4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဝေးဝေးရှောင်ပြီ

မိုးရွာလို့  နေပူလို့  ရာသီဥတုဆိုးရွားလို့  သူများတွေပိုစ့်တခုဖြစ်အောင် ရေးနေတဲ့အချိန်မှာ မရေးနိုင်သူက မတ်မတ်သက်ပါ ။ အယ်လယ့် မတ်မတ်သက်တဲ့ ။ g3 SL မတ်မတ်ကြည်စကား ယူသုံးလိုက်ပါတယ် ။

ဒါပေမယ့် steem ဈေးကြောင့် ကျမစုထားတဲ့ရတာလေးတွေ မတိုးဘဲလျော့ခဲ့ရတဲ့ အဖြစ်တခုတော့ ရေးတင်အုံးရမယ် ။ ဈေးအပြောင်းအလဲကြောင့်လျော့တာတင်မက မတ်မတ်သက်ညီမဖြစ်သူက ဘော့ရင်မြတ်တယ်ဆိုပြီး သင်ပေးခဲ့တဲ့ ဘော့ကြောင့် လျော့ကုန်တာ နှမြောတာပေါ့ ။

ပထမအစမှာ ပိုစ့် ၂ခုက ဘော့နဲ့မြတ်တဲ့အပြင် လက်ရှိrp ကလဲမြင့်လာတော့ သဘောကျမိသွားတာ ။ ဒုတိယမြောက်ပိုစ့် ထုတ်ခါနီး 7days ပြည့်ဘို့  နာရီပိုင်းအလိုမှာ စစချင်းဘော့လို့ ရထားတဲ့ပမာဏက 3sbd လျော့သွား ဘာကြောင့်လဲမေးတော့ ဈေးတွေကျနေလို့ တဲ့လေ ။

အခုလိုကျချိန်မှာ ထပ်ဘော့ရင်အတော်ဘဲ ရှုံးတဲ့ 3 sbd ပြန်ရပြီးမြတ်မှာတဲ့ ဆက်ဘော့ပါအားပေးတော့ ပြန်လိုချင်တဲ့စိတ်နဲ့ ဘော့မိလိုက်တာ ထပ်ဈေးကျလို့ အခုထုတ်ခါနီး ထပ်ရှုံးရပြန်တယ် ။ နှမြောလိုက်တာရှင် ။

ကိုယ့်မှာက ၂ပတ်ကို ၃ကြိမ်နဲ့ MSC promotion ကိုသာ ပိုစ့်ရေးပြီး ရသမျှလေးစုထားတာ ဘော့လုပ်မိလို့  ၂ပတ်စာပြုတ်ပြီ ။ ပုံမှန်သွားနေတာမှ အကောင်းသားလို့  တွေးမိရင်း ကိုယ့်လောဘကိုလဲ နောင်တရမိတယ် ။

လောဘကြီးမိလေသမျှ သူများဟာမရတဲ့အပြင် ကိုယ့်စုထားတာလေးပါ ကုန်သွားရတဲ့ အဖြစ်က မတ်မတ်သက်အတွက် နောက်ဆို မဘော့ရဲတော့တဲ့ အသိကို ပေးသွားတယ် ။ သင်ခန်းစာယူရင်း ဘော့တဲ့ application ကိုပါ ဖျက်ထည့်လိုက်တယ် ။ ဘာမှမဘော့ချင်တော့ဘူး ဝေးဝေးရှောင်ပါပြီရှင် ။

ကိုယ့်ဘာသာ ပုံမှန်ရေးပြီး ပုံမှန်လေး ရတာစုရင်း ဖြတ်လမ်းလိုက်ဖို့ လဲ ကြောက်သွားပါပြီ ။ နောင်တဆိုတာလည်း ကုန်ဘူးမှရတာကြောင့် နဲနဲလေးကုန်ပြီးရလိုက်တဲ့ နောင်တအတွက် ဘော့ကြီးကိုလဲ ကျေးဇူးတင်မိနေပါတယ် ။

MSC မိသားစုများ မင်္ဂလာပါ ။ ကြည့်သွား ကြည့်စား ကြည့်ဘော့နိုင်ကြပါစေ ။ အောင်မြင်ကြပါစေလို့ ဆုတောင်းရင်း မတ်မတ်သက်တော့ ဘော့ဆို ဝေးဝေးရှောင်ရင်း ကြောက်ပါပြီလို့  ။

2861801_S.png

crd org source

@thetlyar

MSC 027

80 upvotes $0.86

Replies (35)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: