4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အခြေအနေကို သိမြင်တတ်ခြင်း

super_mario_odyssey_switch.jpg

Image source:https://www.vg247.com/2017/06/14/super-mario-odyssey-hands-on-a-clever-different-and-promisingly-weird-adventure/

အားလုံးပဲမင်္ဂလာပါရှင်..

လူတို့ရဲ့ နေ့စဉ်ရှင်သန်မှု ဘ၀တွေမှာ အခြေအနေကို သိတတ်မြင်တတ်ခြင်းကလည်း အောင်မြင်မှုကို ရောက်စေနိုင်တဲ့ အဓိကအချက်တွေထဲမှာပါဝင်ပါတယ်.

အရပ်စကားအားဖြင့် ပြောရရင်တော့ အရိပ်အကဲ မျက်နှာရိပ်မျက်နှာကဲ သိတယ်ပေါ့။
ဒီစာလေးကိုရေးရင်းသတိရသွားတာက ငယ်ငယ်က ကြည့်ဖူးတဲ့ တရုပ်ဇာတ်လမ်းတွဲလေးတခုပေါ့
အဲ့ထဲမှာ ဇာတ်လိုက်က စီးပွားရေးသမား၊ ငွေရဖို့ဘာမဆိုလုပ်တယ်။ အဲ့မှာ သူ့မိတ်ဆွေက စစ်သူကြီးတစ်ယောက်ပေါ့။
သူဟာ မကောင်းတဲ့ ဘုရင်နန်းဆက်ကို တော်လှန်ပြီး ထီးနန်းလုဖို့ ကြိုးစားနေတဲ့အခိုက်မှာ
လူသူလက်နက်ခဲယမ်းအတွက် ငွေတအားလိုအပ်နေချိန်ပေါ့။

အဲ့ချိန်မှာ ဇာတ်လိုက်နဲ့ သူ့ သူငယ်ချင်း စစ်သူကြီးတို့ဟာ စစ်သူကြီးရဲ့ အခန်းထဲမှာ စကားစမြည်ပြောဆိုနေစဉ်
စီးပွားရေးသမား ဖြစ်သူ ဇာတ်လိုက်က ငါတို့ အံစာတုံးခေါက်ရအောင် ငွေတတုံးစီလောင်းမယ် နိုင်တဲ့သူယူကြေးလို့ဆိုသတဲ့။
အဲ့မှာ စစ်သူကြီးကလည်း ကောင်းပြီလေ ငါ့မှာ လက်နက်ခဲယမ်းစုဆောင်းဖို့ ထားတဲ့ ငွေတုံးတွေရှိတယ်။ ဒါပေမဲ့ မလောက်ငှသေးဘူး
မင်းဆီကနိုင်ရင်တော့ ကောင်းမယ်ဆိုပြီး နှစ်ယောက်သား အံစာတုံးခေါက်လာလိုက်တာ အချိန်တွေကြာသွားတယ်တဲ့။

အဲ့မှာ နိုင်တခါ ရှုံးတလှည့်ဆိုပေမဲ့ စစ်သူကြီး ရှုံးတဲ့ အလှည့်ကသာ ပိုများနေသတဲ့။
နောက်ဆုံးမှာတော့ စစ်သူကြီးမှာ ရှိသမျှ ငွေတုံးအားလုံး ရှုံးသွားပြီး ဇာတ်လိုက်ရှေ့မှာတော့ စားပွဲနဲ့အပြည့် ငွေတုံးတွေ ပုံနေပါသတဲ့။
အဲ့ချိန်မှာ စစ်သူကြီးအဖို့ မရှိမဖြစ်လိုအပ်တဲ့ ငွေတုံးတွေအတွက် ကြံရာမရတဲ့အဆုံး ဇာတ်လိုက်ကို သတ်ပြီး ပြန်ယူဖို့သာ စိတ် ထဲက ဆုံးဖြတ်လိုက်ပါသတဲ့။ (ဟုတ်တယ်လေ သူက ထီးနန်းလုမဲ့သူဆိုတော့ သူ့အတွက် ဒီငွေတုံးတွေ က လက်နက်ခဲယမ်းနဲ့ စစ် အသုံးစရိတ်အတွက် မရှိမဖြစ်လိုအပ်မှာပေါ့။)

အဲ့အချိန် မှာ ချက်ချင်းပြောင်းလဲသွားတဲ့ စစ်သူကြီးရဲ့ မျက်နှာရိပ်မျက်နှာကဲ အခြေအနေကို ဇာတ်လိုက်က ရိပ်မိသွားပြီး စကားပြောလိုက်တာက ဒီလိုပါ
"သူငယ်ချင်း.... ငါက မင်းစိတ်ဖိစီးနေတာမို့ အာရုံပြောင်းအောင် အပျော်သဘော ကစားပေးတာပါ။ ဒီငွေတွေ ငါတကယ်မယူပါဘူး...
ဒါပေမဲ့ ငါ့အရင်းလေးဖြစ်တဲ့ ငွေတုံးနှစ်တုံးတော့ ပြန်ယူပါရစေ"
လို့ခွင့်တောင်းလိုက်သတဲ့။

အဲ့မှာ စစ်သူကြီးလည်း အံ့လဲ အံသြ ၀မ်းလည်းဝမ်းသာဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ဇာတ်လိုက်ကို ပြေးဖက်လိုက်သတဲ့ ။ မင်းက ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေပါပဲကွာ ။ ငါနန်းတက်ရင် မင်းကို မမေ့ပါဘူးလို့ နောင်တမျက်ရည်လေးနဲ့ ပြောသတဲ့။

ဒီစာကို လေ့လာကြည့်ရင် အရိပ်အကဲမသိပဲ နိုင်တဲ့ဇောနဲ့ ၀မ်းသာအားရ ငွေတုံးတွေ သိမ်းမိရင်တော့ အသက်သေတဲ့အထိ အန္တရာယ် ကျရောက်နိုင်တာကို တွေ့ရပါလိမ့်မယ်။ အခြေအနေ အချိန်အခါ ကို သိမြင်ပြီး ဖြတ်ထိုးဥာဏ်နဲ့ ဖြေရှင်းလိုက်တော့ ကိုယ့်အသက်လည်း မသေတဲ့အပြင် သူ့ရဲ့ ကျေးဇူးရှင်နေရာလည်း အလိုလိုရောက်သွားပါတော့တယ်လေ.

ဒါကြောင့် စာဖတ်သူပရိတ်သတ်များလည်း နေ့စဉ်ဘ၀တွေ မှာ အခြေအနေ အရိပ်အကဲ သိမြင်တတ်အောင် အထူးကြိုးစားပါ။ အခြေအနေ အချိန်အခါ ကြည့်တတ်ရင် အောင်မြင်မှု အခွင့်အရေးများကို အလိုလို သိလာမှာဖြစ်သလို ဆုံးရှုံးမှု ဘေး ဖြစ်လာနိုင်မှုတွေကိုလည်း ကြိုတင်သိကာ ရှောင်ရှားနိုင်မည်ဖြစ်ပါကြောင်း တင်ပြရင်း ဒီနေ့ အတွက် နားပါရစေရှင့်။

![CleverTykesWallpaper4-400x225.jpg](https://cdn.steemitimages.com/DQmeeD1JkjDNBr9F7TkRncdzU7N43ASUkBegHc55cyY9AMu/CleverTykesWallpaper4-400x225.jpg)
Image Credit: https://clevertykes.com/clever-tykes-books-amazon/

အားလုံးကိုခင်မင်လျက်
Original Creator,
@thazinmoe

254 upvotes $0.00

Replies (12)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: