4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အစီအရင်

FB_IMG_1527923661792.jpg

လောကထဲမှာနေရင် တခါတရံ
လောကီအစီအရင်တွေ ပြုလုပ်ပြီး
ကာကွယ်လေ့ရှိကြပါတယ်

အဲဒီအခါ ဒါက ဘုရားမဟောခဲ့ဘူး
ဆိုပြီးလက်မခံသူတွေလည်း အများကြီး ရှိခဲ့ပါတယ်

မြန်မာနိုင်ငံမှာ ကပ်ဆိုက်တဲ့အချိန်
တုန်းက လယ်တီဆရာတော်ကြီးဟာ ထန်းရွက် ပေရွက်တွေ မှာ
ပထရမ ဆိုတဲ့ တကြောင်းစွဲအက္ခရာကို ရေးပြီး အိမ်တွေမှာချိတ်ဆွဲ
စေခဲ့တယ် အဲဒီအချိန်တွေဟာ
လူ့ လောက ထဲကို ပရလောက
သားတွ ဝင်ရောက်နှောင့်ယှက်လို့ 
ဆရတော်ကြီးဟာ လောကီအစီအရင် ကို အသုံးပြု ခဲ့တယ်

ဝေဘူ ဆရာတော်ကြီးလက်ထက်
ကလည်း ရွာတရွာမှာ ခလေးတွေ
အများကြီးသေလို့  ဆရာတော်ကြီးက ပထမဦးဆုံးသေလို့  မြေမြု တ်ထားတဲ့ခလေးကို ပြန်ဖေါ်ပြီး
မီးသဂြိုလ် လိုက်တဲ့ ပြီးတော့
မသေသေးတဲ့ ခလေးတွေရဲ့
လည်ပင်းမှာ တမာသား ကို
ကြေးစည်ပုံစံလေးတွေ လုပ်ပြီး
လည်ပင်းမှာ ချိတ်ပေးလိုက် လို့ 
ပြောခဲ့ပြီး ခလေးတွေရဲ့ အသက်ကို
ကယ်ခဲ့တယ်

စွန်းလွန်းဆရာတော်ကြီးဟာလည်း
သထုံနေမိန္ဒရတောင်မှာ
သိမ်သမုတ်တဲ့အခါ့ မနုဟာ မင်းသေပြီးနတ်ဘီလူးဖြစ်နေတဲ့ ပုဂ္ဂိုလ်ကြီး နှောင့်ယှက်လို့ 
တံခွန်တွေ ကုက္ကားတွေ ကိုင်ပြီး
အထက်နတ်မင်းကြီးတွေကို
တိုင်တည်ကာ မနုဟာ မင်းကို
မနှောင့်ယှက်ဖို့  အသုံးပြုခဲ့ဘူးတယ်

လယ်တီ ဝေဘူ စွန်းလွန်း ဆရာတော်ကြီးတွေဟာ အရိယာကြီးတွေပါ အဲဒီအရိယာ ကြီးတွေ ဘာ့ကြောင့် လောကီအစီအရင်
သုံးခဲ့လဲ .?

ဘုရားဟောမဟုတ်ပေမဲ့
လောကီထဲမှာနေတဲ့အခါ လောကီ
အစီအရင်တွေကို လိုအပ်ရင်
အသုံးပြု ကြပါတယ်

လူ့ လောကမှာ သီသ သမာဓိ ပညာ မဲ့သူတွေများလာရင် ကပ်ဘေး ဖြစ်ပေါ်တတ်တယ်
အဲဒီကပ်ဘေးဆိုက်တဲ့အခါ ပရလောက သားတွေ နှောင့်ယှက်တတ်တယ် အဲဒီအချိန်မှာ လောကီ
အစီအရင်ကို အသုံးပြုကြရပါတယ်

ဝေသာလီမှာ ကပ်ဘေးဆိုက်တော့
ဘုရားရှင်ကိုယ်တိုင် ပရိတ်ပဋ္ဌာန်း
တွေရွတ် ပရိတ်ရေတွေဖျန်းပြီး
ကပ်ဘေးကိုကယ်ခဲ့တယ်
ပြီးတော့ ဘီလူး ကို မြို့ကိုစောင့်ရှောက်ဖို့  ထားခဲ့ပြီး ပြည်သူတွေကို
ပသ ဖို့  ညွန်ကြားခဲ့ဘူးပါတယ်

ဗုဒ္ဓရဲ့ တရားတော်တွေက
အစွမ်းထက်ပေမဲ့
အကုသိုလ်ကြီးမားတဲ့လူတွေရဲ့
အကုသိုလ်ကို ကယ်ဖို့ အတွက်
သီလ သမာဓိ ပညာ ပြည့်ဝလှတဲ့
ဆရာတော်ကြီးတွေပဲ ကယ်နိုင်တာပါ သာမန် ရဟန်းတော်တွေ
ရွတ်ဖတ်တာလောက်နဲ့  မလုံလောက်ပါဘူး

လယ်တီဆရာတော်ကြီးလက်ထက်က တခြားရဟန်းတော်တွေ
ပရိတ်ပဋ္ဌာန်းတွေ ရွတ်ဖတ်ပေမဲ့
ဘုတ်ပြိတ္တာတွေ မပြေးလို့ 
ဆရာတော်ကြီးက မင်းတို့ အသား
ားးတဲ့ ပါးစပ်ကြီးတွေနဲရွ့တ်မှတော့
ဘာထူးမှာတုန်းလို့  မိန့် ကြားဘူးပါတယ်

မန္တလေး စစ်ကိုင်း မုံရွာတွေမှာ
လူတွေ အများကြီးသေကြတယ်
လယ်တီ ဆရာတော်ကြီး ကြွလာ
တော့မယ်ဆိုရင် ဘုတ်ပြိတ္တာတွေက လယ်တီဆရာတော်ကြွလာတော့မယ် ငါတို့ မနေရတော့ဘူး
ဆိုပြီး လူတွေကိုအိမ်မက်တွေပေးပြီး ထွက်ပြေးကြရတယ် တဲ့
( အပြည့်အစုံ ကို လယ်တီ ဒီပနီတွင် ဖတ်ရှု့ နိုင်ပါသည် )

တခုပဲ သတိထားရမှာပါ
လောကီအစီအရင်ကို လိုအပ်ရင်
သုံးလို့ ရပါတယ် ဒါပေမဲ့ သဒ္ဓါတရားအစစ်တော့ မပျက်စီးပါစေနဲ့ 
အသိဥာဏ်နည်းတဲ့ လောကလူသားတွေဟာ လောကီအစီအရင်ကို အလွန်အကျွန်သုံးစွဲပြီး တရားတော်တွေကို ဥပေက္ခာပြု တတ်ကြတယ် အဲဒါတော့ သတိထားပါ
တရားတော်တွေက အစွမ်းမထက်လို့ မဟုတ်ပါဘူး လူတွေရဲ့ သီလ
သမာဓိ ပညာ အားနည်းနေကြလို့ ပါ

ဆရာတော်ကြီးတွေဟာ
လိုအပ်လို့ သုံးပေမဲ့
အရေးမကြီးလို့ ဘာမှ ရှင်းမပြခဲ့ပါဘူး ဒါ့ကြောင် သုံးတော့ သုံးပါ
မစွဲ ပါစေနဲ့ 

လူမမယ်ခလေးသူငယ်တွေ မဒိန်းကျင့်တာမျိုး မိဘတွေကိုသတ်မျိုးတွေ လူတွေ အစုလိုက် အပြုံလိုက်သေတာမျိုးတွေ
လူ့ လောက မှာ ဖြစ်လာပြီဆိုရင်
အဲဒါ ကပ်ဘေးလက္ခဏာတွေပါပဲ

ဒါ့ကြောင့် လောကီလောကုတ်ပြည့်စုံတဲ့ ဆရာတော်ကြီးတွေက
လောကုတ်လည်း မယွင်းစေနဲ့ 
လောကီလည်း မဖျင်းစေနဲ့ ဆိုပြီး
ဆုံးမ သတိပေးခဲ့ပါတယ်

ဗုဒ္ဓဘာသာတွေမှာ
မြေဘုတ် ပြိတ္တာတွေ
လောကပါလ နတ်တွေ ရှိနေတယ်
ဆိုတာသတိထားကြပါ
မမြင်ရဘူး ဆိုပြီး ပါယ်ရင်တော့
ဆိုးကျိုးတွေ အများကြီး ဖြစ်ပေါ်
လာတတ်ပါတယ်

သီလ သမာဓိ ပညာ မဲ့လာရင်
လောကီပါ တွဲ ပြီး အသုံးပြု ကြပါ
သဒ္ဓါတရားအစစ်လည်းမပျက်စီး
ကြပါစေနဲ့  လို့ 
တိုက်တွန်းပါရစေ။
FB_IMG_1527923805873.jpg

1 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: