4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Monkey to Money

Monkeys to Money


ဈေးကွက်ကို သုံးသပ်တဲ့အခါမှာ ဂျပန်ရိုးရာ ပုံပြင်ထဲက မျောက်သုံးကောင် လို ကျင့်ကြံပါ

“See no evil” Monkey
=================
(မြင်နေတဲ့ မျက်လုံးများ ပိတ်ပစ်လိုက်)

Bullish ပဲဖြစ်ဖြစ် Bearish ပဲဖြစ်ဖြစ် Trend တစ်ခုကို တွေ့တဲ့အခါမှာ သူ့နောက်ကို မလိုက်ပါနဲ့…Buy and Sell လုပ်ဖို့သာ အခွင့်အလမ်း ရှာပါ
Bullishness (Yang) တက်အား နဲ့ Bearishness (Ying) ကျအားတို့ အမြဲတမ်း လည်ပတ်နေတာဖြစ်တယ်…Bull market ထဲမှာပင် Bear Market တွေရှိနေသလို Bear Market ထဲမှာလည်း Bull Market တွေရှိနေတတ်ပါတယ်…

ဈေးကွက်တစ်ခုမှာ ဆက်လက်ဖြစ်ပေါ်လာမဲ့ အနေအထားများထက် တန်ပြန်ဖြစ်ပေါ် လာမဲ့ ပုံစံတွေကို Japanese Candlesticks နည်းပညာတွေက ပိုပြီး ဖေါ်ပြနိုင်စွမ်း ရှိပါတယ်…

“Hear no evil” Monkey (နားမယောင်နဲ့)
=============================
တက်မယ်ဆိုတဲ့ သတင်းပဲဖြစ်ဖြစ် ကျမယ်ဆိုတဲ့ သတင်းပဲဖြစ်ဖြစ် ကြားရတဲ့အခါ Trade မလုပ်ပါနဲ့…
သတင်းထွက်ပေါ်လာတဲ့ အခါမှာ စောစောစီးစီး Trade လုပ်မဲ့အစား အဲဒီသတင်း အပေါ်မှာ ဈေးကွက်က ဘယ်လိုတုံ့ပြန်နိုင်သလဲဆိုတာကို လေ့လာဆုံးဖြတ်ပြီးမှ Position တစ်ခုကိုယူလိုက်ခြင်းက ပိုပြီး ဘေးကင်းနိုင်ပါတယ်..

ဈေးကွက်အတက်အကျဖြစ်နေရခြင်းရဲ့ တကယ့်အရေးပါတဲ့အချက်က အဲဒီသတင်း တွေ ၊ အဖြစ်အပျက်တွေကြောင့်မဟုတ်ပါဘူး…သူတို့အပေါ်မှာ တုံ့ပြန်လိုက်တဲ့ ဈေးကွက်ထဲက သူတွေကြောင့်သာလျင် ဖြစ်ပါတယ်…

၁၉၉၀ သြဂုတ်လ အစောပိုင်းမှာ အီရတ်စစ်ပွဲ စတင်ခဲ့ပါတယ်…အဲဒီအချိန်မှာ ကမ္ဘာ့ရွှေဈေးဟာ $425 မှာဖြစ်ပါတယ်..အဲဒီဈေးဟာ ၁၉၉၀ မှာတော့ အမြင့်ဆုံး ဈေးတန်းတစ်ခုပါ…ဒီတော့ အရှေ့အလယ်ပိုင်း စစ်ပွဲဖြစ်တော့ ကမ္ဘာ့ရွှေဈေး တက်သလား ကျသလား လေ့လာကြည့်ပါ..

ပင်လယ်ကွေ့ စစ်ပွဲဟာ ရွှေအတွက် Bullish News ဖြစ်မယ်ဆိုတဲ့ ထင်မြင်ချက် ပျက်သုဉ်းသွားပြီးနောက် ကမ္ဘာ့ရွှေဈေးဟာ မျှော်လင့်ထားသလို အတက်မကြမ်းခဲ့ပဲ တဖြည်းဖြည်း ပြန်လည် ကျဆင်းခဲ့တာ ၂လတာ အတွင်းမှာပဲ $360 နားထိ ကျဆင်း သွားပါတယ်…ဒါကြောင့် Bullish or Bearish News တွေကြားတိုင်း အလျင်စလို မဆုံးဖြတ်ပဲ ဈေးကွက်က သတင်းအပေါ် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ စောင့်ကြည့် သင့်ပါတယ်…တစ်ချို့သတင်းတွေဆိုရင် တမင်တကာဖြန့်ပြီး ဈေးကွက်ကို မာယာ တွေနဲ့ လှည်းစားတတ်ပါတယ်…ဒါကြောင့် ကောလဟာလ တွေကြောင့် ဖြစ်ပေါ်တတ်တဲ့ ဘူဖေးဈေးကွက်ကြီးမှာ တွေ့ကရာ ယူမစားကြပါနဲ့…

သတင်းဈေးကွက် သုံးသပ်ခြင်းနည်းပညာဟာ အင်မတန် ခက်ခဲနက်နဲပါတယ်…

ကောင်းကင်ဘုံက နတ်သားတွေ စကြာဝဠာရဲ့ ဆွဲအားတွေကြားမှာ ဘယ်လိုဘယ်ပုံ ဖြစ်တည် ရွေ့လျားနေတယ် ဆိုတာကို အဖြေရှာ ဖေါ်ထုတ်နိုင်ပေမဲ့…အရူးတစ်ယောက် ဘယ်ကိုရွေ့လျား သွားလာမလဲ ဆိုတာတော့ ကျွန်တော်လည်း မပြောနိုင်ပါဘူးလို့….ကမ္ဘာ့ဆွဲငင် နိယာမ ကိုဖေါ်ထုတ်ခဲ့သူ အိုင်စက် နယူတန် ကပြောခဲ့ပါတယ်…

“Speak no evil “ Monkey (သိပ်မပြောနဲ့)
=============================
ဈေးကွက်မှာ သင်ဘာတွေ ပြုလုပ်လိမ့်မလဲဆိုတာ အခြားသူတွေကို မပြောပါနဲ့…
သင်က သင့်ရဲ့ Analysis အရ Buy မယ်လို့ဆုံးဖြတ်ထားတာကို အခြားသူ တစ်ဦးကို သွားပြောလိုက်ပါတယ်…အဲဒီမှာ သူက သင်နဲ့ ဆန့်ကျင်ဘက် ပြန်ပြောလာပါလိမ့်မယ် ဘာကြောင့်လဲဆိုတော့ ဈေးကွက်ဆိုတာ ရှုထောင့်အမျိုးမျိုးနဲ့ ရှုမြင်သုံးသပ်နေတာကိုး အဲဒါနဲ့ Buy ဖို့ကို စဉ်းစားတွေဝေနေတုံးမှာပဲ ဈေးကွက်ဟာ အတက်ကို ဆက်လက် ချီတက်သွားပါတော့တယ်…

သင့်ထက် ဈေးကွက်ကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိတဲ့ သင်ယုံကြည်ရတဲ့ သူတစ်ယောက်ကိုတောင် သင့်ရဲ့ trading plan ကို မပြောတာ ကသင့်အတွက် အကောင်းဆုံးပါ…အရှုံးအမြတ်ထွက်တော့မှသာ သင်ကိုယ်တိုင် ပြန်လည် လေ့လာဆန်းစစ်ပါ…သင်ခန်းစာယူပါ..

ဒီတော့ နောက်ဆုံးပြောချင်တာက Forex Market ကိုသေချာနားလည်ချင်တယ်ဆိုရင် ဈေးကွက် ကိုထဲထဲဝင်ဝင် လေ့လာပါ..သင်ယူပါ…ဈေးကွက်ကို ပြန်မေးပါ ဘယ်လောက်ထိတောင် လေ့လာရမလဲ ဆိုရင် သင်ကိုယ်တိုင် ဈေးကွက်ကို မုန်းတီး လာနိုင်တဲ့အထိ လေ့လာကြည့်ပါ…ဒီလိုပြောလို့ တစ်မျိုး မထင်ပါနဲ့ FX Trader မှန်ရင် ဘယ်သူမှ ဒီဈေးကွက်ကို မကြည့်ချင် မမြင်ချင် မဖြစ်ပါဘူး…ဒါက စကားလုံး အရ ပြောလိုက်ရတာပါ…

အခု ရေးသားတင်ပြပေးထားတဲ့ အကြောင်းအရာတွေကို ပိုမိုသိရှိနားလည် နိုင်စေဖို့ အတွက် Candlesticks တွေက ပြောသာ စကားများကိုသာ နားထောင်တတ်အောင်၊ မြင်တတ်အောင် ကြည့်ဖို့ Candlesticks Techniques များကို သေချာစွာ လေ့လာကြည့်ကြပါလို့…တိုက်တွန်းလိုက်ပါတယ်…

Sources : Beyond the Candlesticks


7 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: