4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

နားလည်ပေးပါ

ချစ်သူ
ငါ့ဘက်က မာနထောင်လွှား
စိမ်းကားနေတာ မဟုတ်ရပါ
ငါ့အချစ်တွေကို မင်းမမြင်တတ်လို့
ဖော်ကြူးမိတာပါ
ချစ်သူ
အင်အားကြီးတဲ့ မင်းအချစ်ကို
ငါ မြင်နေတယ်
ပူလောင်မှုတွေ ပယ်ချပေးပါ
သံသယတွေ ရင်မှာပိုက်တာ
မင်းအတွက်ကော
ငါ့အတွက်ပါ ဆုံးရှုံးမှုတွေ
ဖြစ်လာလိမ့်မယ်
တကယ်ဆို ငါတို့နှစ်ယောက်က
သိပ်ချစ်ကြတဲ့ ချစ်သူတွေပါ
ဖြတ်ဖို့ခက်တဲ့ သံယောဇဉ်ကို
ပြတ်တောက်ဖို့ရာ ရည်ရွယ်ချက်တွေ
မထားပါနဲ့လား
နားလည်မှုတွေ သန္ဓေတည်လို့
မလျော့သော အချစ်တွေကို
ပေးစွမ်းမှာပါ
ချစ်သူ

Writter @theinzawlin
MSC -128

20 upvotes $0.01

Replies (13)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: