Community post
feeling so sad
ဒီနေ့က ရုံးပိတ်ရက်လည်းဖြစ် ပရိုမိုးရှင်းတင်ရန်စာရေးရမယ့်ရက်လည်းဖြစ်တော့ ဟိုဟိုဒီဒီ လိုင်းဖွင့်ပြီး စာမရေးခင် ကြည့်ဖြစ် ဖတ်ဖြစ်ခဲ့ပါတယ် ။
ကျမဦးစားပေးကြည့်တတ်တာက ဟာသနဲ့သတင်းပါ ။ ပြီးရင် ကျမကဗျာလေးတွေဖတ်တယ် ။ သတင်းတခု ကျမဖတ်လိုက်ရတာ မပြည့်စုံပေမယ့် ရင်ထဲစို့ တက်သွားမိတယ် ။

ကျမမှာ မောင်လေးနဲ့ညီမလေးလဲရှိတော့ မဆီမဆိုင်တွေးမိပြီး အိပ်လို့ တောင်မရဘူး မျက်ရည်ပါကျရပါတယ် ။ ကျမဖတ်မိတာက နာရေးသတင်းတခုပါ ။
လူရယ်လို့ ဖြစ်လာမှတော့ မွေးဖွားလာထဲက သေဆုံးဘို့ အတွက်ဆိုတာ ကျမသိပေမယ့် ခုနာရေးသတင်းကို စိတ်မကောင်းဖြစ်မိတာအမှန်ပါ ။
သေဆုံးသွားသူက ဘာရောဂါနဲ့ဆုံးတယ်ဆိုတာမရေးသားထားပါဘူး ။ ကျမမောင်လေးအရွယ် မယ်သီလလေးတပါးပါ ။ သူ့ အမည်က မီးငယ်လေးလို့ ဖတ်ရပါတယ် ။ ဖတ်ရင်းနဲ့ ကျမမောင်လေးကို မြင်မိလာလေ မျက်ရည်ကျမိလေပါဘဲ ။

မယ်သီလပုံလေးထဲကအပြုံးကိုကြည့်ပြီး ဘယ်လောက်အေးချမ်းသလဲ ခံစားမိတယ် ။ အသက်ငယ်ရွယ်သေးပေမယ့် သေမင်းရဲ့ ကြီးငယ်မရွေး သူခေါ်ဆောင်ရင် လိုက်သွားရစမြဲပါဘဲ ။
ဘယ်ကမှန်းကိုယ်နဲ့ပေမယ့် မယ်သီလလေးကို စိတ်မကောင်းဝမ်းနည်းဖြစ်မိတဲ့ကျမ သူ့ မိဘတွေအတွက် စာနာမိတယ် ။ ဘယ်လောက်ပူဆွေးနေကြမလဲ ။
ကျမအပါအဝင် ကျမမိသားစုနဲ့အသက်ရှိသူအားလုံးဟာ သေဆုံးကြရမှာကို ကျမသိပါတယ် ။ မသေခင် ကျမတော့ ကျမမိသားစုကို ပိုပြီးချစ်ခင်ကြင်နာတော့မယ် ။ လုပ်ပေးနိုင်သမျှ ကျမလုပ်ပေးတော့မယ်လို့  မယ်သီလလေးရဲ့နာရေးကိုဖတ်မိပြီး စိတ်ကူးမိသွားတယ် ။ ကျမအရင်ကထက်ပိုပြီး မောင်လေးနဲ့ညီမလေးကို ဂရုစိုက်ပြုစုတော့မယ် ။

all photos are credit facebook post
ကျမဖတ်မိတဲ့မယ်သီလလေးနာရေးကို link copy ခဲ့လိုက်ပါတယ် ။ ဖတ်လိုကဖတ်ရှု့နိုင်ပါတယ် ။ ပုံကလည်း ကျမအဲ့ဒီကနေဘဲ # crd copy ပေးပြီး ထည့်လိုက်ပါတယ်ရှင် ။
https://m.facebook.com/groups/371346116562187?view=permalink&id=618825281814268
MSC မောင်နှမများ မင်္ဂလာပါရှင် ။ ကျမတို့ တတွေလည်း မသေခင် တွေ့ဆုံရတုန်းမှာ ကိုယ့်မိသားစု နဲ့ ကိုယ့်ပတ်ဝန်းကျင်မှစ၍ အားလုံး အားလုံးချစ်ချစ်ခင်ခင်နဲ့ နေကြပါစို့ နော် ။
@thetlyar
MSC 027
Replies (29)
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/
တော်ပါတော့ စောက်ရူးရယ်
စိတ်မကောင်းတာကတမျိုး သူကတမျိုး
ဒေါသထွက်လာပီ
အရူး robot ဟုပါ့ သက်ရယ်
ကျနော်လဲ မိတယ် 😁😁
စိတ်မကောင်းဖြစ်မိတယ်...😢
နေရချိန် ခနလေး ကိုယ်တန်ဖိုးထားရတဲ့သူတွေကို အချိန်ပေးရမယ်နော်😊
သူနဲ့ကိုမလွတ်ပါဘူးမမ kyi ရာ
သနားစရာလေးပါ
ဟုတ်တယ် sis အပြုံးလေးကဖြူစင်နေတော့ ပိုစိတ်မကောင်းဖြစ်မိတာ
ဟုတ်ကဲ့ပါ မမချစ်ချစ်
ထပ်ရေးဦးမယ် တခြားသူတွေမှာလည်းရေးခဲ့ပြီးပြီ cheetah မိမှခေတ်မှီမှာပါဆို
ဟုတ်ပါတယ် အသက်ရှင်နေတဲ့အချိန်လေးမှာ မိဘ ညီအစ်ကိုမောင်နှမ မိမိတန်ဖိုးထားရသောသူအားလုံး ပိုမိုဂရုစိုက်ပြီး ချစ်ျခစ်ခင်ခင် နေထိုင်သွားကြဖို့ သတိအမြဲထားကြရမှာပါ။
ဟုတ်ကဲ့
တစက္ကန့်တောင်မမြဲတဲ့ဒီခန္ဓာ ဘာမှမက်စရာမရှိဘူးလို့မှတ်ယူလိုက်ရင် ခံစားရမှု တဝက်လောက်သက်သာသွားမှာပါ။
ဟုတ်တယ်..အဲ့သတင်း စိတ်မကောင်းဘူး
ဆရာလေးက ငယ်ငယ်လေးရယ်ဗျာ စိတ်မကောင်းပါဘူးဗျ
စိတ်မကောင်းဘူး ဆရာလေးရယ်
စိတ်မကောင်းစရာပါ။
စိတ်မကောင်းဖြစ်မိပါတယ်
ကွေးသောလက် မဆန့်ခင် အချိန်လေးတွေပေါ့ဗျာ 😧😧
me too bro
ခေတ်မှီချင်ဘူးအကို ခ်ခ်
ဟုတ်တယ်
ဒါတော့ဒါပေါ့ ဒါမယ့်စိတ်ကဖြေတတ်မှ
me too
ဟုတ်တယ်ရှင့်
ငယ်ပြီးချစ်စရာလေး
သီလရှင်လေး သနားပါတယ်။ တွေ့ဆုံကြုံကွဲ ပါပဲလေ။
https://steemit.com/myanmar/@chitsone/saon-undefinedngkhyng
https://steemit.com/myanmar/@chitsone/alym-lyngyapng
မမသက်. ဘုတ် ဘုတ်😋😋
ဟိဟိ. TT ဆီး သွားအုးံမှ😋😋😋😋😋