4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အိပ်ယာဝင်ပုံပြင်

ဟိုးရှေးခေတ်ကတည်းက ခုချိန်ထိ မြန်မာ့ရိုးရာဓလေ့တွေထဲမှာ ညအိပ်ယာဝင်ပုံပြင်လေးတွေကတော့ ခုချိန်ထိ တစ်ချို့အရပ်ဒေသတွေမှာ ရှိတုန်းဘဲလို့ထင်မိပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆို ဖိုးဖိုးဖွားဖွားပြောပြတဲ့ ညအိပ်ယာဝင်ပုံပြင်တွေ နားထောင်ရတာအမောပေါ့။ သူတို့ပြောပြချင်အောင် သူတို့ခိုင်းသမျှ အသည်း အသန်းလုပ်ပေးရတာလဲ အမောပေါ့။ လွန်ခဲ့တဲ့နှစ် ၃၀ လောက်က ပုံပြင်တွေကို ကျွန်တော့စိတ်ထဲ ခုချိန်ထိ ရေးတေးတေး မှတ်မိနေတုန်းပါဘဲ။ ဘဘက ၅၅၀ နိပါတ်တွေဖတ်ဘူးလေတော့ ဘုရားဖြစ်စဉ် တော်တော်များများကို ကျွန်တော်ဟိုးငယ်စဉ်ကလေးဘဝကတည်းက သိပြီးသားဖြစ်နေပြီပေါ့။ နောက်ပိုင်း ရေဒီယိုက အသံလွှင့်တော့ ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓဝင်ပြဇတ်တွေ နားထောင်ခဲ့ရတာ အမောပေါ့ဗျာ။
20180303_134752.jpg

ဖိုးဖိုးဖွားဖွားတွေ မရှိကြတော့ ဖေဖေ မေမေ တော့ပုံပြင်တွေပြောပြကြတယ်။ အဲ့ဒီအချိန်ကျ ညအိပ်ယာဝင်ပုံပြင်မဟုတ်တော့ဘူးလေ။ သာတို့ရေ မကောင်းတာမလုပ်မိစေနဲ့ကွဲ့ ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ် ဒါကြောင့် ဟိုနေ့က တရားပွဲမှာ ဘယ်ဘုန်းကြီးကပြောတာပေါ့ အရင်ဘဝကဘာတွေလုပ်မိတော့ ဟော အခုဘဝမှဘာတွေဖြစ်ရတယ် ဘယ်လိုတွေကြုံလာရတယ် ဒါကြောင့် ဘာတွေမလုပ်မိစေနဲ့ကွဲ့ ဘယ်သူကတော့ဘယ်လိုစိတ်ရှိတယ် သူ့ကိုအပြစ်မမြင်နဲ့ကွဲ့ သူကအသိတရားနည်းလို့သားရဲ့။ သားတို့လဲ အဲလိုမဖြစ်အောင် အသိတရားရှိဖို့လိုတယ်ကွဲ့ ဘယ်ဘုန်းကြီးပြောသလိုပေါ့ကွယ် အစရှိသဖြင့်ပေါ့ဗျာ ဖေဖေ မေမေ တို့ရဲ့ ညအိပ်ယာဝင်မဟုတ်တဲ့ ပုံပြင်ဆန်ဆန် ဆိုဆုံးမစကားတွေဘဲပေါ့။

SMMNyanKgYone.jpg

ခုကျွန်တော်တို့ခေတ်ပြောပါတော့ဗျာ ကိုယ်နေရတာကလဲ အလုပ်နဲ့အဆင်ပြေရာဆိုတော့ ကိုယ့်မိဘတွေနဲ့ ဝေးတဲ့ အလုပ်ရှိရာပေါ့ ဟောခု ကိုယ့်ပြောရမယ့်အလှည့် ကိုယ့်သားလေးကို ညအိပ်ယာဝင်ပုံပြင်ပြောရဘီလေ။ ဒီတစ်ခါတော့ ကိုယ်ဘာပြောရမလဲပေါ့ သိတဲ့အတိုင်းဘဲလေ ခုခေတ်ကလေးတွေက ဟိုတုန်းကလို ဗုဒ္ဓဝင်တွေ နိပ္ပါတ်တော်တွေ စိတ်မဝင်စားဘူးဗျ။ ပုံပြင်ပြောခိုင်းကတည်းက "ဖေဖေ သားကို ပါဝါရိန်းကြားအနီကောင်ပုံပြင်ပြောပြ၊ မေမေ သားကို ဟိုလေ ငှက်ပြောသီးတွေကြိုက်တဲ့ မီနီယမ်ကောင်လေးတွေ ပုံပြင်ပြောပြ" အဲ့လိုလာတာဗျ ကိုယ်ကလဲ သိတဲ့တိုင်းဘဲ ပါးစပ်ထဲရှိရာ သူတို့နားထောင်ပြီးတာဘဲရမ်းသမ်းပြောရတော့တာပေါ့လေ။ ကိုယ်မှာလဲဘသူတို့ကြည့်တဲ့ Video တွေကိုသေချာမကြည့်ဘူးတော့ ရမ်းတုတ
ရတာပေါ့။ နောက်တော့ကျွန်တော်စဉ်းစားမိလာတယ် ဒီလိုအရည်မရ အဖတ်မရ ဇာတ်လမ်းတွေထဲကဟာတွေပြောမယ့်အစား ဗဟုသုတရစေမယ့် အရာတွေညှပ်ပြီးပြောရင်ဟန်ကျမှာဘဲ ဆိုပြီးတော့ ရုပ်ပုံလေးတွေပါတဲ့ ပုံပြင်စာအုပ်လေးတွေရှာဝယ်လာခဲ့တယ်လေ ပြီးတော့ သားသားရေ ဒီမှာကြည့်စမ်း ဒါကဆင်ကြီးမိုမိုလေ သားရဲ့မြင်လား ဒါက သမင်လေးပေါ့ ဒါကမြောက်လေးလေ အစရှိတာတွေနဲ့စည်းရုံးသိမ်းသွင်းရတာပေါ့။

images.jpg
ဟော ခုတော့ တဖြည်းဖြည်းနဲ့ညအိပ်ဝင်ခါနီး ဘုရားဝတ်တက်ပြီးရင် သားသားက သူ့ပုံပြင်စာအုပ်လေးကိုရှာပြီး အိပ်ယာပေါ်အဆင်သင့်ယူထားတတ်နေပြီပေါ့။ ဖေဖေ ဒီည ပုံပြင်လေးပုတ်ပြောပြရမယ်နော်။ ပြီးရင်သားသားကိုချော့သိပ်နော်။ ဒီလိုဖြစ်လာပြီ ကျွန်တော်ကလဲ တစ်ခါတစ်ရံစာအုပ်ထဲမပါတဲ့ဟာတွေထည့်ပြောရတာပေါ့ သားသားရေ ဖေဖေတို့မေမေတို့ပြောတာတွေနားထောင်ရမယ်နော် မြင်လား ဆင်လေးမိုမိုက သူ့ဖေဖေပြောတာနားမထောင်လို့ ကျားကြီူကကိုက်စားသွားတာမြင်လား ဟောဒါမျိုးလေးတွေထည့်ပြောရတာပေါ့။ သားရေသစ်ပင်ပေါ်မတက်ရဘူးလေ မြင်လားပုံပြင်ထဲက ကြောင်လေးက သစ်ပင်ပေါ်တက်တော့ ပြုတ်ကျတာလေ ပြီးတော့နာနာကြီးဖြစ်သွားတာလေ သိလား အစရှိတာတွေပေါ့ဗျာ ကိုယ်မလုပ်စေချင်တဲ့အရာတွေကို ပူံပြင်ထဲက ဇာတ်ကောင်တွေနေရာအစားထိုးပြီး သူနားလည်တဲ့စကားလုံးတွေသုံးပြီး သူလည်းနားလည်အောင် စိတ်ဝင်စားလာအောင် သူလည်းနောက်လိမ်မာရေးခြားရှိလာအောင် ကိုယ်ဖြစ်စေချင်တဲ့ပုံစံရောလာအောင် လှည့်ပါတ်ပြောရတော့တာပေါ့ဗျာ။ အဲ ကျွန်တော်တစ်ခုတော့စဉ်းစားမိတယ်ဗျ ကျွန်တော်ကိုယ့်သားကိုပြောသလိုများ ကျွန်တော့အဖိုးအဖွားတွေ အဖေအမေတွေက လုပ်ကြံပုံပြင်တွေများ ပြောခဲ့လေသလားလို့ပေါ့ဗျာ။

Steemit အဖွဲ့သားများရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့ရင် ကျေနပ်ပါပြီ ကျေးဇူးတင်စွာဖြင့်

Post Writer : Thet Naing Min (@thetnaingmin)
From Myanmar
Photo Credit Facebook & google & by me
MSC-129

56 upvotes $0.41

Replies (42)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: