4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

RIP

Rest in Peace


(၁)ချပ်ဝတ်တန်ဆာအပြည့်အစုံနဲ့ 
ငါ့ကိုယ်ငါ လုံပြီလို့ ထင်ခဲ့မိတယ်
သမိန်ဗရမ်းနဲ့ မှ စုံခဲ့မိတဲ့
ဂါမဏိလို...
ငါ့ပျော့ညံ့မှုဟာ လက်လေးသစ်မျှသာ

ကောင်မလေးရယ်
ချစ်တယ်ဆိုတဲ့ခံစားချက်ဟာ
ဒိုင်းကိုလွှတ်ချလိုက်တဲ့ စစ်သည်ရဲ့
အမှားအယွင်းမျိုးပေါ့...
လေးညှို့ သံဟာ
တေးသွားဆန်နေတဲ့အခါ
ရှောင်တိမ်းဖို့ ထက် ရစ်မူးသာယာ..

ရတနာစီခြယ်...
ထက်မြမာကျောတဲ့ သံမဏိဓါးဟာ... ခမ်းခမ်းနားနားရက်စက်တတ်တယ်

ဒီဓါးရဲ့တောက်ပမှုများဟာ
မင်းမျက်ဝန်း
ဒီဓါးရဲ့ ထက်မြမှုများဟာ
မင်းနှုတ်ခမ်း
ဒီဓါးရဲ့ မာကျောမှုဟာ
မင်းရဲ့အသဲနှလုံးပေါ့...
အညှာတာမဲ့သော လက်အစုံဖြင့်
ခုတ်ပိုင်းရစ်ပေါ့ကွယ်...

ငါ့ဘဝကို ကာကွယ်ဖို့ အတွက်
ငါဟာ ရဲမတ်တစ်ယောက်ပဲ...
လောကဓံအစုံစုံ
ငါမဖြုံခဲ့ဘူး....
အားကောင်းလွန်းသူရန်သူရဲ့လက်
ငါ့နှလုံးသားကို အပ်ရတဲ့အခါမျိုးမှာ
သေဆုံးရခြင်းကို ဆာတယ်...

(၂)ငါဟာ ငါ့အတွေးငါ့အသိနဲ့ 
နွားတစ်ကောင်ကို အံ့သြသနားမိတယ်
လေးလံတဲ့ထွန်တုံးကိုတင်ပြီး
နွားဟာ နွားလိုရုန်းတယ်
သူ့ ဘဝဟာ စောက်ဖိုးမတန်တဲ့ မြက်ကိုစားရဖို့ များ
ရှင်သန်နေသေးသလားလို့ 
ငါအထင်အမြင်လွဲခဲ့သေးတယ်...

မာယာ နဖားကြိုး
မျက်စောင်းကြိမ်ချက်တွေနဲ့ 

နင့်နှုတ်ခမ်းနင်ကိုက်ပြတဲ့အခါ
ငါ့နှလုံးသားမှာ သွေးတွေ ပွက်ခနဲ့  အံကျ....

ဒီနေ့ လုပ်အားခအတွက်
နင့်အပြုံး မြက်တစ်ဆုပ်ကို
ငါမရသေးဘူး...

(၃)မုဆိုးတစ်ပိုင်း မိန်းမရိုင်းတဲ့
ဦးပုညက သုဘဒ္ဒါအငယ်ကို
ဒီလိုနှိုင်းခဲ့တယ်
''ချစ်လွန်းလို့ ဖြစ်သွားတာပါ' ဆိုပြီး
ဦးချစ်ကောင်းလေသံနဲ့ 
သုဘဒ္ဒါဖြေရှင်းလေမလား...
ငါကတော့ အချစ်ရှုံးကြသူတိုင်းကို
သနားတယ်

မုဆိုးတစ်အုပ်လို မိန်းမယုတ်လှလှလေးမှာ
သောနုတ္တရပေါင်းများစွာရှိရဲ့...

ငါ့နှလုံးသားကို
RIPလို့  ပြောအပြီးမှာ
ကိုယ့်ဘာသာ ဈာပနချပစ်ခဲ့တယ်
သေဆုံးရခြင်းမှာပဲ
ငြိမ်းချမ်းစေတော့မယ်
image
writer by @suyee

4 upvotes $0.00

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: