4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မရှိသင့်သော မထားသင့်သောအရာ

အားလုံးဘဲ မင်္ဂလာပါဗျာ ပီးခဲ့တဲ့အပတ်ကဘကျွန်တော်မန်မာန ဆိုတဲ့ဆောင်းပါးလေးရေးခဲ့တယ်ဗျ အဲ့လိုရေးပီး နောက်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် အလုပ်ထဲက ဝန်ထမ်းတစ်ယောက် ဆိုင်ကယ်အက်စီးဒင့်ဖြစ်ပြီး ဆုံးသွားပါတယ်။ အင်မတန်ဝမ်းနည်းဖွယ်ရာပါဘဲ။ သူကတော့အလုပ်ကိုလာရင်းနဲ့ လမ်းမှာ အရှိန်များပြီး ဆိုင်ကယ်တိမ်းမှောက်ရာကနေ ဆေးရုံကိုအချိန်မီရောက်သော်လည်း ကံကြမ္မာက သူ့ဖက်မပါလေတော့ ၄ ရက်အကြာမှာ မန္တလေးဆေးရုံမှာဆုံးသွားရှာတယ်။ အလုပ်ထဲလဲ ဒီအကြောင်းတွေဘဲပြောနေကြတယ်ပေါဗျာ ဝဟိုနေရာဒီနေရာလဲ ဒီအကြောင်းဘဲပေါ့ ။

FB_IMG_1519485084412.jpg

ကိုယ့်မျက်စိရှေ့တင် မမျှော်လင့်တဲ့ဖြစ်ရပ်နဲ့ လူ့ဘဝကြီးမှ အပြီးနှုတ်ဆက်သွားသူတွေအများကြီးရှိကြပါတယ်။ ဒါကတော့လူတိုင်းလူတိုင်း တွေ့ကြုံနေကြတာဘဲလေ။ လူတွေကကိုယ့်ကိုကိုယ်ငါမသေဘူးထင်ပြီး မာနတွေ မလိုမုန်းတီးတွေ မနာလိုတာတွေ ထားနေကြတယ်။

ငါကဘာကောင်ကွ ငါကဘယ်သူ့သားကွ ငါကဘယ်လိုကောင်ကွ ငါဘာတွေလုပ်နိုင်တယ် ငါဘာတွေသိတယ် ငါလုပ်ရင်ရတယ် ငါ့ကိုဘယ်သူမှမယှဉ်နိုင်ဘူး ငါလုပ်လို့ရတာ အဲဒါငါမိုီ့ကောင်ငါလုပ်လိုက်ရင်တော့နာတော့မယ် စတဲ့ ငါတွေ ငါတွေ ပြောမဆုံးအောင်ပါဘဲ အဲ့ဒီငါကမသေတော့ဘူးတဲ့လား အဲ့ဒီငါက အမြဲရှိနေမှာလား အဲဒီငါက ဘာမို့လဲ တကယ်တော့ လူတွေတော်တော်များများ သိသော်လည်း မသိချင်ယောင်ဆောင်နေကြတာပေါ့ မကြားချင်ယောင်ဆောင်နေကြတာပေါ့ဗျာ။ သေမယ့်စကားဆိုမပြောနဲ့သွား။ ဖွဟဲ့ လွဲပါစေဖယ်ပါစေ ဆိုတာလေးက ပါလိုက်သေး။ ပီးခဲ့တဲ့အပတ်က ကျွန်တော်ရေးတဲ့ ဆောင်ပါးကိုဖတ်ရုံနဲ့ဘဲ တစ်ချို့သဘောပေါက်ကြမှာဘါ။

FB_IMG_1519484837835.jpg

လူတွေက ကိုယ်နဲ့ရင်းနှီးတဲ့သူ အမြဲမြင်တွေ့နေတဲ့သူ ကိုယ့်မိသားစုအသိုင်းအဝိုင်း အစရှိတဲ့သူတွေသေရင်တာ အော်ဖြစ်မှဖြစ်ရလေ ဆိုပြီး သံဝေဂရကြတယ်။ အဲတစ်ပတ်ဆယ်ရက်လောက်နေရော အရင်လိုပြန်ဖြစ်သွားတယ်။ ခုဆိုဖေ့ဘုတ်တွေပေါ်လာတော့ သေတဲ့သူကိုတောင် အသုဘမေးရင်ဖေ့ဘုတ်ပေါ်ကနေ ပိုစ့်လေးတင်ပြီး သယ်ငယ်ချင်း RIP ကွာ ဘာဖြစ်ညာဖြစ်ဆိုတင်ကြတယ် လူကိုယ်တိုင်တော့ရောက်မရောက်တော့မသိဘူးပေါ့လေ။ ဒါတွေတကယ်တော့မဖြစ်သင့်ဘူးလို့ထင်တယ် ဖေ့ဘုတ်ပေါ်တင်ပြီး နောက်လေးငါးရက်ဆိုဟော အကုန်မေ့ကုန်ကြဘီလေ နောက်တစ်နှစ်ပြည့်လို့ Memory ပြန်တက်လာရင်တော့ အော်အဲ့တုန်ူက ဒီကောင်ဆုံးတုန်း ငါပို့တင်ထားတာဘဲ ဒီကောင်သေတာတောင် တစ်နှစ်ပြည့်ဘီဟဆိုပြီး ဒါလေးဘဲသတိယကြမှာ။

ဟော ဟိုတစ်လောကလားရှိုး ရိုးမဘဏ်တဲ့ ဗုံးကွဲတော့အမျိုးသမီး ၂ ယောက်သေတဲ့သတင်းလေးဖတ်လိုက်ရတယ်။ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးပေါ့ဗျာ။ သူတို့ဆို အလုပ်ကလဲသိမ်းခါနီးအချိန်ပေါ့ အိမ်ပြန်ရခါနီးပေါ့ဗျာ သူတို့ဘာတွေးနေမလဲ ငါ့အလုပ်ပီးဘီ ခနနေငါပြန်ရတော့မယ် အလုပ်ကဘာတွေလုပ်ပီးဘီ မနက်ဖြန်ဘာတွေလုပ်ရအုန်းမယ်။ အိမ်ရောက်ရင် ဘာတွေလုပ်ရမယ် အစရှိတာတွေဘဲစဉ်းစားနေမှာပေါ့ဗျာ ငါသေတော့မှာပါလား ဘုရားတရားလုပ်အုန်းမှလို့တော့ ဘယ်သူမှမစဉ်းစားဘူးလေ။ ကဲဥပမာတစ်ခုတွေးကြာ့်ရအောင်ဗျာ အဲ့ဒီ အမျိုးသမီးနှစ်ယောက်လုံးက ဘဏ်မန်နေဂျာတွေဆိုပါစို့ အရမ်းမာနကြီးတယ်လို့သဘောထားကြပါစို့ သူတို့အောက်က ဝန်ထမ်းတွေကို အမြဲဆူပူကြိမ်းမောင်းနေတယ်သဘောထားကြပါစို့ ကဲသူတို့သေမယ်ဆိုတာသိရင်သူတို့ အဲ့လိုနေကြပါ့မလား သူတို့သေမယ်ဆိုတာသိရင်သူတို့မန်မာနတွေ ထားကြပါအုန်းမလား သူတို့သေမယ်ဆိုတာကြိုသိရင် မောက်မာပြီးနေကြပါ့မလား နမူနာစဉ်းစားကြည့်တာနော်။ တကယ်မဟုတ်ဘူး။

FB_IMG_1519483603730.jpg

အဲ့ဒီတော့ မာနတွေ မောက်မာမှုတွေ မကျေနပ်တာတွေ မနာလိုသဝန်တိုတာတွေ အစရှိတာတွေကတရားနဲ့ကြည့်ရင် ဘယ်အရာမှ မမြဲသလို အကုန်လုံးဟာ အကုသိုလ်ကံတွေပါဘဲလားဆိုတာ သိမြင်နိုင်ကြပြီး မထားအပ်တဲ့ မန်မာနတွေမထားကြဖို့ တိုက်တွန်းပါရစေ။

Steemit အဖွဲ့သားများ အတွေးလေးတစ်ခုခုရရင်ကျေနပ်ပါပြီ ကျေးဇူးတင်စွာဖြင့်

Post Writer : Thet Naing Min (@thetnaingmin)
From Myanmar
Photo Credit Facebook
MSC-129

37 upvotes $0.91

Replies (50)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: