Community post
မညည်းချင်တော့ပါ
မိုးဆက်တိုက်ရွာနေပြီး မုန်တိုင်းရှိတယ်ဆိုတဲ့သတင်းကို မြန်မာတပြည်လုံးက သိကြသလို မိုးကလဲ ရပ်လိုက်ရွာလိုက် အဆက်မပြတ်၅ရက်တိတိ ရွာထားတာဆိုတော့ ကျမအပါအဝင် အားလုံးက မိုးရွာလိုက်တာ ဘယ်လို ဘာညာဆိုပြီး ညည်းတွားကြပါတယ် ။

facebook အသုံးပြုသူများကလည်း facebook post တွေတင်ကြသလို steemit သုံးသူတွေကလည်း steemit post ရေးတင်ကြပါတယ် ။
ကျမနေတဲ့အရပ် မိုးရွာရေကြီးတာ ခြေထောက်ဗွက်စိုရုံလောက်ပါ ။ ဈေးဝယ်ထွက်လို့ ရတယ် ။ မနက်စာထွက်စားလို့ ရသလို မိုးထဲဖွင့်တဲ့ စားစရာဆိုင်တွေကလည်း အပြည့်ပါ ။ ပြောရမယ်ဆိုရင် ထီးနဲ့မိုးကာဝတ်ပြီး ခြေလျင်သွားလို့ ရနေတာပါ ။
တခြားမြို့တွေမှာ မိုးရွာလို့ ရေတွေကြီးပြီး လယ်တွေပျက်စီးကြတယ် ။ ဘုရားတွေပြိုကြတယ် ။ အိမ်တွေကားတွေရေထဲမျောပါတဲ့အထိ ဒုက္ခရောက်ကြပြီး အသက်တွေပါဆုံးရှုံးနေရတာ facebook မှာရော လူမှုကယ်ဆယ်ရေးအသင်းတွေကနေရော ဖတ်ရ ကြားရပါတယ် ။ video တွေလည်း တင်ထားကြလို့  ကျမကြည့်မိလိုက်ပါတယ် ။

အဲ့လိုတကယ်ကြီးနေတဲ့ဒဏ်ကို ခံနေရပြီး ကိုယ့်တိုင်းပြည်ထဲက မြို့ရွာတွေ လူတွေနဲ့တိရိစ္ဆာန်တွေ ဒုက္ခကြီးမားစွာ ခံနေရတာလောက် ကျမတို့ နေတဲ့ရပ်ကွက်နဲ့ လမ်းပေါ်မှာ ရေရှိနေတာရယ် သွားလာရ အနဲငယ်လောက်သာ ခက်တာကို သိလာပြီး ကျမအားနာလာတယ် ။ မိုးရွာလိုက်တာ ဘာညာ မညည်းငြူချင်တော့ဘူး ။
ညည်းနေမယ့်အစား သူတို့ တွေထက်စာရင် တို့ ကတော်ပါသေးတယ် ။ သူတို့ တွေဒုက္ခရောက်လိုက်ကြတာ အဆင်ပြေကြပါစေ ဘေးကင်းကြပါစေ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ ဆုတောင်းပေးနေမိပါတယ် ။

မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသောသူများ အားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေ ။ MSC မောင်နှများမင်္ဂလာပါရှင် ။
@thetlyar
MSC 027
Replies (24)
ရွာတယ်ဆို အစ်မရယ် ရပ်ကိုမရပ်ခဲ့ဘူး
ဟုပါ့ သက်ရေ...😊 မမတို့ဆီ ရွာတာ ဘာမ မဟုတ်ဘူး ကမ်းပါးပြို ရေကြီးတဲ့နေရာက လူတွေ ပို ဒုက္ခရောက်နေမှာနော့
Right
ပူအိုက်တဲ့ရာသီတုန်းကမိုးရွာတာဘဲလိုချင်ခဲ့တာ....ခုတော့ရပ်ကိုမရပ်တော့ဘူး...
ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဟုတ်ပါတယ် အဲဒီလိုလေးစဉ်းစားလိုက်ရင် ကောင်းတဲ့စိတ်လေးဖြစ်လာမှာပါ။အားလုံးလည်း ဒီလိုဘေးအန္တရာယ်တွေ ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးကြရမှာပါ။
ငတို့ဆီ ၁၅ ရက်ကျော် မနားဘဲကွယ်
မိုးရွာတာ ရေကြီးမှာ စိုးရိမ်မိတယ်ဗျာ
ရေးသားတွေအမှန်ဘဲ ကမ်းရိုးတန်းသမားတွေ သနားပါတယ်
မိုးတွင်းတိုင်းကြုံနေတဲ့ပြသနာတွေပါ
အဲဒီထဲကျွန်တော်တို့မပါအောင် လောဘ ဒေါသ မောဟတွေ နည်းနိုင်သမျှနည်းအောင် ကြိုစားကြရမှာပါဗျာ
ဟုဟု အယ်မ ညည်းချင်တာညယ်မတော့
ဟုတ်ပါတယ်ရှင်
အမြဲသတိထားနေရတဲ့နေရာတွေပေါ့ရှင်
မိုးရွားတိုင်းလိုလို တနေရာမဟုတ်တနေရာ မြန်မာပြည်မှာက ရေကြီး ရေကျော်နေတော့လည်း
မန်းလေးလာပေါ့ ရေထဲလမ်းလျှောက်
ဟုတ်ကဲ့ရှင့်
ဟုတ် ထပ်တူဆုတောင်းပေးပါတယ်ရှင့်
ဖတ်ရတာ စိတ်မကောင်းလို့ ပါမမရယ်
ဟုတ်မမ ဗိုက်ကြီးသယ်တွေမွေးရမလွယ်လို့  ရေကြီးနေတာဖြတ်မရတော့ ကလေးသေတာရောဖတ်လိုက်ရတယ်မမ စိတ်မကောင်းဘူး
ခုရပ်သွားလို့ တော်သေးတယ်ဆိုရမယ်
ကမနော် ဘာဖစ်နေလဲ
မိုးကို ချစ်သည် ဒါပေမယ့် မုန်းသည်
မိုးကိုချစ်တယ်😁😁
မိုး ကိုချစ်လိုက်တာလေ 😋😋
ဒါ့ပေါ့ဗျာ ကိုယ်ချင်းစာစိတ်ဆိုတာ 😊😊