ရတဲ့နှလုံးသားမှာ ခဲတွေစိုက်နေတယ်...

စောက်ရေးမပါတဲ့အသည်း
ကွဲတာတောင်နည်းသေးတယ်...
သစ္စာမရှိတဲ့ မိန်းမပျက်ကြီးလို့ 
နာနာကျည်းကျည်းနဲ့  ရေရွတ်ဆဲဆိုခဲ့တဲ့
အသည်းကွဲညတွေ

မ'' အနမ်း မ အထိအတွေ့ တွေကို ပြန်တောင့်တနေမိတဲ့ နွားဆန်ဆန် အတွေးတွေ...

စွန်တစ်ခုလို လွှင့်တင်ခံရပြီးမှ ကြိုးဖြတ်ခံလိုက်ရတဲ့ တွယ်ရာမဲ့ခြင်းတွေ...

အဆင့်အတန်းမဲ့ လူရိုင်းတစ်ကောင်လို သွေးရူးသွေးတမ်းအတွေးတွေနဲ့  ''မရဲ့နောက်အကောင် အပေါ် ထားမိတဲ့ ဣသာတရားတွေ

သစ္စာတရားဆိုတာ ''မ''ရင်ထဲမရှိနိုင်မှန်းသိရက်နဲ့  ရှာဖွေမိတဲ့ ရူးကြောင်ကြောင်နေ့ ရက် တွေ

သင်းကွဲဆင်တစ်ကောင်လို ရိုင်းစိုင်းခက်ထန်ခြင်းတွေနဲ့ ...

အသည်းကွဲတယ်ဆိုတာ Gentle man လည်း ဆန်ပြစရာမလိုဘူး
''မိန်းမပျက်ရယ်လို့  မိုးမွှန်နေအောင်ဆဲ
မျက်လုံးထဲမှာ မျက်ရည်တွေဝဲလို့ ...

နှလုံးသားကို စင်းနှီတုံးလုပ်ပြီး
အမုန်းဓါးတွေနဲ့  ''မ''ဓါတ်ပုံကို တင်ခုတ်ခဲ့တယ်...
ဓါတ်ပုံဟာလည်း ဓါးဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ
နှလုံးသားဟာလည်း ဓါးဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ...

''ငါ့လည်ပင်းကို စွပ်တဲ့ကြိုးကွင်း
နည်းနည်းလောက်ထပ်တင်းပေးပါ''

'မ' နားထောင်နေသေးလား
တမာလိုစကားတွေ
ခါးပေမယ့် မှန်တဲ့စကားတွေ...
နာကျင်နာကျည်း ...
ရင်ထဲကမီးတွေနဲ့ 
သစ္စာမဲ့သူကို ပူဇော်...
ကျနော်မရှိတဲ့အရပ်မှာ ''မ'' ပျော်ပါစေ
ရွှေဥဒေါင်းကပြောဖူးတယ်
ငါးပါးသီလလုံသူထက် gentle manကို ပို လေးစားပါသတဲ့...
ငါးပါးသီလလုံသူဟာ ရှောင်ခြင်းမှာ တော်ပေမယ့် ဆောင်ခြင်းမှာ လိုအပ်ချက်တွေရှိတယ်..
ဗိုက်ကြီးသယ်ကို နေရာမပေးလည်း ငါးပါးသီလမကျိုးဘူး
ဒါပေမယ့် gentle man ဆိုတဲ့ ဂုဏ်ကနေတော့ လျှောကျသွားလိမ့်မယ်...
ခြေနှစ်ချောင်းလည်း မကယ်ကောင်းတဲ့...
အဆိုးမြင်ဆုံးမစာ တချို့ ဟာ သူတော်ကောင်းတရားတွေကို ပိတ်ပင်တတ်တယ်...

သင်ကောင်းလျှင် ကျွနုပ်မဆိုးပါတဲ့ အတ္တသမားတွေ သည်းခြေကြိုက် စကားလေး
တကယ်ဆို သင်မဆိုးလျှင် ကျွန်ုပ် ကောင်းမည်လို့  မဖြစ်သင့်ဘူးလား
လောကနိယာမမှာ
များရမှ နည်းရာသို့  မြင့်ရာမှ နိမ့်ရာသို့  စီးတယ်

အမြင်တွေဆိုးလာတယ်
ဗဟုသုတတွေမျှဝေတော့
Like ချူ တယ်လို့ မြင်တယ်
က်ုယ်ပိုင်အမြင်လေးတွေ ထုတ်ပြတော့ စောက်ဆရာကြီး လုပ်တယ်လို့ ထင်တယ်
စကားလုံးတွေရိုင်းပြရင် စောက်ထာကျတယ်လို့  ထင်တယ်
ရိုးသားခြင်းကို ရိုင်းစိုင်းခြင်းက နာမည်ဖျက်တယ်...
အပြု သဘောဆန်ပြန်တော့ ယူတိုးပီးယားတဲ့ စိတ်ကူးယဉ်ဆန်သတဲ့...

အပြန်အလှန်ချီးမွမ်းရင် သုံးခွန်းထက်မပို....
အပြန်အလှန်ဆဲကြရင် တစ်ယောက်ယောက်က လျစ်လျူ မရှုမချင်း မပြီးနိုင် မစီးနိုင်...

ဘာတွေလိုနေလဲ ဘာတွေပြောင်းလဲရမလဲ
မတိုးတတ်ရင်တောင် အေးချမ်းတဲ့တိုင်းပြည်လေးမှာနေထိုင်ခွင့်ရချင်တယ်...
ကိုယ်က စပြောင်းမှ ရမယ်လေ

3 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: