4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

The Friend 2

image
အားလုံးပဲ မင်္ဂလာပါ ခင်မျာ

အပိုင်း၁

https://img.esteem.ws/3ug965u7vt.jpg
အခန်း(၃)
"ဟျောင့်...ရှိုင်း မင်းပြောတဲ့အိမ် ဒီအိမ်ဆိုတာ သေရော သေချာရဲ့လားကွာ"

"သေချာပါတယ် ကွ…ဒီအိမ်မှဒီအိမ် အိမ်ထဲမှာ တန်ဖိုးကြီးပစ္စည်း သေချာပေါက်ရှိကို ရှိရမယ်"
image# header
ခြံတခြံ၏ရှေ့တွင် ရောက်ရှိနေသော လူသုံးရောက်၏ တီးတိုးစကားပြောသံ ကြားရသည်။ ခြံထဲမှာ လူရှင်းမရှင်း သေချာကြည့်ပြီး ခုန်ဝင်လိုက်ကြသည်။ မှိန်ဖျော့ဖျော့ မီးအလင်းရောင်ကို အခွင့်ကောင်းယူကာ အိမ်၏ဘေးရှိ သစ်ပင်ကြီး တပင်ပေါ်သို့ တက်လိုက်သည်။ ကင်းစောင့်အနေနဲ့ သစ်ပင်ခြေရင်းတွင် လူတယောက်ကျန်ခဲ့သည်။

"ရှိုင်း…မင်းပြောတော့ တန်ဖိုးကြီးပစ္စည်းတွေရှိတယ်ဆို…ခု ဒီသေတ္တာလေး တလုံးကလွဲ တခြားဘာမှမရှိပါလား ကွ"

"အေးး မင်းကပြောဖို့ပဲသိတယ် ငါလည်း အိမ်ပိုင်ရှင်ရဲ့သားမှ မဟုတ်တာ အတိအကျတော့ဘယ်သိမလဲ…ဒီသေတ္တာထဲမှာလဲ တန်ဖိုးရှိတာ ပါချင်ပါမှာပဲလေကွာ"

"အေးး ခုမှတော့ ငါးမရ ရေချိုးပြန်တာပေါ့"

"ဟာ…ဒီမှာကြည့်စမ်း သေတ္တာက ကွန်ပျုတာစနစ်နဲ့ လော့ခတ်ထားတာပဲ"

"ဖွင့်ကြည့်ရအောင် အထဲမှာဘာရှိလဲမသိဘူး စိန်တွေသာဆိုလို့ကတော့ နန္ဒတို့က ဘာမှမလုပ်ပဲ ဟန်နီးမွန်း တလလောက်ထွက်ပစ်မယ်"

"ရွှီ………"
လေချွန်ပီး အချက်ပေးသံကိုကြားရသည်။

"ဟေ့ကောင် စိတ်ကူးတွေနောက်မှရင် အချက်ပေးသံကြားတယ်… သွားရအောင်"

အချက်ပေးသံကြောင့် နှစ်ယောက်သား သစ်ပင်ပေါ်ခုန်ကူးကာ အပြေးအလွှားခုန်ဆင်းလာခဲ့သည်။ ငပြည့်က အိတ်ကို လက်လှမ်းယူရင်း တခုခုကို သတိထားမိလိုက်သည်။ အိမ်၏ အမြင်တနေရာမှာ တပ်ဆင်ထားတဲ့ အရာတခုပဲဖြစ်သည်။ လူသံကြားလာသောကြောင့် သေချာကြည့်မနေတော့ပဲ ခြံဝန်းအတွင်းမှ လျင်မြန်စွာ ထွက်လာခဲ့ကြသည်။
"ဆရာ ပြန်လာပီလား…ဒီနေ့ ညဥ့်နက်တယ်နော်"
ခြံစောင့်ကိုမျိုးက မေးလိုက်သည်။

"အေး ဒီနေ့ နောက်ကျတယ်ကွာ...အလုပ်များနေလို့"

"ဆရာ ထမင်းစားတော့မလား…ကျနော်ပြင်လိုက်တော့မယ်"

"နေနေ…ငါ စားခဲ့ပီ"
ပင်ပန်းလာသောကြောင့် ဆိုဖာပေါ်တွင်…ဒေါက်တာမျိုးလှိုင် လဲလျောင်းလိုက်သည်။ တခုခုကိုစဉ်းစားရင်း နဖူးမှချွေးများ ကို သပ်ချလိုက်သည်။

"ဆေးကုမ္ပဏီပိုင်ရှင် ဦးရဲကျော်ပြောပုံက တမျိုးပဲ…ငါ စပ်သပ်ရှာဖွေနေတာတွေအကုန်သိထားပုံရတယ်။ သူ့ပုံ ကြည့်ရတာ ငါစမ်းသပ်ထားတဲ့ဆေးနည်းတွေကို အနုနည်းနဲ့ ဝယ်လို့ ရရင်ရ မရရင် ကြမ်းမယ့်ပုံပဲ။ အဲ့တာ ဒုက္ခပဲ "

"ဆရာ…သံပုရာရည်ရပီ"

"သြော်…အေးအေး"

သံပုရည်သောက်ပီး ခေါင်းနည်းနည်း ကြည်သွားပုံရသည်။ ထိုင်ရာက ထ၍ ဓာတ်ခွဲခန်းရှိရာသို့ ဖြေးဖြေးချင်း လျောက်သွားလိုသည်။ မီးခံသော့ ပက်စ်ဝက်ဒ်ကိုဖွင့်ပီးကြည့်လိုက်သည်။

"ဟာ……"
အာမေဋိတ်အသံနဲ့အတူ မျက်လုံးမျက်ဆံပြူးသွားတော့သည်။ ကွန်ပျုတာ ရှိရာသို့ ချက်ချင်းပဲပြေးလိုက်သည်။ CCTV camera မှတ်တမ်းအား စစ်ဆေးလိုက်သည်။
"ရစ်စမ်းးးရစ်စမ်းးး"
စိတ်လောလောဖြင့် ပါးစပ်မှ ရေရွတ်နေမိသည်။ သစ်ပင်ခြေရင်းမှာ လူတစ်ယောက် ဆေးလိပ်သောက်နေတာကို တွေ့လိုက်ရသည်။ မြင်ကွင်းကျုံ့ချဲ့၍ကြည့်လိုက်သည်။ ညရဲ့အမှောင်ရိပ်ခိုနေတဲ့ မျက်နှာကို သေချာမမြင်ရပေ။ သို့နှင့် ဒေါက်တာဖြိုးလှိုင် ခြံထဲသို့ပြေးဆင်းသွားသည်။

သစ်ပင်ခြေရင်မှ သောက်ပြီးတား ဆေးလိပ်တိုလေးမျှသာ တွေ့ရသည်။ ဒေါက်တာဖြိုးလှိုင် ခေါင်းချာချာလည်သွားသည်။ ဘာလုပ်ရမည်မသိအောင် ခေတ္တ ခဏ ငြိမ်သက်သွားသည်။

"ဟာ…သိပီ"

ဆေးလိပ်ကလေးကို လက်အိတ်လေးနဲ့ ကိုင်ကာ အိမ်ထဲပြန်ဝင်ခဲ့သည်။ ဓာတ်ခွဲခန်းအတွင်းသို့ ဝင်လိုက်သည်။ DNAစစ်ဖို့ ဆေးလိပ်အား မိုက်ခရိုစကုတ်အောက်တွင်ထားလိုက်သည်။ အွန်လိုင်းကနေ တဆင့်ရှာဖွေလိုက်၏။

ဖိုးပြည့်၏ ကိုယ်ရေးရာဇဝင် အချက်အလက်အပြည့်စုံပေါ်လို့လာသည်။ တဖန် CCTVထဲမှ မျက်နှာ ပုံသဏ္ဌန်နှင့် တိုက်ကြည့်သောအခါ အတူတူပင်ဖြစ်သည်။ ဒေါက်တာဖြိုးလှိုင် အနည်းငယ်ခေါင်းပေါ့သွားပြီး ထိုင်ခုံပေါ်သို့ လှန်ချလိုက်သည်။

"ကလိမ်…ကလိမ်…"

ဖုန်းသံကြားရသောကြောင့် ကိုဖြိုးလှိုင် လန့်နိုးလာတော့သည်။
" ဟလို "
"နောက်၅ရက်အတွင်း ဆေးသေတ္တာလိုချင်တယ်။ ပုံစံမကျရင် ဘယ်လိုနည်းနဲ့သေချင်လည်း စဉ်းစားထား"

ဦးရဲကျော်ပြောစကားကြောင့် တုန်လှုပ်သွားသည်။ ဘာလုပ်ရမလဲ စဉ်းစားရင်း……
ဆက်ပါဦးမည်

Author by Thant Zin Oo(magway)
MSC-184
https://img.esteem.ws/8j3dubsfa8.jpg

56 upvotes $0.85

Replies (32)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: