4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အပျံသင်ခြင်း

မနက်ကအိပ်ယာကနိုးတော့ ဇနီးဖြစ်သူက အိမ်ရှေ့ခန်းမှာ စာကလေးပေါက်စသူ့အသိုက်ကနေ ကျနေကြောင်း သူမကိုင်ရဲ သဖြင့် တခုခုလုပ်ရန်ပြောလာပါသည်။ ကျွန်တော်တို့ခုအိမ်လေးက မျက်နှာကျက်မတပ်ရသေးတော့ အပေါ်မှာ စာသိုက်လေး နှစ်ခုရှိတာကို မြင်နေရတာပေါ့။ အိမ်ပြောင်းလာစဉ်က မြင်ပေမယ့် စာဥတွေ စာပေါက်စလေးတွေ မရှိလောက်ပါဘူးလို့ဘဲ ထင်ခဲ့တယ်။ မျက်နှာကျက်တပ်မှဘဲ စာသိုက်က အမှိုက်တွေ မကျတော့နိုင်ကြောင်း အိမ်ရှင်က ပြောထားလို့ သိနေတာပေါ့။ အဲဒီ စာသိုက်လေးထဲက တစ်ခုကနေ စာပေါက်စလေးတစ်ကောင် ပြုတ်ကျနေတာကိုး၊ ကျွန်တော်လည်း အိပ်ချင်မူးတူးနဲ့ စာလေးတော့ သေနေလောက်ပီ လှုပ်လည်းမလှုပ်တော့ဘူး ငါသွားပြစ်လိုက်အုန်းမယ်ဆိုပြီး အမှိုက်ကျုံးတဲ့ဂေါ်နဲ့ ယူလိုက်တော့ စာလေးကလှုပ်လာတယ် ဒါနဲ့ မိန်းမရေ စာလေးကမသေသေးဘူးဟ ဆိုပြီး သေချာကိုင်တွယ်ပြီးဘေးနားလေး ကပ်ထားလိုက်တယ်။

images (1).jpg

အဲ့လိုလုပ်နေတုန်းရှိသေး နောက်တစ်ကောင်ထပ်ပြုတ်ကျလာပါရော၊ ဟောဗျာ နောက်တစ်ကောင်ဟ ဆိုပြီး ဘာလုပ်ရမလဲစဉ်းစားရတာပေါ့။ အပေါ်ကအသိုက်ကလည်း အောက်ကို တဖြည်းဖြည်းလျောကျနေလေရဲ့။ ဒါနဲ့ကတ်ထူပုံးတစ်ခုကိုယူ ထုတ်တန်းပေါ်တက် စာသိုက်ကိုကတ်ထူပုံးထဲထည့်ပြီး အောက်ကိုချ၊ အောက်ရောက်တော့ နေအေးတဲ့ သစ်ပစ်ရိပ်အောက်က ၀န်းထရံထောင့်လေးပေါ် စာသိုက်လေးကိုဟန်မပျက်တင်၊ စာလေးနှစ်ကောင်ကို သေချာ ပြန်ထည့် ထားလိုက်တယ်။ စာမအေကြီးတော့ ရှာတွေ့ကောင်းပါရဲ့ဆိုပြီး သေချာထည့်ထားလိုက်တယ်။

images (2).jpg

စာလေးတွေက မနက်လင်းတာနဲ့ စပြီး အပျံသင်သင်ကြတာလေ သူ့မအေက တကျွီကျွီနဲ့ ရှေ့ကပျံပြ နောက်ကနေ စာလေးတွေက လိုက်ပျံကြတော့ အတောင်မစုံသေးတော့ ပြုတ်ကျ။ စာကလေးတွေအပျံသင်တာတွေ့တော့ ကျွန်တော်တို့ငယ်စဉ်က မိဘတွေကအပျံသင်ပေးခဲ့တာတွေ ပြန်သတိယလာမိတယ်။ အပျံသင်တယ်လို့ဘဲ ပြောကြပါစို့ပေါ့ဗျာ။ သားရေဒီလိုလုပ်ရတယ်ကွဲ့ သမီးရေ ဒါလေးကတော့ ဒီလိုလုပ်ရမှာကွဲ့ ၊ ဒီဟာတော့ ဒီလိုမလုပ်ရဘူး ဟိုဟာကတော့ ဒီလိုကွဲ့ အစရှိသဖြင့်ပေါ့ဗျာ လက်ဦးဆရာပီသစွာနဲ့ သင်ကြား ပဲ့ပြင်ပြီး အပျံသင်ပေးခဲ့ကြတာပေါ့။

images (3).jpg

တစ်ချို့က ပျံတတ်ပြီဆိုတော့ မိဘရင်ကိုစုံကန်ပြီးပျံသွားတတ်ကြတယ်၊ တစ်ချို့ကတော့ ပျံတတ်ပြီဆိုရင် မိဘအားကိုးရတဲ့ သူအနေနဲ့ ပျံသန်းတတ်ကြတယ်၊ တစ်ချို့ကတော့ အတောင်စုံလို့ပျံတတ်တော့ မိဘကို လှည့်တောင်မကြည့်ဘဲ ဒုက္ခတွေ့မှဘဲ မိဘအသိုက်ကို ဒုက္ခတွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြန်လာတတ်ကြပြန်ရော၊ မိဘဆိုတာကတော့ မိမိတို့ရင်ကဖြစ်တဲ့သားသမီးဆိုတော့ ဘယ်လိုအခြေအနေမျိုးဘဲဖြစ်ပစေ ကိုယ့်သားဟာကိုယ့်သားဘဲပေါ့ ကိုယ့်သမီးဟာကိုယ့်သမီးဘဲပေါ့၊ ကဲ မိမိတို့ကိုယ်တိုင်လည်း အပျံတတ်လို့ပျံတတ်ပြီဆိုရင်တော့ မိဘတွေမျှော်လင့်တဲ့ သားသမီးမျိုးလေးတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ။
Steemit အဖွဲ့သားများရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့ရင် ကျေနပ်ပါပြီ ကျေးဇူးတင်စွာဖြင့်
Post Writer : Thet Naing Min (@thetnaingmin)
From Myanmar
Photo Credit google
MSC-129

44 upvotes $0.62

Replies (34)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: